အရပ် ၆ ပေရှိတဲ့ နွားသိုးကြီးတွမ်မီ ကမ္ဘာ့အကြီးဆုံးနွားကြီးအဖြစ် စံချိန်တင်

687
ရောင်နီ (NP News) - နိုဝင်ဘာ ၂၃
အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်မှ အရပ် ၆ ပေ ၁ လက်မရှိ နွားသိုးကြီး တွမ်မီဟာ ကမ္ဘာ့အကြီးအဆုံး၊ အရပ် အရှည်ဆုံးနွားကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ရိုက်ချိုးခဲ့ပါတယ်။
ပိုင်ရှင်တွေကတော့ ဖရက်ဘလ်ဝမ်ဒါနဲ့ လော်ရီတို့ဖြစ်ပြီး နွားကြီးရဲ့အသက်ကတော့ ၁၃ နှစ်ပါ။ နွားကြီးကို နို့စားမွေးမြူရေးခြံတစ်ခုမှာ လေလံတင်ရောင်းချရာမှ ဝယ်ယူကာ ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဖရက်ဘလ်ဝမ်ဒါနဲ့ လော်ရီတို့ သားအဖဟာ ၎င်းတို့လက်ထဲ တွမ်မီ ဧရာမကြီးဖြစ်လာတာကို မယုံနိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တွမ်မီဟာ စပါးခြောက် ၁၃ ကီလိုဂရမ်၊ မြက်ခြောက် ၃၄ ကီလိုဂရမ်နဲ့ တစ်နေ့ကို ရေ ၁၅ဝ လီတာကျော်ကို စားသုံး ပါတယ်။ သူက ပန်းသီးကိုလည်းကြိုက်ပေမယ့် သူ့အကြိုက်ဆုံး သရေစာကတော့ သစ်ကြံပိုးခေါက်လို့ သိရပါတယ်။
တွမ်မီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တွမ်မီရဲ့ အလေးချိန် ကတော့ ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပါဘူး။
Zawgyi Version;
အရပ္ ၆ ေပရွိတဲ့ ႏြားသိုးႀကီးတြမ္မီ ကမာၻ႔အႀကီးဆုံးႏြားႀကီးအျဖစ္ စံခ်ိန္တင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၃
အေမရိကန္ႏိုင္ငံ၊ မက္ဆာခ်ဴးဆက္မွ အရပ္ ၆ ေပ ၁ လက္မရွိ ႏြားသိုးႀကီး တြမ္မီဟာ ကမာၻ႔အႀကီးအဆုံး၊ အရပ္ အရွည္ဆုံးႏြားႀကီးအျဖစ္ ဂင္းနစ္ကမာၻ႔စံခ်ိန္ကို ႐ိုက္ခ်ိဳးခဲ့ပါတယ္။
ပိုင္ရွင္ေတြကေတာ့ ဖရက္ဘလ္ဝမ္ဒါနဲ႔ ေလာ္ရီတို႔ျဖစ္ၿပီး ႏြားႀကီးရဲ႕အသက္ကေတာ့ ၁၃ ႏွစ္ပါ။ ႏြားႀကီးကို ႏို႔စားေမြးျမဴေရးၿခံတစ္ခုမွာ ေလလံတင္ေရာင္းခ်ရာမွ ဝယ္ယူကာ ကယ္ထုတ္ခဲ့တာျဖစ္ပါတယ္။ ဖရက္ဘလ္ဝမ္ဒါနဲ႔ ေလာ္ရီတို႔ သားအဖဟာ ၎တို႔လက္ထဲ တြမ္မီ ဧရာမႀကီးျဖစ္လာတာကို မယုံႏိုင္ျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
တြမ္မီဟာ စပါးေျခာက္ ၁၃ ကီလိုဂရမ္၊ ျမက္ေျခာက္ ၃၄ ကီလိုဂရမ္နဲ႔ တစ္ေန႔ကို ေရ ၁၅ဝ လီတာေက်ာ္ကို စားသုံး ပါတယ္။ သူက ပန္းသီးကိုလည္းႀကိဳက္ေပမယ့္ သူ႔အႀကိဳက္ဆုံး သေရစာကေတာ့ သစ္ႀကံပိုးေခါက္လို႔ သိရပါတယ္။
တြမ္မီဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၄ ရက္က ဂင္းနစ္မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ တြမ္မီရဲ႕ အေလးခ်ိန္ကေတာ့ ဘယ္ေလာက္ရွိမယ္ဆိုတာ မသိရေသးပါဘူး။