အမေရိကန်မှာ အသီးအနှံများမှ ကူးစက်တဲ့ Salmonella ဖြစ်ပွားမှုကြောင့် သေဆုံးသူ နှစ်ဦးထိရှိလာ

 626

ရောင်နီ (NP News) - ‌နိုဝင်ဘာ ၂၅

အမေရိကန်မှာ အသီးအနှံတွေနဲ့ ဆက်စပ်တဲ့ Salmonella ဘက်တီးရီးယား ကူးစက်ဖြစ်ပွားမှုကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး ၉၉ ဦးထက်မနည်း နာမကျန်းဖြစ်ခဲ့တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန(CDC) က သောကြာနေ့(နိုဝင်ဘာလ ၂၄ ရက်)မှာ ပြောကြားခဲ့ပါတယ်။

ပြည်နယ် ၃၂ ခုမှာ Salmonella ရောဂါဖြစ်ပွားမှုကြောင့် လူ ၄၅ ဦး ဆေးရုံတင်ထားရပြီး ယခုသေဆုံးသူနှစ်ဦးဟာ မီနီဆိုးတားပြည်နယ်မှဖြစ်တယ်လို့ CDC က ဆိုပါတယ်။ ဒါကြောင့် ကူးစက်မှုနဲ့ ဆက်စပ်အသီးအနှံတွေ ပြန်လည်သိမ်းဆည်းခြင်းတို့ပြုလုပ်နေပြီး အဆိုပါ အသီးအနှံတွေ ဝယ်ယူထားပြီး ဖြစ်နေရင်လည်း စွန့်ပစ်ခြင်း သို့မဟုတ် ဝယ်ယူခဲ့တဲ့ စတိုးဆိုင်ကို ပြန်ပေးခြင်းတို့ ပြုလုပ်နိုင်တယ်လို့ CDC က ပြောကြားခဲ့ပါတယ်။


ဒါ့ပြင် ဆပ်ပြာ၊ ရေပူ နဲ့ သစ်သီးတွေနဲ့ ထိတွေ့မိတဲ့ နေရာတွေကို သေချာဆေးကြောဖို့လည်း ၎င်းက အကြံပေးတိုက်တွန်းထားပါတယ်။

Salmonella ကူးစက်တဲ့အခါ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ဘက်တီးရီးယား ကူးစက်ပြီး ခြောက်နာရီမှ ခြောက်ရက်အတွင်း ပေါ်လာတတ်ပါတယ်။ အကယ်လို့ အသီးအနှံတွေစားပြီး အဖျား ၁၀၂ ဒီဂရီထက်မြင့်တက်လာရင် ၊ သုံးရက်ကြာထိ ဝမ်းလျှောခြင်း၊ သွေးထွက်လွန်ကဲခြင်း၊ အော့အန်ခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်းတို့ဖြစ်လာခဲ့ရင် ဆေးကုသမှုခံယူဖို့လည်း CDC က အကြံပေးထားပါတယ်။

သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးများ နဲ့ ကိုယ်ခံအားစနစ် အားနည်းစေတဲ့ ရောဂါအခံတွေ ရှိနေသူတွေဟာ အဆိုပါ ဘက်တီးရီးယား ကူးစက်ခံရနိုင်ချေ ပိုများတယ်လို့ သိရပါတယ်။

zawgyi version
အေမရိကန္မွာ အသီးအႏွံမ်ားမွ ကူးစက္တဲ့ Salmonella ျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူ ႏွစ္ဦးထိရွိလာ
ေရာင္နီ (NP News) - ‌ႏိုဝင္ဘာ ၂၅

အေမရိကန္မွာ အသီးအႏွံေတြနဲ႔ ဆက္စပ္တဲ့ Salmonella ဘက္တီးရီးယား ကူးစက္ျဖစ္ပြားမႈေၾကာင့္ လူႏွစ္ဦးထက္မနည္း ေသဆုံးၿပီး ၉၉ ဦးထက္မနည္း နာမက်န္းျဖစ္ခဲ့တယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုဌာန(CDC) က ေသာၾကာေန႔(ႏိုဝင္ဘာလ ၂၄ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။

ျပည္နယ္ ၃၂ ခုမွာ Salmonella ေရာဂါျဖစ္ပြားမႈေၾကာင့္ လူ ၄၅ ဦး ေဆး႐ုံတင္ထားရၿပီး ယခုေသဆုံးသူႏွစ္ဦးဟာ မီနီဆိုးတားျပည္နယ္မွျဖစ္တယ္လို႔ CDC က ဆိုပါတယ္။ ဒါေၾကာင့္ ကူးစက္မႈနဲ႔ ဆက္စပ္အသီးအႏွံေတြ ျပန္လည္သိမ္းဆည္းျခင္းတို႔ျပဳလုပ္ေနၿပီး အဆိုပါ အသီးအႏွံေတြ ဝယ္ယူထားၿပီး ျဖစ္ေနရင္လည္း စြန႔္ပစ္ျခင္း သို႔မဟုတ္ ဝယ္ယူခဲ့တဲ့ စတိုးဆိုင္ကို ျပန္ေပးျခင္းတို႔ ျပဳလုပ္ႏိုင္တယ္လို႔ CDC က ေျပာၾကားခဲ့ပါတယ္။


ဒါ့ျပင္ ဆပ္ျပာ၊ ေရပူ နဲ႔ သစ္သီးေတြနဲ႔ ထိေတြ႕မိတဲ့ ေနရာေတြကို ေသခ်ာေဆးေၾကာဖို႔လည္း ၎က အႀကံေပးတိုက္တြန္းထားပါတယ္။

Salmonella ကူးစက္တဲ့အခါ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဖ်ားနာျခင္း စတဲ့ လကၡဏာေတြ ျဖစ္ႏိုင္ပါတယ္။ ေရာဂါလကၡဏာေတြဟာ ဘက္တီးရီးယား ကူးစက္ၿပီး ေျခာက္နာရီမွ ေျခာက္ရက္အတြင္း ေပၚလာတတ္ပါတယ္။ အကယ္လို႔ အသီးအႏွံေတြစားၿပီး အဖ်ား ၁၀၂ ဒီဂရီထက္ျမင့္တက္လာရင္ ၊ သုံးရက္ၾကာထိ ဝမ္းေလွ်ာျခင္း၊ ေသြးထြက္လြန္ကဲျခင္း၊ ေအာ့အန္ျခင္း သို႔မဟုတ္ ေရဓာတ္ခမ္းေျခာက္ျခင္းတို႔ျဖစ္လာခဲ့ရင္ ေဆးကုသမႈခံယူဖို႔လည္း CDC က အႀကံေပးထားပါတယ္။

သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္မ်ား၊ ကေလးမ်ား နဲ႔ ကိုယ္ခံအားစနစ္ အားနည္းေစတဲ့ ေရာဂါအခံေတြ ရွိေနသူေတြဟာ အဆိုပါ ဘက္တီးရီးယား ကူးစက္ခံရႏိုင္ေခ် ပိုမ်ားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.