နယူးကာဆယ်အသင်းကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို

 973

Pika (NP News) - နိုဝင်ဘာ ၂၆

ချဲလ်ဆီးအသင်းသည် နိုဝင်ဘာလ(၂၅)ရက်က နယူးကာဆယ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်ကာ စိတ်ပျက်မိကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောခဲ့သည်။

ချဲလ်ဆီးအသင်းနှင့် နယူးကာဆယ်အသင်းတို့သည် ပထမပိုင်းတွင် တစ်ဂိုးစီဖြင့် သရေကျနေခဲ့သော်လည်း ဒုတိယပိုင်းတွင် နယူးကာဆယ်အသင်းက (၃)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။

ထို့အပြင် ချဲလ်ဆီးအသင်းသည် စိန်ခေါ်မှုတိုင်းကို ပျောညံ့စွာဖြေရှင်းနေသည်ဟု ခံစားရကြောင်း နည်းပြ ပိုချက်တီနိုက ဝန်ခံပြောခဲ့သည်။ ပိုချက်တီနိုက "ကျွန်တော်တို့ အရေးကြီးတဲ့အရာတစ်ခုခုအတွက် ကစားနေတယ် ဆိုတာကို မပြသနိုင်ခဲ့ပါဘူး။ နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့က ခြေစွမ်းကောင်းမွန်တဲ့အသင်း တစ်သင်းဖြစ်တယ်ဆိုတာရယ် နိုင်ပွဲရရှိဖို့ ခက်ခဲတယ်ဆိုတာရယ် ကျွန်တော်တို့ကို အနိုင်ယူကစားနိုင်ဖို့က ခက်ခဲတယ်ဆိုတာတွေကို ပြသခဲ့သင့်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံက အနိုင်ယူဖို့ အရမ်းလွယ် နေပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းဟာ စိန်ခေါ်မှုတွေတိုင်းမှာ ပျော့ညံ့နေတယ်လို့ ထင်ပါတယ်။ ဒီအချက် က ကျွန်တော့်ကို စိတ်ဆိုးဒေါသဖြစ်စေပြီး စိတ်ပျက်စေတာပါပဲ။ ကျွန်တော်တို့ဟာ ငယ်ရွယ်တဲ့အသင်းတစ်သင်း ဖြစ်ပေမယ့် အကောင်းဆုံးအခွင့်အရေးတွေကိုပြသနိုင်မယ့်အခွင့်အရေးမျိုးကို ကျွန်တော်တို့ အဆုံးရှုံးခံလို့မရပါဘူး" ဟု ပြောခဲ့သည်။

ချဲလ်ဆီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် (၁၃)ပွဲကစားထားကာ (၄)ပွဲနိုင် (၄)ပွဲသရေ (၅)ပွဲရှုံးထားပြီး ရမှတ်(၁၆)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
နယူးကာဆယ္အသင္းကို (၄)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္အတြက္ စိတ္ဆိုးေဒါသျဖစ္ေနတဲ့ ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏို
Pika (NP News) - ႏိုဝင္ဘာ ၂၆

ခ်ဲလ္ဆီးအသင္းသည္ ႏိုဝင္ဘာလ(၂၅)ရက္က နယူးကာဆယ္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္ကို (၄)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့သည့္အတြက္ စိတ္ဆိုးေဒါသျဖစ္ကာ စိတ္ပ်က္မိေၾကာင္း ခ်ဲလ္ဆီးနည္းျပ ပိုခ်က္တီႏိုက ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းႏွင့္ နယူးကာဆယ္အသင္းတို႔သည္ ပထမပိုင္းတြင္ တစ္ဂိုးစီျဖင့္ သေရက်ေနခဲ့ေသာ္လည္း ဒုတိယပိုင္းတြင္ နယူးကာဆယ္အသင္းက (၃)ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီးေနာက္ (၄)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္ သည္။

ထို႔အျပင္ ခ်ဲလ္ဆီးအသင္းသည္ စိန္ေခၚမႈတိုင္းကို ေပ်ာညံ့စြာေျဖရွင္းေနသည္ဟု ခံစားရေၾကာင္း နည္းျပ ပိုခ်က္တီႏိုက ဝန္ခံေျပာခဲ့သည္။ ပိုခ်က္တီႏိုက "ကြၽန္ေတာ္တို႔ အေရးႀကီးတဲ့အရာတစ္ခုခုအတြက္ ကစားေနတယ္ ဆိုတာကို မျပသႏိုင္ခဲ့ပါဘူး။ နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ပြဲမွာ ကြၽန္ေတာ္တို႔က ေျခစြမ္းေကာင္းမြန္တဲ့အသင္း တစ္သင္းျဖစ္တယ္ဆိုတာရယ္ ႏိုင္ပြဲရရွိဖို႔ ခက္ခဲတယ္ဆိုတာရယ္ ကြၽန္ေတာ္တို႔ကို အႏိုင္ယူကစားႏိုင္ဖို႔က ခက္ခဲတယ္ဆိုတာေတြကို ျပသခဲ့သင့္တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကစားခဲ့တဲ့ပုံစံက အႏိုင္ယူဖို႔ အရမ္းလြယ္ ေနပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔အသင္းဟာ စိန္ေခၚမႈေတြတိုင္းမွာ ေပ်ာ့ညံ့ေနတယ္လို႔ ထင္ပါတယ္။ ဒီအခ်က္ က ကြၽန္ေတာ့္ကို စိတ္ဆိုးေဒါသျဖစ္ေစၿပီး စိတ္ပ်က္ေစတာပါပဲ။ ကြၽန္ေတာ္တို႔ဟာ ငယ္႐ြယ္တဲ့အသင္းတစ္သင္း ျဖစ္ေပမယ့္ အေကာင္းဆုံးအခြင့္အေရးေတြကိုျပသႏိုင္မယ့္အခြင့္အေရးမ်ိဳးကို ကြၽန္ေတာ္တို႔ အဆုံးရႈံးခံလို႔မရပါဘူး" ဟု ေျပာခဲ့သည္။

ခ်ဲလ္ဆီးအသင္းသည္ လက္ရွိပရီးမီးယားလိဂ္ရာသီတြင္ (၁၃)ပြဲကစားထားကာ (၄)ပြဲႏိုင္ (၄)ပြဲသေရ (၅)ပြဲရႈံးထားၿပီး ရမွတ္(၁၆)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၁ဝ)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.