မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လာအိုနိုင်ငံအပါအဝင် ပုဂ္ဂလိက ကဏ္ဍတို့မှ အလှူငွေများ လှူဒါန်း

531
စော (NP News) - နိုဝင်ဘာ ၂၃
မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လာအိုနိုင်ငံအပါအဝင် ကိုရီးယားရှိ ကုမ္ပဏီတစ်ခု နှင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့(နိုဝင်ဘာလ ၂၃ရက်) ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့လှူဒါန်းရာ၌ နိုဝင်ဘာလ (၂၁)ရက်က ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် လာအိုနိုင်ငံက အမေရိကန်ဒေါ်လာ (၅၀,၀၀၀) နှင့် ဆိုးလ်မြို့၊ မြန်မာသံရုံးမှတစ်ဆင့် ကိုရီးယားနိုင်ငံရှိ Electronic Telecommunication Research Institute (ETRI)က ကိုရီးယားဝမ် (၁)သန်းတို့အား လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စင်ကာပူမြို့၊ မြန်မာသံရုံးမှတစ်ဆင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက စင်ကာပူဒေါ်လာ (၆၀၀)ကိုလည်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို နိုဝင်ဘာလ(၂၁)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးလွင်ဦးက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သော မေလတွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည် နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေသည် မြန်မာငွေကျပ်( ၃၃ ဒသမ ၂၆၄ )ဘီလျံ နှင့် အမေရိကန်ဒေါ်လာ (၈)သိန်းခွဲနီးပါးဖြစ်ပြီး မိုခါအရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ် (၆၈ ဒသမ ၇၄၃) ဘီလျံ သုံးစွဲခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

zawgyi version
မိုခါမုန္တိုင္းေဘးသင့္ေဒသမ်ားတြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ လာအိုႏိုင္ငံအပါအဝင္ ပုဂၢလိက က႑တို႔မွ အလႉေငြမ်ား လႉဒါန္း
ေစာ (NP News) - ႏိုဝင္ဘာ ၂၃
မိုခါမုန္တိုင္းေဘးသင့္ေဒသမ်ားတြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ လာအိုႏိုင္ငံအပါအဝင္ ကိုရီးယားရွိ ကုမၸဏီတစ္ခု ႏွင့္ စင္ကာပူေရာက္ ျမန္မာႏိုင္ငံသားမ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ယေန႔(ႏိုဝင္ဘာလ ၂၃ရက္) ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔သို႔လႉဒါန္းရာ၌ ႏိုဝင္ဘာလ (၂၁)ရက္က ဗီယင္က်န္းၿမိဳ႕၊ ျမန္မာသံ႐ုံးမွတစ္ဆင့္ လာအိုႏိုင္ငံက အေမရိကန္ေဒၚလာ (၅၀,၀၀၀) ႏွင့္ ဆိုးလ္ၿမိဳ႕၊ ျမန္မာသံ႐ုံးမွတစ္ဆင့္ ကိုရီးယားႏိုင္ငံရွိ Electronic Telecommunication Research Institute (ETRI)က ကိုရီးယားဝမ္ (၁)သန္းတို႔အား လက္ခံရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စင္ကာပူၿမိဳ႕၊ ျမန္မာသံ႐ုံးမွတစ္ဆင့္ စင္ကာပူႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားက စင္ကာပူေဒၚလာ (၆၀၀)ကိုလည္း လႉဒါန္းခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါလႉဒါန္းေငြမ်ားကို ႏိုဝင္ဘာလ(၂၁)ရက္တြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းထံသို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးလြင္ဦးက လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၌ ၿပီးခဲ့ေသာ ေမလတြင္ ဆိုင္ကလုန္းမုန္တိုင္းမိုခါ ဝင္ေရာက္တိုက္ခတ္မႈေၾကာင့္ ရခိုင္ျပည္ နယ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ပ်က္စီးဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
မိုခါမုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ ျပည္တြင္း/ျပည္ပအလႉရွင္မ်ား၏ လႉဒါန္းေငြသည္ ျမန္မာေငြက်ပ္( ၃၃ ဒသမ ၂၆၄ )ဘီလ်ံ ႏွင့္ အေမရိကန္ေဒၚလာ (၈)သိန္းခြဲနီးပါးျဖစ္ၿပီး မိုခါအေရးေပၚတုံ႔ျပန္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ေငြက်ပ္ (၆၈ ဒသမ ၇၄၃) ဘီလ်ံ သုံးစြဲခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။