ဘီဘီစီသတင်းဌာနရဲ့ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းထဲမှာ မြန်မာနာမည်ကျော် သရုပ်ဆောင်ခိုင်နှင်းဝေ ပါဝင်

 2177

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆

၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ အမျိုးသမီးများအပေါ် သြဇာလွှမ်းမိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်နိုင်မှု အရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းကိုထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ဇနီးဖြစ်သူ မီချယ်လ် အိုဘားမား နဲ့အတူ မြန်မာနိုင်ငံရဲ့အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သူ ခိုင်နှင်းဝေ လည်း ပါဝင်လာခဲ့ပါတယ်။

ခိုင်နှင်းဝေဟာ ပြီးခဲ့တဲ့ ၂၅ နှစ်နီးပါးက မြန်မာနိုင်ငံရံ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး မင်းသမီးတစ်ဦး အဖြစ် လူသိများထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မြန်မာရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးနဲ့ လူချစ်လူခင်များဆုံး မင်းသမီးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ သရုပ်ဆောင်လုပ်ငန်းအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့ရာ သူရဲ့ပရဟိတလုပ်ငန်းများ လုပ်ဆောင်မှုများကြောင့် ပိုမို လူကြိုက်များလာခဲ့ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ၂ဝ၁၄ ခုနှစ်မှာ “ခိုင်းနှင်းဝေဖောင်ဒေးရှင်း”ကို တည်ထောင်ခဲ့ပြီး စွန့်ပစ်ခံ ကလေးငယ်များ၊မိဘမဲ့ ကလေးငယ်များကို ရှာဖွေကယ်တင်စောင့်ရှောက်ပေးမှု အပါအဝင် လူမှုရေးလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ပါတယ်။ ခိုင်နှင်းဝေဖောင်ဒေးရှင်းဟာ လက်ရှိအချိန်မှာ စွန့်ပစ်ခံကလေးငယ်ပေါင်း အနည်းဆုံး ၁ဝဝ နီးပါးကို ပြုစုစောင့်ရှောက်ပေးနေရကြောင်း သိရပါတယ်။ ခိုင်နှင်းဝေဟာ လက်ရှိအချိန်မှာ ကလေးငယ်များ လူကုန်ကူးခံရမှုကို တားဆီးနိုင်ဖို့အတွက် သံတမန်အဖြစ်လည်း ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ အမျိုးသားများအပေါ် သြဇာလွှမ်းမိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်နိုင်မှု အရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းထဲမှာ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုကို ရရှိခဲ့တဲ့ ဘွန်မာတီ၊ ဟောလီဝုဒ်နာမည်ကျော်သရုပ်ဆောင် အမေရိက ဖာရီယာ တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။

Zawgyi Version;
ဘီဘီစီသတင္းဌာနရဲ႕ကမာၻ႔ၾသဇာလႊမ္းမိုးမႈအရွိဆုံး အမ်ိဳးသမီး ၁ဝဝ စာရင္းထဲမွာ ျမန္မာနာမည္ေက်ာ္ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ပါဝင္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆

၂ဝ၂၃ ခုႏွစ္အတြက္ ကမာၻတဝန္းရွိ အမ်ိဳးသမီးမ်ားအေပၚ ၾသဇာလႊမ္းမိုးမႈ နဲ႔ စိတ္ပိုင္းဆိုင္ရာလႈံ႕ေဆာ္ႏိုင္မႈ အရွိဆုံး အမ်ိဳးသမီး ၁ဝဝ စာရင္းကိုထုတ္ျပန္ခဲ့ရာ အေမရိကန္သမၼတေဟာင္း အိုဘားမားရဲ႕ဇနီးျဖစ္သူ မီခ်ယ္လ္ အိုဘားမား နဲ႔အတူ ျမန္မာႏိုင္ငံရဲ႕အမ်ိဳးသမီး သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ ခိုင္ႏွင္းေဝ လည္း ပါဝင္လာခဲ့ပါတယ္။

ခိုင္ႏွင္းေဝဟာ ၿပီးခဲ့တဲ့ ၂၅ ႏွစ္နီးပါးက ျမန္မာႏိုင္ငံရံ အႏုပညာေလာကကို ဝင္ေရာက္လာခဲ့ၿပီး မင္းသမီးတစ္ဦး အျဖစ္ လူသိမ်ားထင္ရွားသူတစ္ဦးျဖစ္ပါတယ္။ ခိုင္ႏွင္းေဝဟာ ျမန္မာ႐ုပ္ရွင္ေလာကမွာ အေအာင္ျမင္ဆုံးနဲ႔ လူခ်စ္လူခင္မ်ားဆုံး မင္းသမီးေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။ ခိုင္ႏွင္းေဝဟာ သ႐ုပ္ေဆာင္လုပ္ငန္းအျပင္ ပရဟိတလုပ္ငန္းေတြကိုလည္း ပူးတြဲလုပ္ေဆာင္ခဲ့ရာ သူရဲ႕ပရဟိတလုပ္ငန္းမ်ား လုပ္ေဆာင္မႈမ်ားေၾကာင့္ ပိုမို လူႀကိဳက္မ်ားလာခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ ၂ဝ၁၄ ခုႏွစ္မွာ “ခိုင္းႏွင္းေဝေဖာင္ေဒးရွင္း”ကို တည္ေထာင္ခဲ့ၿပီး စြန႔္ပစ္ခံ ကေလးငယ္မ်ား၊မိဘမဲ့ ကေလးငယ္မ်ားကို ရွာေဖြကယ္တင္ေစာင့္ေရွာက္ေပးမႈ အပါအဝင္ လူမႈေရးလုပ္ငန္းေတြကို အဓိကထား လုပ္ကိုင္ခဲ့ပါတယ္။ ခိုင္ႏွင္းေဝေဖာင္ေဒးရွင္းဟာ လက္ရွိအခ်ိန္မွာ စြန႔္ပစ္ခံကေလးငယ္ေပါင္း အနည္းဆုံး ၁ဝဝ နီးပါးကို ျပဳစုေစာင့္ေရွာက္ေပးေနရေၾကာင္း သိရပါတယ္။ ခိုင္ႏွင္းေဝဟာ လက္ရွိအခ်ိန္မွာ ကေလးငယ္မ်ား လူကုန္ကူးခံရမႈကို တားဆီးႏိုင္ဖို႔အတြက္ သံတမန္အျဖစ္လည္း ခန႔္အပ္ခံထားရသူျဖစ္ပါတယ္။

၂ဝ၂၃ ခုႏွစ္အတြက္ ကမာၻတဝန္းရွိ အမ်ိဳးသားမ်ားအေပၚ ၾသဇာလႊမ္းမိုးမႈ နဲ႔ စိတ္ပိုင္းဆိုင္ရာလႈံ႕ေဆာ္ႏိုင္မႈ အရွိဆုံး အမ်ိဳးသမီး ၁ဝဝ စာရင္းထဲမွာ ကမာၻ႔အေကာင္းဆုံးအမ်ိဳးသမီး ေဘာလုံးသမားဆုကို ရရွိခဲ့တဲ့ ဘြန္မာတီ၊ ေဟာလီဝုဒ္နာမည္ေက်ာ္သ႐ုပ္ေဆာင္ အေမရိက ဖာရီယာ တို႔လည္း ပါဝင္ေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.