ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် တန်ဆောင်တိုင် ဈေးရောင်းပွဲတော် ယနေ့ စတင်ဖွင့်လှစ်

 2864

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆိုင်ခန်းပေါင်း (၄၅၀)ကျော်ပါဝင်ပြသလျက်ရှိသည့် ထုတ်ကုန်စက်ပစ္စည်းများ၊ နည်းပညာပြပွဲ၊ စက်မှုထုတ်ကုန်ပစ္စည်းများနှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲကို ယနေ့(နိုဝင်ဘာလ ၂၅ ရက်)၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆိုင်ခန်းများအပြင်၊ အခြားတိုင်းနှင့် ပြည်နယ်များမှ ဆိုင်ခန်းများလည်း ခင်းကျင်းပြသရောင်းချလျက်ရှိသည်။

ထို့ပြင်၎င်းဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန် အရောင်းပြခန်းများအပြင် ဆန်နှင့် ဆီအရောင်းဆိုင်များလည်း ပါဝင်ပြရောင်းချလျက်ရှိသည်။

“စက်မှုထုတ်ကုန်ပစ္စည်းတွေကို အခုလို လာရောက်ပြသခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စက်မှုနည်းပညာ မြင့်မားမှုအရည်အသွေးတွေကို သိရှိနိုင်ပြီး ထုတ်ကုန် ပစ္စည်းတွေရဲ့ အရည်အသွေးတွေကိုလည်း ပိုမို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ယနေ့ ဈေးရောင်းပွဲတော်မှာ ပြသရောင်းကြတဲ့ စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေ MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ ထုတ်ကုန်တွေကို အရည်အသွေး ပိုမိုမြင့်မားလာအောင် အသုံးပြုနိုင်မယ့် စက်မှုနည်းပညာတွေကိုလည်း လေ့လာခွင့် ရှိသွားမယ်လို့ ‌မျှော်လင့်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

ထို့ပြင် ၎င်းဈေးရောင်းပွဲတော်အတွင်း၌ နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ Circus ၊ မျက်လှည့် ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်း ပစ်ဖောက်မည့် အစီအစဉ်များလည်း ပါဝင်ကြောင်းလည်း သိရသည်။

၎င်းဈေးရောင်းပွဲတော်ကို ယနေ့မှ စတင်ကာ လာမည့် (နိုဝင်ဘာလ ၂၇ ရက်)အထိ (၃)ရက်တိုင်တိုင် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်သို့ လာရောက်လည်ပတ်သူများကို YBS ယာဉ်များဖြင့် အကြို/အပို့ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္သူ႔ရင္ျပင္၌ က်င္းပမည့္ တန္ေဆာင္တိုင္ ေဈးေရာင္းပြဲေတာ္ ယေန႔ စတင္ဖြင့္လွစ္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၅

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္ရွိ ျပည္သူ႔ရင္ျပင္တြင္ ဆိုင္ခန္းေပါင္း (၄၅၀)ေက်ာ္ပါဝင္ျပသလ်က္ရွိသည့္ ထုတ္ကုန္စက္ပစၥည္းမ်ား၊ နည္းပညာျပပြဲ၊ စက္မႈထုတ္ကုန္ပစၥည္းမ်ားႏွင့္ တန္ေဆာင္တိုင္ေဈးေရာင္းပြဲကို ယေန႔(ႏိုဝင္ဘာလ ၂၅ ရက္)၊ နံနက္ပိုင္းက စတင္ဖြင့္လွစ္ခဲ့သည္။

အဆိုပါ ေဈးေရာင္းပြဲေတာ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ဆိုင္ခန္းမ်ားအျပင္၊ အျခားတိုင္းႏွင့္ ျပည္နယ္မ်ားမွ ဆိုင္ခန္းမ်ားလည္း ခင္းက်င္းျပသေရာင္းခ်လ်က္ရွိသည္။

ထို႔ျပင္၎ေဈးေရာင္းပြဲေတာ္တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားမွ လုပ္ငန္းရွင္မ်ား၊ အေသးစား၊ အငယ္စား၊ အလတ္စား MSME လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္ အေရာင္းျပခန္းမ်ားအျပင္ ဆန္ႏွင့္ ဆီအေရာင္းဆိုင္မ်ားလည္း ပါဝင္ျပေရာင္းခ်လ်က္ရွိသည္။

“စက္မႈထုတ္ကုန္ပစၥည္းေတြကို အခုလို လာေရာက္ျပသျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ စက္မႈနည္းပညာ ျမင့္မားမႈအရည္အေသြးေတြကို သိရွိႏိုင္ၿပီး ထုတ္ကုန္ ပစၥည္းေတြရဲ႕ အရည္အေသြးေတြကိုလည္း ပိုမို သိရွိႏိုင္မွာ ျဖစ္ပါတယ္။ ယေန႔ ေဈးေရာင္းပြဲေတာ္မွာ ျပသေရာင္းၾကတဲ့ စက္မႈဇုန္ေတြက လုပ္ငန္းရွင္ေတြ MSME လုပ္ငန္းရွင္ေတြအေနနဲ႔ မိမိတို႔ ထုတ္ကုန္ေတြကို အရည္အေသြး ပိုမိုျမင့္မားလာေအာင္ အသုံးျပဳႏိုင္မယ့္ စက္မႈနည္းပညာေတြကိုလည္း ေလ့လာခြင့္ ရွိသြားမယ္လို႔ ‌ေမွ်ာ္လင့္ပါတယ္” ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ေျပာသည္။

ထို႔ျပင္ ၎ေဈးေရာင္းပြဲေတာ္အတြင္း၌ ေန႔စဥ္ E-Sport Game ၿပိဳင္ပြဲမ်ား၊ စတုဒီသာ ေကြၽးေမြးျခင္းမ်ား၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတ ႏွင့္ ဟာသပညာရွင္မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား၊ Circus ၊ မ်က္လွည့္ ၊ Dancer မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား၊ မီးရႉးမီးပန္း ပစ္ေဖာက္မည့္ အစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္းလည္း သိရသည္။

၎ေဈးေရာင္းပြဲေတာ္ကို ယေန႔မွ စတင္ကာ လာမည့္ (ႏိုဝင္ဘာလ ၂၇ ရက္)အထိ (၃)ရက္တိုင္တိုင္ ခင္းက်င္းျပသေရာင္းခ်သြားမည္ျဖစ္ၿပီး ေဈးေရာင္းပြဲေတာ္သို႔ လာေရာက္လည္ပတ္သူမ်ားကို YBS ယာဥ္မ်ားျဖင့္ အႀကိဳ/အပို႔ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Htoo Myat Thu

25/11/2023 18:18

အဲ့ဒီပွဲမှာ ဝါရင့် အမျိုးသမီး CCTV ထဲပါနေကြ ကလားမခါးပိုက်နှိုက်ရှိတယ် ဗျို့ ကိုယ်တွေ့ ရဲတွေဒီလောက်ရှိတာတောင်နှိုက်တာတော်သေးတယ်မိလို့ ဖုန်းလေးပါမသွားတာ

Related news

© 2021. All rights reserved.