ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးမည့်ကာလကို တိုးမြှင့်သတ်မှတ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး ကြေညာ

 662

စော (NP News) - နိုဝင်ဘာ ၂၆

ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးမည့်ကာလကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင် အသိပေးကြေညာထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် အထိ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (PJ) သက်တမ်းတိုးဆောင်ရွက်ရာ၌ ‌ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ယူရန်အတွက် ငွေပေးသွင်းခဲ့သည့် အလုပ်သမားများရှိခဲ့ကြောင်း သိရသည်။

ထို့သို့ငွေပေးသွင်းခဲ့သော မြန်မာအလုပ်သမားများကို ၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှစ၍ (၃)လအတွင်း သာမန် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်ကောက်ယူရေးစင်တာ (TDCC၊ မဟာချိုင်) ရုံး၌ (OWIC)ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သို့သော် (OWIC)ကတ်ထုတ်ယူရန် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေသည့် မြန်မာအလုပ်သမားများ အဆင်ပြေစေရေးအတွက် ၎င်းကတ်များကို လာမည့် ၂ဝ၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ဆက်လက် ထုတ်ပေးသွား မည်ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံ (၉၃)နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၆၈၄၉၃၄) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး စေလွှတ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။

ထို့သို့စေလွှတ်ရာတွင် ထိုင်းနိုင်ငံ သို့ (၁၁၁ဝ၅၉၅) ဦးဖြင့် အများဆုံးစေလွှတ်နိုင်ခဲ့ပြီး စင်ကာပူနိုင်ငံသို့ (၅၂ဝ၃၅) ဦး၊ ကိုရီးယားနိုင်ငံသို့ (၆၄၃၆၄) ဦး၊ ဂျပန်နိုင်ငံသို့ (၆ဝဝ၁၃) ဦး၊ မလေးရှားနိုင်ငံသို့ (၃၈၅၅၆၆) ဦးတို့ကို စေလွှတ်နိုင် ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။

Zawgyi Version;
ျပည္ပအလုပ္အကိုင္သက္ေသခံကတ္ (OWIC) ထုတ္ေပးမည့္ကာလကို တိုးျမႇင့္သတ္မွတ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံး ေၾကညာ
ေစာ (NP News) - ႏိုဝင္ဘာ ၂၆

ျပည္ပအလုပ္အကိုင္သက္ေသခံကတ္ (OWIC) ထုတ္ေပးမည့္ကာလကို တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း ထိုင္းႏိုင္ငံ ရွိ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးက ယေန႔ (ႏိုဝင္ဘာ ၂၆ ရက္) တြင္ အသိေပးေၾကညာထားသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးတြင္ ၂ဝ၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္မွ ၂ဝ၂၃ ခုႏွစ္၊ ဩဂုတ္လ ၁၇ ရက္ အထိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ (PJ) သက္တမ္းတိုးေဆာင္႐ြက္ရာ၌ ‌ ျပည္ပအလုပ္အကိုင္သက္ေသခံကတ္ (OWIC) ထုတ္ယူရန္အတြက္ ေငြေပးသြင္းခဲ့သည့္ အလုပ္သမားမ်ားရွိခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ေငြေပးသြင္းခဲ့ေသာ ျမန္မာအလုပ္သမားမ်ားကို ၂ဝ၂၃ ခုႏွစ္၊ ဩဂုတ္လ ၂၄ ရက္မွစ၍ (၃)လအတြင္း သာမန္ ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္၊ ယာယီအခ်က္အလက္ေကာက္ယူေရးစင္တာ (TDCC၊ မဟာခ်ိဳင္) ႐ုံး၌ (OWIC)ကတ္မ်ားကို ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ (OWIC)ကတ္ထုတ္ယူရန္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးေနသည့္ ျမန္မာအလုပ္သမားမ်ား အဆင္ေျပေစေရးအတြက္ ၎ကတ္မ်ားကို လာမည့္ ၂ဝ၂၄ ခုႏွစ္၊ မတ္လ ၃၁ ရက္အထိ ဆက္လက္ ထုတ္ေပးသြား မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ျမန္မာႏိုင္ငံမွ ျပည္ပႏိုင္ငံ (၉၃)ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ အလုပ္သမား (၁၆၈၄၉၃၄) ဦးကို OWIC ကတ္ ျပဳလုပ္ခြင့္ျပဳၿပီး ေစလႊတ္ခြင့္ျပဳခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္အရ သိရသည္။

ထို႔သို႔ေစလႊတ္ရာတြင္ ထိုင္းႏိုင္ငံ သို႔ (၁၁၁ဝ၅၉၅) ဦးျဖင့္ အမ်ားဆုံးေစလႊတ္ႏိုင္ခဲ့ၿပီး စင္ကာပူႏိုင္ငံသို႔ (၅၂ဝ၃၅) ဦး၊ ကိုရီးယားႏိုင္ငံသို႔ (၆၄၃၆၄) ဦး၊ ဂ်ပန္ႏိုင္ငံသို႔ (၆ဝဝ၁၃) ဦး၊ မေလးရွားႏိုင္ငံသို႔ (၃၈၅၅၆၆) ဦးတို႔ကို ေစလႊတ္ႏိုင္ ခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ဆိုသည္။

Related news

© 2021. All rights reserved.