(၃)နှစ်ကြာရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားဟုဆို

 1057

Pearl (NP News) - နိုဝင်ဘာ ၂၂

(၃)နှစ်ကြာရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပခဲ့ပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)၊ ညနေ (၄) နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စတင်ကျင်းပခဲ့သည်။

အဝေရာမီးပုံးပျံကွင်း၌ စတင်ကျင်းပသော မီးပုံးပျံပွဲတော်ဖွင့်ပွဲတွင် စိန်နားပန်မီးပုံးပျံနှစ်လုံး လွှတ်တင်ပေး၍ တိုင်းရင်းသားတိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၅၀၊ ကျောင်းသား၊ ကျောင်းသူများက မီးပုံးပျံအသေး ၃၀၀ နှင့် ပရိသတ်များက ကုမ္ပဏီ မီးပုံးပျံ အသေး အလုံး ၂၀၀၀ လွှတ်တင်၍ မီးရှူး၊ မီးပန်းပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖွင့်ပွဲနေ့၌ ပြည်တွင်း ခရီးသွားဧည့်သည်များ အများအပြား လာရောက်ခဲ့သည့်အပြင် နိုင်ငံခြား သားခရီးသွားဧည့်သည်များလည်း လာရောက်ခဲ့ကြောင်း သိရသည်။

"ပွဲလာကြည့်တဲ့လူတွေကလည်း အပြည့်ပါပဲ၊ နိုင်ငံခြားသားဧည့်သည်တွေ အနေနဲ့လည်း မနေ့ညမှာ တွေ့ရတယ်။ ခါတိုင်းဆို အဖိတ်၊ လပြည့်နေ့တွေမှ တွေ့ရတာ ခုဆို ဖွင့်ပွဲနေ့မှာတင် လာကြတယ်။ ဓာတ်ပုံရိုက်တဲ့ အသင်းအဖွဲ့တွေ များတာကိုလည်း တွေ့ရတယ်။ ခရီးသွားဧည့်သည် ဝင်ရောက်မှုက (၁၀၀)ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် အရင်လောက်တော့ မရှိဘူး။ ဒါပေမယ့် (၇၅၊ ၈၀) ရာခိုင်နှုန်းလောက်တော့ ရှိနေပါတယ်"ဟု ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့အတွင်း၌ ညမထွက်ရ အမိန့်အား ယာယီပယ်ဖျက်ထားသည့်အတွက် မြို့အတွင်း၌ အချိန်အကန့်အသတ်မရှိ သွားလာနိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ မီးပုံးပျံပွဲကို (၃)နှစ်ကြာ ရပ်နားထားခဲ့ရပြီး ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ (၇)ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
(၃)ႏွစ္ၾကာရပ္နားခဲ့ရသည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ ျပန္လည္က်င္းပ၊ ခရီးသြားဧည့္သည္ဝင္ေရာက္မႈ မ်ားျပားဟုဆို
Pearl (NP News) - ႏိုဝင္ဘာ ၂၂

(၃)ႏွစ္ၾကာရပ္နားခဲ့ရသည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ ျပန္လည္က်င္းပခဲ့ၿပီး ခရီးသြားဧည့္သည္ဝင္ေရာက္မႈ မ်ားျပားခဲ့ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းထံမွ သိရသည္။

ေတာင္ႀကီးၿမိဳ႕တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ဖြင့္ပြဲ အခမ္းအနားကို ယမန္ေန႔ (ႏိုဝင္ဘာလ ၂၁ ရက္)၊ ညေန (၄) နာရီခြဲတြင္ ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပုံးပ်ံကြင္း၌ စတင္က်င္းပခဲ့သည္။

အေဝရာမီးပုံးပ်ံကြင္း၌ စတင္က်င္းပေသာ မီးပုံးပ်ံပြဲေတာ္ဖြင့္ပြဲတြင္ စိန္နားပန္မီးပုံးပ်ံႏွစ္လုံး လႊတ္တင္ေပး၍ တိုင္းရင္းသားတိုင္းရင္းသူမ်ားက မီးပုံးပ်ံအလတ္ အလုံး ၅၀၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက မီးပုံးပ်ံအေသး ၃၀၀ ႏွင့္ ပရိသတ္မ်ားက ကုမၸဏီ မီးပုံးပ်ံ အေသး အလုံး ၂၀၀၀ လႊတ္တင္၍ မီးရႉး၊ မီးပန္းပစ္ေဖာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဖြင့္ပြဲေန႔၌ ျပည္တြင္း ခရီးသြားဧည့္သည္မ်ား အမ်ားအျပား လာေရာက္ခဲ့သည့္အျပင္ ႏိုင္ငံျခား သားခရီးသြားဧည့္သည္မ်ားလည္း လာေရာက္ခဲ့ေၾကာင္း သိရသည္။

"ပြဲလာၾကည့္တဲ့လူေတြကလည္း အျပည့္ပါပဲ၊ ႏိုင္ငံျခားသားဧည့္သည္ေတြ အေနနဲ႔လည္း မေန႔ညမွာ ေတြ႕ရတယ္။ ခါတိုင္းဆို အဖိတ္၊ လျပည့္ေန႔ေတြမွ ေတြ႕ရတာ ခုဆို ဖြင့္ပြဲေန႔မွာတင္ လာၾကတယ္။ ဓာတ္ပုံ႐ိုက္တဲ့ အသင္းအဖြဲ႕ေတြ မ်ားတာကိုလည္း ေတြ႕ရတယ္။ ခရီးသြားဧည့္သည္ ဝင္ေရာက္မႈက (၁၀၀)ရာခိုင္ႏႈန္းနဲ႔ တြက္မယ္ဆိုရင္ အရင္ေလာက္ေတာ့ မရွိဘူး။ ဒါေပမယ့္ (၇၅၊ ၈၀) ရာခိုင္ႏႈန္းေလာက္ေတာ့ ရွိေနပါတယ္"ဟု ရွမ္းျပည္နယ္ေတာင္ပိုင္း႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ေတာင္ႀကီးၿမိဳ႕အတြင္း၌ ညမထြက္ရ အမိန႔္အား ယာယီပယ္ဖ်က္ထားသည့္အတြက္ ၿမိဳ႕အတြင္း၌ အခ်ိန္အကန႔္အသတ္မရွိ သြားလာႏိုင္ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္မွစ၍ မီးပုံးပ်ံပြဲကို (၃)ႏွစ္ၾကာ ရပ္နားထားခဲ့ရၿပီး ယခုႏွစ္ တန္ေဆာင္တိုင္ပြဲေတာ္ကို ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ (၂၁) ရက္မွ (၂၇) ရက္အထိ (၇)ရက္တိုင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

© 2021. All rights reserved.