ထိုင်းနိုင်ငံမှာ ထူးခြားတိရစ္ဆာန်တွေကို အိမ်မွေးအဖြစ်ရောင်းဝယ်ဖောက်ကားမှုများကြောင့် တောရိုင်းတိရိစ္ဆာန်ကာကွယ်ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာ

 5692

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံမှာ ထူးခြားတိရိစ္ဆာန်တွေကို အိမ်မွေးအဖြစ်ရောင်းဝယ်ဖောက်ကားခြင်းများ ခေတ်စားလာခြင်းကြောင့် တောရိုင်းတိရိစ္ဆာန်တွေများ ဖမ်းမိခြင်း၊ တောရိုင်းတိရိစ္ဆာန်များ ခိုးယူရောင်းဝယ်ဖောက်ကားမှု ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်လာမှာကို လေ့လာသူတွေက စိုးရိမ်နေကြပါတယ်။

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဖောင်ဒေးရှင်း Seub Nakhasathien မှ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ပနူဒက်ကာဒ်မေးလ် က ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဝယ်ယူသူတွေဟာ နေထိုင်မှု အဆင့်အတန်း လက္ခဏာတစ်ခုအဖြစ် ဝယ်ယူကြတာဖြစ်ပြီး သူတို့ရဲ့ ချမ်းသာမှုကို ပြသချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝထိန်းသိမ်းရေး အဖွဲ့အစည်း World Wide Fund for Nature (WWF) နဲ့ GlobeScan အကြံပေးအဖွဲ့တို့ရဲ့ ၂၀၂၁ ခုနှစ် လေ့လာမှုတစ်ခုအရ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းဟာ ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ဆိုင်နေပြီး ဒီလိုပိုင်ဆိုင်မှုကလည်း သာမာန်သာဖြစ်ပါတယ်။ ဒီလိုအိမ်မွေးတိရိစ္ဆာန်တွေကို ပိုင်ဆိုင်တဲ့ ထိုင်းလူမျိုးတွေမှာ ၅၁ ရာခိုင်နှုန်းက တိရစ္ဆာန်တွေဟာ ရှားပါးတဲ့မျိုးစိတ်ဖြစ်လေလေ အကြိုက်တွေ့လေပဲလို့ သိရပါတယ်။ ၎င်းတို့ဟာ ဝယ်ယူမှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကို အွန်လိုင်းမှ ပြုလုပ်ကြလေ့ရှိတယ်လို့ သိရပါတယ်။

နှစ်များစွာအတွင်း ထိုင်းနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားမှုမှာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာနေပါတယ်။

zawgyi version
ထိုင္းႏိုင္ငံမွာ ထူးျခားတိရစာၦန္ေတြကို အိမ္ေမြးအျဖစ္ေရာင္းဝယ္ေဖာက္ကားမႈမ်ားေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္ကာကြယ္ေရးအတြက္ စိုးရိမ္မႈမ်ား ျမင့္တက္လာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

ထိုင္းႏိုင္ငံမွာ ထူးျခားတိရိစာၦန္ေတြကို အိမ္ေမြးအျဖစ္ေရာင္းဝယ္ေဖာက္ကားျခင္းမ်ား ေခတ္စားလာျခင္းေၾကာင့္ ေတာ႐ိုင္းတိရိစာၦန္ေတြမ်ား ဖမ္းမိျခင္း၊ ေတာ႐ိုင္းတိရိစာၦန္မ်ား ခိုးယူေရာင္းဝယ္ေဖာက္ကားမႈ ပိုမိုဆိုး႐ြားလာျခင္းတို႔ ျဖစ္လာမွာကို ေလ့လာသူေတြက စိုးရိမ္ေနၾကပါတယ္။

ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးေဖာင္ေဒးရွင္း Seub Nakhasathien မွ ေဖာင္ေဒးရွင္း ဥကၠ႒ မစၥတာ ပႏူဒက္ကာဒ္ေမးလ္ က ထူးျခားဆန္းျပားတဲ့ အိမ္ေမြးတိရစာၦန္ေတြကို ဝယ္ယူသူေတြဟာ ေနထိုင္မႈ အဆင့္အတန္း လကၡဏာတစ္ခုအျဖစ္ ဝယ္ယူၾကတာျဖစ္ၿပီး သူတို႔ရဲ႕ ခ်မ္းသာမႈကို ျပသခ်င္တာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

သဘာဝထိန္းသိမ္းေရး အဖြဲ႕အစည္း World Wide Fund for Nature (WWF) နဲ႔ GlobeScan အႀကံေပးအဖြဲ႕တို႔ရဲ႕ ၂၀၂၁ ခုႏွစ္ ေလ့လာမႈတစ္ခုအရ ထိုင္းႏိုင္ငံရဲ႕ လူဦးေရ ၁၂ ရာခိုင္ႏႈန္းဟာ ထူးျခားဆန္းျပားတဲ့ အိမ္ေမြးတိရစာၦန္ေတြကို ပိုင္ဆိုင္ေနၿပီး ဒီလိုပိုင္ဆိုင္မႈကလည္း သာမာန္သာျဖစ္ပါတယ္။ ဒီလိုအိမ္ေမြးတိရိစာၦန္ေတြကို ပိုင္ဆိုင္တဲ့ ထိုင္းလူမ်ိဳးေတြမွာ ၅၁ ရာခိုင္ႏႈန္းက တိရစာၦန္ေတြဟာ ရွားပါးတဲ့မ်ိဳးစိတ္ျဖစ္ေလေလ အႀကိဳက္ေတြ႕ေလပဲလို႔ သိရပါတယ္။ ၎တို႔ဟာ ဝယ္ယူမႈရဲ႕ ၅၀ ရာခိုင္ႏႈန္းခန႔္ကို အြန္လိုင္းမွ ျပဳလုပ္ၾကေလ့ရွိတယ္လို႔ သိရပါတယ္။

ႏွစ္မ်ားစြာအတြင္း ထိုင္းႏိုင္ငံဟာ ကမာၻလုံးဆိုင္ရာ ေတာ႐ိုင္းတိရိစာၦန္ေတြ ေရာင္းဝယ္ေဖာက္ကားမႈမွာ အခ်က္အခ်ာက်တဲ့ ေနရာတစ္ခုျဖစ္လာေနပါတယ္။

Related news

© 2021. All rights reserved.