ပြည်တွင်း ဘုရားဖူးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ အသိအမှတ်ပြု လက်မှတ်လျှောက်ထားရန် အသိပေး

 5583

ယွန်း (NP News) - နိုဝင်ဘာ ၂၆

ပြည်တွင်းဘုရားဖူးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လာမည့်ဒီဇင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ အသိအမှတ်ပြုလက်မှတ်လျှောက်ထားရန် အသိပေးကြေညာထားသည်။

ပြည်တွင်း ဘုရားဖူးအသင်းအမှုဆောင်အဖွဲ့က ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာများ၌ အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းဘုရားဖူးလုပ်ငန်းလုပ်ကိုင်သည့် အသင်းဝင်(၆ဝဝ)ကျော်ရှိသော်လည်း အမှန်တကယ် အသိအမှတ်ပြုလက်မှတ် လျှောက်ထားသူဦးရေမှာ (၄ဝ)ဦးခန့်သာရှိကြောင်း ပြည်တွင်းဘုရားဖူးအသင်းထံမှ သိရသည်။

“ကျွန်တော်တို့အသင်းမှာက အသင်းဝင်(၆ဝဝ)လောက်ရှိကြတယ် ဒါပေမယ့် အစိုးရက ခွင့်ပြုတဲ့လိုင်စင် အသိအမှတ်ပြုလက်မှတ် လျှောက်ထားတဲ့သူက (၄ဝ)လောက်ပဲရှိတယ်။ အဲဒီတော့ ဘာအထောက်အထားမှမရှိဘဲ လုပ်ငန်းလုပ်နေတဲ့သူတွေကို အသိအမှတ်ပြုလက်မှတ်လျှောက်ထားပြီး အသင်းဝင်ရမှာပေါ့။ မလျှောက်တဲ့သူတွေ ကိုတော့ ဘယ်လိုဆက်လုပ်မှာလဲ မသိသေးပါဘူး” ဟု ပြည်တွင်းဘုရားဖူးအသင်း အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။

ထို့ကြောင့် အသိအမှတ်ပြုလက်မှတ်လျှောက်ထားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ လမ်းညွှန်ထားပြီး ပြည်တွင်းဘုရားဖူးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဒီဇင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ လျှောက်ထားရန် ကြေညာချက်တွင် ဖော်ပြထားသည်။

အသိအမှတ်ပြုလက်မှတ်လျှောက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှတဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်များအား ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှစတင်၍ သတ်မှတ်ချက် နှင့် အညီ ဝန်ဆောင်မှုပေးခြင်း ရှိ/မရှိကို သက်ဆိုင်ရာဌာနများမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးအသင်း အမှုဆောင်အဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ျပည္တြင္း ဘုရားဖူးလုပ္ငန္းလုပ္ကိုင္ေနသူမ်ားအေနျဖင့္ ဒီဇင္ဘာလကုန္ ေနာက္ဆုံးထားကာ အသိအမွတ္ျပဳ လက္မွတ္ေလွ်ာက္ထားရန္ အသိေပး
ယြန္း (NP News) - ႏိုဝင္ဘာ ၂၆

ျပည္တြင္းဘုရားဖူးလုပ္ငန္း လုပ္ကိုင္ေနသူမ်ားအေနျဖင့္ လာမည့္ဒီဇင္ဘာ(၃၁)ရက္ ေနာက္ဆုံးထား၍ အသိအမွတ္ျပဳလက္မွတ္ေလွ်ာက္ထားရန္ အသိေပးေၾကညာထားသည္။

ျပည္တြင္း ဘုရားဖူးအသင္းအမႈေဆာင္အဖြဲ႕က ယခုရက္ပိုင္းအတြင္း ႏိုင္ငံပိုင္သတင္းစာမ်ား၌ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္း ျဖစ္သည္။

လက္ရွိတြင္ ျပည္တြင္းဘုရားဖူးလုပ္ငန္းလုပ္ကိုင္သည့္ အသင္းဝင္(၆ဝဝ)ေက်ာ္ရွိေသာ္လည္း အမွန္တကယ္ အသိအမွတ္ျပဳလက္မွတ္ ေလွ်ာက္ထားသူဦးေရမွာ (၄ဝ)ဦးခန႔္သာရွိေၾကာင္း ျပည္တြင္းဘုရားဖူးအသင္းထံမွ သိရသည္။

“ကြၽန္ေတာ္တို႔အသင္းမွာက အသင္းဝင္(၆ဝဝ)ေလာက္ရွိၾကတယ္ ဒါေပမယ့္ အစိုးရက ခြင့္ျပဳတဲ့လိုင္စင္ အသိအမွတ္ျပဳလက္မွတ္ ေလွ်ာက္ထားတဲ့သူက (၄ဝ)ေလာက္ပဲရွိတယ္။ အဲဒီေတာ့ ဘာအေထာက္အထားမွမရွိဘဲ လုပ္ငန္းလုပ္ေနတဲ့သူေတြကို အသိအမွတ္ျပဳလက္မွတ္ေလွ်ာက္ထားၿပီး အသင္းဝင္ရမွာေပါ့။ မေလွ်ာက္တဲ့သူေတြ ကိုေတာ့ ဘယ္လိုဆက္လုပ္မွာလဲ မသိေသးပါဘူး” ဟု ျပည္တြင္းဘုရားဖူးအသင္း အမႈေဆာင္အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။

ထို႔ေၾကာင့္ အသိအမွတ္ျပဳလက္မွတ္ေလွ်ာက္ထားရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး ေဒသဆိုင္ရာခရီးသြား လုပ္ငန္းေကာ္မတီမွ လမ္းၫႊန္ထားၿပီး ျပည္တြင္းဘုရားဖူးလုပ္ငန္း လုပ္ကိုင္သူမ်ားအေနျဖင့္ ဒီဇင္ဘာ(၃၁)ရက္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရန္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

အသိအမွတ္ျပဳလက္မွတ္ေလွ်ာက္ထားသူမ်ားအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာန႐ုံးမွတဆင့္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕သို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပည္တြင္းဘုရားဖူးခရီးသြားလုပ္ငန္မ်ားအား ၂ဝ၂၄ ခုႏွစ္၊ ဇန္နဝါရီ(၁)ရက္မွစတင္၍ သတ္မွတ္ခ်က္ ႏွင့္ အညီ ဝန္ေဆာင္မႈေပးျခင္း ရွိ/မရွိကို သက္ဆိုင္ရာဌာနမ်ားမွ စိစစ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္း ဘုရားဖူးအသင္း အမႈေဆာင္အဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.