မြန်မာ-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC စင်တာကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

 1974

ယွန်း (NP News) - နိုဝင်ဘာ ၂၇

မြန်မာ-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC စင်တာကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက နိုဝင်ဘာလ(၂၆)ရက်တွင် Myanmar CDC တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း(Myanmar CDC)သည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိပြီး နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနတစ်ခုဖြစ်သည်။

၎င်းစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လာမည့် (၂၀၂၄)ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားထားသည်။

အဆိုပါဗဟိုဌာနတွင် Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော သုံးထပ်ရောဂါထိန်းချုပ်နှိမ်နင်းရေးအဆောက်အအုံများလည်းပါဝင်ပြီး သင်တန်းသားသင်တန်းသူ (၂၀၀) ခန့်ထားရှိလေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေးသင်တန်းကျောင်း အဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အအုံတို့ပါရှိကြောင်း သိရသည်။

လက်ရှိတွင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကို တရုတ်နိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောထားသည်။

တည်ဆောက်ရေးစီမံကိန်းအား မြန်မာ နှင့် တရုတ်တို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတကာ အဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေး နှင့် ကျန်းမာ ရေးလူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးရေးအတွက် ဗဟိုဌာနတစ်ခုအား မြန်မာနိုင်ငံတွင် ထူထောင်သွားရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ အေကာင္အထည္ေဖာ္ေနသည့္ Myanmar CDC စင္တာကို ၂၀၂၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေန

ယြန္း (NP News) - ႏိုဝင္ဘာ ၂၇

ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ အေကာင္အထည္ေဖာ္ေနသည့္ Myanmar CDC စင္တာကို ၂၀၂၄ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအးထြန္းက ႏိုဝင္ဘာလ(၂၆)ရက္တြင္ Myanmar CDC တည္ေဆာက္ေနမႈကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ႏွိမ္နင္းေရး ဗဟိုဌာန ႏွင့္ က်န္းမာေရးဝန္ထမ္းသင္တန္းေက်ာင္း(Myanmar CDC)သည္ ယြမ္သန္း ၄၀၀ ခန႔္တန္ဖိုးရွိၿပီး ႏိုင္ငံတကာအဆင့္မီေရာဂါထိန္းခ်ဳပ္ႏွိမ္နင္းေရးဗဟိုဌာနတစ္ခုျဖစ္သည္။

၎စီမံကိန္းကို ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလတြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး လာမည့္ (၂၀၂၄)ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ဖြင့္လွစ္၍ လည္ပတ္ေဆာင္႐ြက္ႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း ဒုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

အဆိုပါဗဟိုဌာနတြင္ Biosafety Level 3 အဆင့္အထိရွိေသာ ဓာတ္ခြဲခန္းမ်ားအပါအဝင္ ႏိုင္ငံတကာ အဆင့္မီဓာတ္ခြဲခန္းမ်ား၊ ေရာဂါထိန္းခ်ဳပ္ႏွိမ္နင္းေရး စနစ္မ်ားပါရွိေသာ သုံးထပ္ေရာဂါထိန္းခ်ဳပ္ႏွိမ္နင္းေရးအေဆာက္အအုံမ်ားလည္းပါဝင္ၿပီး သင္တန္းသားသင္တန္းသူ (၂၀၀) ခန႔္ထားရွိေလ့က်င့္သင္ၾကားေပးႏိုင္မည့္ သုံးထပ္က်န္းမာေရးသင္တန္းေက်ာင္း အေဆာက္အအုံႏွင့္ ႏွစ္ထပ္အုပ္ခ်ဳပ္မႈ ဆိုင္ရာ အေဆာက္အအုံတို႔ပါရွိေၾကာင္း သိရသည္။

လက္ရွိတြင္ Myanmar CDC တြင္ တာဝန္ထမ္းေဆာင္ၾကမည့္ က်န္းမာေရးဝန္ထမ္းမ်ားကို တ႐ုတ္ႏိုင္ငံသို႔ ေစလႊတ္၍ ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာထားသည္။

တည္ေဆာက္ေရးစီမံကိန္းအား ျမန္မာ ႏွင့္ တ႐ုတ္တို႔၏ ခ်စ္ၾကည္ေရးသေကၤတအျဖစ္ အေရွ႕ေတာင္အာရွေဒသအတြင္း ႏိုင္ငံတကာ အဆင့္မီ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး၊ သုေတသနျပဳလုပ္ေရး ႏွင့္ က်န္းမာ ေရးလူ႔စြမ္းအား အရင္းအျမစ္မ်ားဖြံ႕ၿဖိဳးေရးအတြက္ ဗဟိုဌာနတစ္ခုအား ျမန္မာႏိုင္ငံတြင္ ထူေထာင္သြားရန္ ရည္႐ြယ္၍ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.