နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် မြိုတိုင်းရင်းသားပါတီ၏ တောင်းဆိုမှုကို UEC ခွင့်ပြု

605
Pearl (NP News) - နိုဝင်ဘာ ၂၃
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် မြိုတိုင်းရင်းသားပါတီ၏ တောင်းဆိုမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့ (နို၀င်ဘာလ ၂၂ ရက်)တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြိုတိုင်းရင်းသားပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ UEC ထံတင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ တင်ပြခြင်းနှင့်ပတ်သက်၍ နို၀င်ဘာလ(၂၂)ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက် သိမ်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားသည့် မြိုတိုင်းရင်းသား ပါတီအား နိုဝင်ဘာလ (၂၂)ရက်မှစတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်တွင်လည်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်ခွင့်ပြုပြီးနောက် ရက်ပေါင်း(၉၀)အတွင်း ပါတီဝင်ဦးရေ(၁၀၀၀)ပြည့်မီရန် စည်းရုံးနိုင်ခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း UEC က ကြေညာထားသည်။
zawgyi version
ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းကို ဖ်က္သိမ္းေပးရန္ ၿမိဳတိုင္းရင္းသားပါတီ၏ ေတာင္းဆိုမႈကို UEC ခြင့္ျပဳ
Pearl (NP News) - ႏိုဝင္ဘာ ၂၃
ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းကို ဖ်က္သိမ္းေပးရန္ ၿမိဳတိုင္းရင္းသားပါတီ၏ ေတာင္းဆိုမႈကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ယမန္ေန႔ (ႏို၀င္ဘာလ ၂၂ ရက္)တြင္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ၿမိဳတိုင္းရင္းသားပါတီသည္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းကို ဖ်က္သိမ္းေပးရန္ ပါတီဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးဆုံးျဖတ္ခ်က္ႏွင့္အတူ UEC ထံတင္ျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔သို႔ တင္ျပျခင္းႏွင့္ပတ္သက္၍ ႏို၀င္ဘာလ(၂၂)ရက္တြင္ က်င္းပေသာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး၏ ဆုံးျဖတ္ခ်က္အရ ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၁၉ ပုဒ္မခြဲ(က)ႏွင့္အညီ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းမွ ပယ္ဖ်က္၍ ပါတီအား ဖ်က္ သိမ္းရန္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ႏိုင္ငံေရးပါတီ အျဖစ္ မွတ္ပုံတင္ထားသည့္ ၿမိဳတိုင္းရင္းသား ပါတီအား ႏိုဝင္ဘာလ (၂၂)ရက္မွစတင္၍ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္းကို ပယ္ဖ်က္၍ ပါတီအား ဖ်က္သိမ္းလိုက္ေၾကာင္း ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၂၀)ရက္တြင္လည္း ရွမ္းျပည္ကိုးကန႔္ဒီမိုကရက္တစ္ပါတီအား မွတ္ပုံတင္ခြင့္ျပဳၿပီးေနာက္ ရက္ေပါင္း(၉၀)အတြင္း ပါတီဝင္ဦးေရ(၁၀၀၀)ျပည့္မီရန္ စည္း႐ုံးႏိုင္ျခင္းမရွိသျဖင့္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခြင့္ျပဳထားျခင္းကို ပယ္ဖ်က္၍ ပါတီအား ဖ်က္သိမ္းလိုက္ေၾကာင္း UEC က ေၾကညာထားသည္။