အမေရိကန် ဟာသသရုပ်ဆောင် တစ်ဖနီဟာဒစ်ရှ် ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုနဲ့ ဖမ်းဆီးခံရ

 540

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

အမေရိကန် သရုပ်ဆောင် တစ်ဖနီဟာဒစ်ရှ်ဟာ ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်မှု သံသယနဲ့ သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်) နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ Beverly Hills ရဲ့ဌာနမှ ဖော်ပြချက်အရ သိရပါတယ်။

၎င်းဟာ သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်)၊ နံနက် ၅ နာရီ ၄၅ မိနစ်က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ TMZ ရဲ့အဆိုအရ ဟာဒစ်ရှ်ဟာ ယာဉ်မတော်တဆမှု မဖြစ်ခဲ့ပေမယ့်လည်း ကားမောင်းနေရင်း အိပ်ပျော်နေခဲ့တာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဟာဒစ်ရ်ှဟာ ကြာသပတေးနေ့ (နိုဝင်ဘာလ ၂၃ ရက်) က အနောက်ဟောလိဝုဒ်ရှိ The Laugh Factory မှာ ကျေးဇူးတော်နေ့ပွဲအတွက် ၎င်းတို့ ဟာသကလပ်ရဲ့ ၄၃ နှစ်မြောက် ဖျော်ဖြေပွဲကို သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲမှ ပြန်လာစဉ်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် မင်းသမီးဟာဒစ်ရှ်ဟာ ၂၀၂၂ ခုနှစ်ကလည်း ဂျော်ဂျီယာနိုင်ငံ Peachtree မြို့မှာ ယာဉ်စည်းကမ်းဖောက်ဖျက်မှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ သူမကို "Girls Trip" ဇာတ်ကားနဲ့ လူသိများပြီး ရုပ်မြင်သံကြားရှိုးများစွာမှာ မြင်တွေ့ရလေ့ရှိပါတယ်။

zawgyi version
အေမရိကန္ ဟာသသ႐ုပ္ေဆာင္ တစ္ဖနီဟာဒစ္ရွ္ ယာဥ္စည္းကမ္းေဖာက္ဖ်က္ ေမာင္းႏွင္မႈနဲ႔ ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

အေမရိကန္ သ႐ုပ္ေဆာင္ တစ္ဖနီဟာဒစ္ရွ္ဟာ ယာဥ္စည္းကမ္းေဖာက္ဖ်က္ ေမာင္းႏွင္မႈ သံသယနဲ႔ ေသာၾကာေန႔ (ႏိုဝင္ဘာလ ၂၄ ရက္) နံနက္အေစာပိုင္းက ဖမ္းဆီးခံခဲ့ရတယ္လို႔ Beverly Hills ရဲ႕ဌာနမွ ေဖာ္ျပခ်က္အရ သိရပါတယ္။

၎ဟာ ေသာၾကာေန႔ (ႏိုဝင္ဘာလ ၂၄ ရက္)၊ နံနက္ ၅ နာရီ ၄၅ မိနစ္က ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ TMZ ရဲ႕အဆိုအရ ဟာဒစ္ရွ္ဟာ ယာဥ္မေတာ္တဆမႈ မျဖစ္ခဲ့ေပမယ့္လည္း ကားေမာင္းေနရင္း အိပ္ေပ်ာ္ေနခဲ့တာ ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဟာဒစ္ရ္ွဟာ ၾကာသပေတးေန႔ (ႏိုဝင္ဘာလ ၂၃ ရက္) က အေနာက္ေဟာလိဝုဒ္ရွိ The Laugh Factory မွာ ေက်းဇူးေတာ္ေန႔ပြဲအတြက္ ၎တို႔ ဟာသကလပ္ရဲ႕ ၄၃ ႏွစ္ေျမာက္ ေဖ်ာ္ေျဖပြဲကို သြားေရာက္ေဖ်ာ္ေျဖခဲ့ပါတယ္။ အဲဒီေဖ်ာ္ေျဖပြဲမွ ျပန္လာစဥ္မွာ အခုလို ဖမ္းဆီးခံရတာ ျဖစ္ပါတယ္။

ဟာသသ႐ုပ္ေဆာင္ မင္းသမီးဟာဒစ္ရွ္ဟာ ၂၀၂၂ ခုႏွစ္ကလည္း ေဂ်ာ္ဂ်ီယာႏိုင္ငံ Peachtree ၿမိဳ႕မွာ ယာဥ္စည္းကမ္းေဖာက္ဖ်က္မႈသံသယနဲ႔ ဖမ္းဆီးခံခဲ့ရဖူးပါတယ္။ သူမကို "Girls Trip" ဇာတ္ကားနဲ႔ လူသိမ်ားၿပီး ႐ုပ္ျမင္သံၾကားရႈိးမ်ားစြာမွာ ျမင္ေတြ႕ရေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.