စင်ကာပူမှာ COVID-19 ကြောင့် လမ်းလျှောက်ခါစ ကလေးငယ်တစ်ဦး သေဆုံး

 491

ရောင်နီ (NP News) - နိုဝင်ဘာ ၂၆

စင်္ကာပူနိုင်ငံမှာCOVID-19 ကူးစက်ခံထားရတဲ့ အသက် ၁၃ လသား ကလေးငယ်တစ်ဦး အောက်တိုဘာ ၁၂ ရက်က သေဆုံးခဲ့ပါတယ်။ ဒါဟာ ယခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့်နိုင်ငံရဲ့ အသက် ၁၂ နှစ်အောက် လူနာ ပထမဆုံး သေဆုံးခြင်းဖြစ်လာခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန (MOH) က ကလေးငယ်မှာ ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်က COVID-19 ကူးစက်မှု စတင် စမ်းသပ်တွေ့ရှိခဲ့ပြီးအဲဒီနေ့မှာပဲ ချက်ချင်းဆေးရုံတင်ခဲ့တယ်လို့ စနေနေ့ (နိုဝင်ဘာ ၂၅ ရက်) မှာ ပြောကြားခဲ့ ပါတယ်။ ဒါပေမယ့် လူနာဟာ အောက်တိုဘာ ၁၂ ရက်က ကွယ်လွန်သွားခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းမှာ ပြင်းထန်တဲ့ COVID-19 ရောဂါပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်တယ်လို့ တွေ့ရကြောင်း ဆိုပါတယ်။

ဒါဟာ ၂ဝ၂၃ ခုနှစ်အတွင်း COVID-19 ကြောင့် အသက် ၁၂ နှစ်အောင် လူနာ ပထမဆုံးသေဆုံးမှုဖြစ်တယ်လို့ MOH မှ အတည်ပြုခဲ့ပါတယ်။

မနှစ်က စင်ကာပူမှာ COVID-19 ကြောင့် ကလေး သုံးဦး သေဆုံးခဲ့ပါတယ်။ ကလေးငယ်တွေမှာ ပြင်းထန်တဲ့ COVID-19 ဖြစ်ပွားနိုင်ခြေဟာ သက်ကြီးရွယ်အိုတွေထက် နည်းပါးပေမယ့် အထူးသဖြင့် နဂို ကျန်းမာရေးအခံရှိ သူတွေနဲ့ COVID-19 ကာကွယ်ဆေးမထိုးရသေးသူတွေမှာ ပြင်းထန်တဲ့ကူးစက်မှုရလဒ်များ ဖြစ်ပေါ်နိုင်ဆဲဖြစ်တယ်" လို့ MOH က ပြောကြားခဲ့ပြီး အသက်ခြောက်လနဲ့ အထက်ရှိသူအားလုံးကို ကာကွယ်ဆေးထိုးဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

Zawgyi Version;
စင္ကာပူမွာ COVID-19 ေၾကာင့္ လမ္းေလွ်ာက္ခါစ ကေလးငယ္တစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၆

စကၤာပူႏိုင္ငံမွာCOVID-19 ကူးစက္ခံထားရတဲ့ အသက္ ၁၃ လသား ကေလးငယ္တစ္ဦး ေအာက္တိုဘာ ၁၂ ရက္က ေသဆုံးခဲ့ပါတယ္။ ဒါဟာ ယခုႏွစ္အတြင္း ကိုဗစ္ကူးစက္မႈေၾကာင့္ႏိုင္ငံရဲ႕ အသက္ ၁၂ ႏွစ္ေအာက္ လူနာ ပထမဆုံး ေသဆုံးျခင္းျဖစ္လာခဲ့ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန (MOH) က ကေလးငယ္မွာ ၂ဝ၂၃ ခုႏွစ္၊ ေအာက္တိုဘာ ၁ဝ ရက္က COVID-19 ကူးစက္မႈ စတင္ စမ္းသပ္ေတြ႕ရွိခဲ့ၿပီးအဲဒီေန႔မွာပဲ ခ်က္ခ်င္းေဆး႐ုံတင္ခဲ့တယ္လို႔ စေနေန႔ (ႏိုဝင္ဘာ ၂၅ ရက္) မွာ ေျပာၾကားခဲ့ ပါတယ္။ ဒါေပမယ့္ လူနာဟာ ေအာက္တိုဘာ ၁၂ ရက္က ကြယ္လြန္သြားခဲ့ၿပီး ေသဆုံးရျခင္းအေၾကာင္းရင္းမွာ ျပင္းထန္တဲ့ COVID-19 ေရာဂါပိုး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္တယ္လို႔ ေတြ႕ရေၾကာင္း ဆိုပါတယ္။

ဒါဟာ ၂ဝ၂၃ ခုႏွစ္အတြင္း COVID-19 ေၾကာင့္ အသက္ ၁၂ ႏွစ္ေအာင္ လူနာ ပထမဆုံးေသဆုံးမႈျဖစ္တယ္လို႔ MOH မွ အတည္ျပဳခဲ့ပါတယ္။

မႏွစ္က စင္ကာပူမွာ COVID-19 ေၾကာင့္ ကေလး သုံးဦး ေသဆုံးခဲ့ပါတယ္။ ကေလးငယ္ေတြမွာ ျပင္းထန္တဲ့ COVID-19 ျဖစ္ပြားႏိုင္ေျခဟာ သက္ႀကီး႐ြယ္အိုေတြထက္ နည္းပါးေပမယ့္ အထူးသျဖင့္ နဂို က်န္းမာေရးအခံရွိ သူေတြနဲ႔ COVID-19 ကာကြယ္ေဆးမထိုးရေသးသူေတြမွာ ျပင္းထန္တဲ့ကူးစက္မႈရလဒ္မ်ား ျဖစ္ေပၚႏိုင္ဆဲျဖစ္တယ္" လို႔ MOH က ေျပာၾကားခဲ့ၿပီး အသက္ေျခာက္လနဲ႔ အထက္ရွိသူအားလုံးကို ကာကြယ္ေဆးထိုးဖို႔ ဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

Related news

© 2021. All rights reserved.