၄၄ ကြိမ်မြောက် Blue Dragon Film Awards မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို လီဗြောင်ဟွမ်းမှ သိမ်းပိုက်

 1107

ရောင်နီ (NP News) - နိုဝင်ဘာ ၂၆

နိုဝင်ဘာ ၂၄ ရက် ညက တောင်ကိုရီးယားနိုင်ငံ၊ Yeouido ရှိ KBS Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၄၄ ကြိမ်မြောက် Blue Dragon Film Awards ဆုပေးပွဲမှာ လီဗြောင်ဟွမ်းက အကောင်းဆုံးသရုပ်ဆောင်ဆုကို သိမ်းပိုက် ရရှိခဲ့ပါ တယ်။

နိုဝင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆုပေးပွဲမှာ ကင်ဟေးဆိုးနဲ့ ယိုးယွန်ဆော့တို့က ဧည့်သည်များအဖြစ် ပြန်လည်ရောက်ရှိလာကြပြီး ယခုနှစ်အတွက် အကြီးကျယ်ဆုံး အောင်မြင်မှု ဆုတွေကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါတယ်။ ဆုတွေအနေနဲ့ကတော့ ၂ဝ၂၃ ခုနှစ်မှာ ထွက်ရှိပြီး လူကြိုက်များ ရေပန်းစားခဲ့တဲ့ "Smugglers” ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုကို ဂျိုအင်ဆန်းမှလည်းကောင်း၊ အကောင်းဆုံး တက်သစ်စ သရုပ်ဆောင် မင်းသမီးဆုကို ဂိုမင်စီမှလည်းကောင်း၊ အကောင်းဆုံးတေးဂီတဆု အပါအဝင် စုစုပေါင်း ဆု လေးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အကောင်းဆုံးဒါရိုက်တာ ဆုကိုတော့ "The Night Owl” ရဲ့ ဒါရိုက်တာအသစ် အာတေးဂျင် က ရရှိခဲ့ပါတယ်။ လီဗြောင်ဟွန်းကတော့ "Concrete Utopia” ရုပ်ရှင်နဲ့ အကောင်းဆုံးသရုပ်ဆောင် ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

Blue Dragon Film Awards ဟာ Grand Bell Awards လို ပွဲတစ်ခုဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများကိုသာ ဆုပေးတဲ့ပွဲမျိုးဖြစ်ပါတယ်။

Zawgyi Version;
၄၄ ႀကိမ္ေျမာက္ Blue Dragon Film Awards မွာ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုကို လီေျဗာင္ဟြမ္းမွ သိမ္းပိုက္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၆

ႏိုဝင္ဘာ ၂၄ ရက္ ညက ေတာင္ကိုရီးယားႏိုင္ငံ၊ Yeouido ရွိ KBS Hall မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ၄၄ ႀကိမ္ေျမာက္ Blue Dragon Film Awards ဆုေပးပြဲမွာ လီေျဗာင္ဟြမ္းက အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုကို သိမ္းပိုက္ ရရွိခဲ့ပါ တယ္။

ႏိုဝင္ဘာလ ၂၄ ရက္က ျပဳလုပ္ခဲ့တဲ့ အဆိုပါ ဆုေပးပြဲမွာ ကင္ေဟးဆိုးနဲ႔ ယိုးယြန္ေဆာ့တို႔က ဧည့္သည္မ်ားအျဖစ္ ျပန္လည္ေရာက္ရွိလာၾကၿပီး ယခုႏွစ္အတြက္ အႀကီးက်ယ္ဆုံး ေအာင္ျမင္မႈ ဆုေတြကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးခဲ့ပါတယ္။ ဆုေတြအေနနဲ႔ကေတာ့ ၂ဝ၂၃ ခုႏွစ္မွာ ထြက္ရွိၿပီး လူႀကိဳက္မ်ား ေရပန္းစားခဲ့တဲ့ "Smugglers” ႐ုပ္ရွင္ဟာ အေကာင္းဆုံး႐ုပ္ရွင္ဆု ရရွိခဲ့ပါတယ္။

ဒါ့အျပင္ ဒီဇာတ္ကားနဲ႔ပဲ အေကာင္းဆုံးဇာတ္ပို႔သ႐ုပ္ေဆာင္ဆုကို ဂ်ိဳအင္ဆန္းမွလည္းေကာင္း၊ အေကာင္းဆုံး တက္သစ္စ သ႐ုပ္ေဆာင္ မင္းသမီးဆုကို ဂိုမင္စီမွလည္းေကာင္း၊ အေကာင္းဆုံးေတးဂီတဆု အပါအဝင္ စုစုေပါင္း ဆု ေလးဆု ဆြတ္ခူးသြားခဲ့ပါတယ္။ အေကာင္းဆုံးဒါ႐ိုက္တာ ဆုကိုေတာ့ "The Night Owl” ရဲ႕ ဒါ႐ိုက္တာအသစ္ အာေတးဂ်င္ က ရရွိခဲ့ပါတယ္။ လီေျဗာင္ဟြန္းကေတာ့ "Concrete Utopia” ႐ုပ္ရွင္နဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ ဆုကို ဆြတ္ခူးရရွိခဲ့တာျဖစ္ပါတယ္။

Blue Dragon Film Awards ဟာ Grand Bell Awards လို ပြဲတစ္ခုျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားကိုသာ ဆုေပးတဲ့ပြဲမ်ိဳးျဖစ္ပါတယ္။

Related news

© 2021. All rights reserved.