ဘုရားသုံးဆူမြို့၌ ဗိုလ်မှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

 3041

NP News - နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဗိုလ်မှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂၃ ရက်)၊ နံနက် (၉)နာရီအချိန်ခန့်တွင် ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက NP News ကိုပြောသည်။

ခလရ(၉၇) ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးအေးချမ်းသည် အလှပြင်ဆိုင်အတွင်းရှိနေစဥ်အချိန် ပစ်ခတ်ခံရကာ ဦးခေါင်းကျည်ထိမှန်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အဲဒီဒုတပ်ရင်းမှူးက ဘုရားသုံးဆူမှာလာထိုင်တာပေါ့။ ဆိုင်ထဲမှာပဲဖြစ်သွားတာ ခေါင်းကိုတစ်ချက်ထိပြီး နေရာမှာပဲဆုံးသွားတယ်။ အဲဒီဆိုင်ကိုလည်း အမြဲသွားနေကြလို့ကြားတယ်”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက NP News ကို ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော ခလရ(၉၇)တပ်မှ ဒုတပ်ရင်းမှူး အေးချမ်းအား မိမိတို့ တော်လှန်ရေးအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသွားခဲ့ပြီဖြစ်ကြောင်း Red Dragon Column နဂါးနီ စစ်ကြောင်းက ယနေ့ (နိုဝင် ဘာလ ၂၄ ရက်)တွင် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သောကာလများအတွင်း အဆိုပါအလှပြင်ဆိုင်၌ နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ အဖွဲ့ဝင်တစ်ဦးလည်း လုပ်ကြံခံခဲ့ရဖူးကြောင်း မြို့ခံများ၏ပြောကြားချက်အရ သိရသည်။

zawgyi version
ဘုရားသုံးဆူၿမိဳ႕၌ ဗိုလ္မႉးတစ္ဦး ပစ္ခတ္သတ္ျဖတ္ခံရ
NP News - ႏိုဝင္ဘာ ၂၄

ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕၌ ဗိုလ္မႉးတစ္ဦး ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာလ ၂၃ ရက္)၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ ဘုရားသုံးဆူၿမိဳ႕ရွိ အလွျပင္ဆိုင္တစ္ခု၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဘုရားသုံးဆူၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ခလရ(၉၇) ဒုတပ္ရင္းမႉးျဖစ္သူ ဗိုလ္မႉးေအးခ်မ္းသည္ အလွျပင္ဆိုင္အတြင္းရွိေနစဥ္အခ်ိန္ ပစ္ခတ္ခံရကာ ဦးေခါင္းက်ည္ထိမွန္ၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အဲဒီဒုတပ္ရင္းမႉးက ဘုရားသုံးဆူမွာလာထိုင္တာေပါ့။ ဆိုင္ထဲမွာပဲျဖစ္သြားတာ ေခါင္းကိုတစ္ခ်က္ထိၿပီး ေနရာမွာပဲဆုံးသြားတယ္။ အဲဒီဆိုင္ကိုလည္း အၿမဲသြားေနၾကလို႔ၾကားတယ္”ဟု ဘုရားသုံးဆူၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕ရွိ အလွျပင္ဆိုင္တစ္ခုအတြင္း ေရာက္ရွိေနေသာ ခလရ(၉၇)တပ္မွ ဒုတပ္ရင္းမႉး ေအးခ်မ္းအား မိမိတို႔ ေတာ္လွန္ေရးအဖြဲ႕မွ ပစ္ခတ္ရွင္းလင္းခဲ့ရာ ေနရာတြင္ပင္ ပြဲခ်င္းၿပီးသြားခဲ့ၿပီျဖစ္ေၾကာင္း Red Dragon Column နဂါးနီ စစ္ေၾကာင္းက ယေန႔ (ႏိုဝင္ ဘာလ ၂၄ ရက္)တြင္ ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရသည္။

ၿပီးခဲ့ေသာကာလမ်ားအတြင္း အဆိုပါအလွျပင္ဆိုင္၌ နယ္ျခားေစာင့္တပ္ဖြဲ႕ BGF မွ အဖြဲ႕ဝင္တစ္ဦးလည္း လုပ္ႀကံခံခဲ့ရဖူးေၾကာင္း ၿမိဳ႕ခံမ်ား၏ေျပာၾကားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.