ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်၏ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း မြောက်ကိုရီးယားအသင်းကိုဂိုးပြတ်ရှုံးနိမ့်

 255

NP News - နိုဝင်ဘာ ၂၂

၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ​မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက မြောက်ကိုရီးယားအသင်းအား ၆ဂိုး-၁ဂိုးဆိုသည့်ရလဒ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

အဆိုပါပွဲစဉ်ကို ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)၊ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင် ဂိုး-ကျော်ဇင်ဖြိုး၊ ရဲမင်းသူ၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ ဆလမာန် နှင့် ဇော်ဝင်းသိန်းတို့ပါဝင်လာခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အဓိကကစားသမားများအစုံအလင်ပါဝင်လာခဲ့သော်လည်း မြောက်ကိုရီးယားအသင်း၏ ဖိအားပေးကစားမှုများကြောင့် ပထမပိုင်း၌ပင် ၃ဂိုးပြတ်ဖြင့်ရှုံးနိမ့်နေခဲ့သည်။

ထို့နောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း မြောက်ကိုရီးယားအသင်း၏ ကစားကွက်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ၃ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်း၏ ၇၇မိနစ်တွင် ဝင်းနိုင်ထွန်းမှ ခြေပဂိုးပြန်လည်သွင်းနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၆ဂိုး-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

zawgyi version
ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုပြဲစဥ္၏ ဒုတိယေျမာက္ပြဲတြင္ ျမန္မာအသင္း ေျမာက္ကိုရီးယားအသင္းကိုဂိုးျပတ္ရႈံးနိမ့္

NP News - ႏိုဝင္ဘာ ၂၂

၂၀၂၆ ကမာၻ႔ဖလား ဒုတိယအဆင့္ အုပ္စုပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ ​ျမန္မာအသင္းႏွင့္ ေျမာက္ကိုရီးယားအသင္းတို႔ပြဲစဥ္တြင္ ျမန္မာအသင္းက ေျမာက္ကိုရီးယားအသင္းအား ၆ဂိုး-၁ဂိုးဆိုသည့္ရလဒ္ျဖင့္ရႈံးနိမ့္ခဲ့သည္။

အဆိုပါပြဲစဥ္ကို ယမန္ေန႔(ႏိုဝင္ဘာလ ၂၁ ရက္)၊ ညေန ၄ နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေဘာလုံးကြင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းလူစာရင္းတြင္ ဂိုး-ေက်ာ္ဇင္ၿဖိဳး၊ ရဲမင္းသူ၊ စိုးမိုးေက်ာ္၊ ေက်ာ္မင္းဦး၊ ေနမိုးႏိုင္၊ ေအာင္သူ၊ ေမာင္ေမာင္လြင္၊ ဇြဲခန္႔မင္း၊ ဟိန္းေဇယ်ာလင္း၊ ဆလမာန္ ႏွင့္ ေဇာ္ဝင္းသိန္းတို႔ပါဝင္လာခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္အသင္းအေနျဖင့္ အဓိကကစားသမားမ်ားအစုံအလင္ပါဝင္လာခဲ့ေသာ္လည္း ေျမာက္ကိုရီးယားအသင္း၏ ဖိအားေပးကစားမႈမ်ားေၾကာင့္ ပထမပိုင္း၌ပင္ ၃ဂိုးျပတ္ျဖင့္ရႈံးနိမ့္ေနခဲ့သည္။

ထို႔ေနာက္ ဒုတိယပိုင္းဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္လည္း ေျမာက္ကိုရီးယားအသင္း၏ ကစားကြက္ကို ယွဥ္ၿပိဳင္ႏိုင္ျခင္းမရွိသျဖင့္ ၃ဂိုးထပ္မံခြင့္ျပဳခဲ့ရၿပီး ဒုတိယပိုင္း၏ ၇၇မိနစ္တြင္ ဝင္းႏိုင္ထြန္းမွ ေျခပဂိုးျပန္လည္သြင္းႏိုင္ခဲ့ေသာ္လည္း ပြဲၿပီးဆုံးခ်ိန္တြင္ ၆ဂိုး-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့သည္။

Related news

© 2021. All rights reserved.