သြစတြေးလျအစိုးရရဲ့ဗီဇာငြင်းပယ်မှုကြောင့် ရှမ်းယူနိုက်အသင်းနဲ့ Macarthur FC ကလပ်ကစားမယ့် AFC Cup ပွဲစဉ်ကို ကြားကွင်းပြောင်းရွှေ့ကစားမယ်

 745

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

သြစတြေးလျအစိုးရရဲ့ဗီဇာငြင်းပယ်မှုတွေကြောင့် မြန်မာနိုင်ငံရှမ်းယူနိုက်အသင်းနဲ့ သြစတြေးလျကလပ် Macarthur FC တို့ ကစားမယ့် AFC Cup ပွဲစဉ်ကို ကြားကွင်းပြောင်းကန်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘောလုံးကွင်းမှာ ပြောင်းရွှေ့ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

သြစတြေးလျအခြေစိုက် Macarthur ကလပ်ဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလက အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် လူအခွင့်ရေးအဖွဲ့အစည်းများရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

သြစတြေးလျအစိုးရဟာ လက်ရှိအချိန်မှာ မြန်မာရှမ်းယူနိုက်အသင်းကစားသမားတွေကို ဗီဇာခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် AFC Cup ပွဲစဉ်ကို ကြားကွင်းကိုပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ သြစတြေးလျဘောလုံးအဖွဲ့ချုပ်က "သြစတြေးလျအစိုးရဟာ ရှမ်းယူနိုက်တက်ကစားသမားတွေကို ဗီဇာခွင့်ပြုပေး ဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒီပွဲစဉ်ကို သြစတြေးလျမြေပေါ်မှာ ကစားခွင့်မရှိတော့တဲ့အတွက် ကြားကွင်းကို ပြောင်းရွှေ့ ကစားသွားမှာဖြစ်တယ်" လို့ ပြောပါတယ်။

သြစတြေးလျအစိုးရဟာ လက်ရှိအချိန်မှာ လုံခြုံရေးအခြေအနေများကြောင့် သြစတြေးလျနိုင်ငံသားတွေကို မြန်မာ နိုင်ငံထံ ခရီးမသွားဖို့ အကြံပေးထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီးနောက် သြစတြေးလျအစိုးရဟာ နစကကို ဝေဖန်ပြစ်တင်မှု တွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်နဲ့ Macarthur ကလပ်ပွဲစဉ်ကို လာမယ့်နိုဝင်ဘာ ၃ဝ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။

ရှမ်းယူနိုက်တက်နဲ့ သြစတြေးကလပ်တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ခဲ့ရာ ရှမ်းယူနိုက်တက်အသင်း ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ၾသစေၾတးလ်အစိုးရရဲ႕ဗီဇာျငင္းပယ္မႈေၾကာင့္ ရွမ္းယူႏိုက္အသင္းနဲ႔ Macarthur FC ကလပ္ကစားမယ့္ AFC Cup ပြဲစဥ္ကို ၾကားကြင္းေျပာင္းေ႐ႊ႕ကစားမယ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

ၾသစေၾတးလ်အစိုးရရဲ႕ဗီဇာျငင္းပယ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံရွမ္းယူႏိုက္အသင္းနဲ႔ ၾသစေၾတးလ်ကလပ္ Macarthur FC တို႔ ကစားမယ့္ AFC Cup ပြဲစဥ္ကို ၾကားကြင္းေျပာင္းကန္သြားမွာျဖစ္ၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ေဘာလုံးကြင္းမွာ ေျပာင္းေ႐ႊ႕ကစားသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ၾသစေၾတးလ်အေျခစိုက္ Macarthur ကလပ္ဟာ ရွမ္းယူႏိုက္တက္အသင္းနဲ႔ ၿပီးခဲ့တဲ့စက္တင္ဘာလက အေဝးကြင္း သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့အတြက္ လူအခြင့္ေရးအဖြဲ႕အစည္းမ်ားရဲ႕ ေဝဖန္ျပစ္တင္မႈေတြကို ရင္ဆိုင္ခဲ့ရေၾကာင္း သိရပါတယ္။

ၾသစေၾတးလ်အစိုးရဟာ လက္ရွိအခ်ိန္မွာ ျမန္မာရွမ္းယူႏိုက္အသင္းကစားသမားေတြကို ဗီဇာခြင့္ျပဳေပးဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ AFC Cup ပြဲစဥ္ကို ၾကားကြင္းကိုေျပာင္းေ႐ႊ႕ကစားဖို႔ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ၾသစေၾတးလ်ေဘာလုံးအဖြဲ႕ခ်ဳပ္က "ၾသစေၾတးလ်အစိုးရဟာ ရွမ္းယူႏိုက္တက္ကစားသမားေတြကို ဗီဇာခြင့္ျပဳေပး ဖို႔ ျငင္းဆန္ခဲ့တယ္။ အဲဒီပြဲစဥ္ကို ၾသစေၾတးလ်ေျမေပၚမွာ ကစားခြင့္မရွိေတာ့တဲ့အတြက္ ၾကားကြင္းကို ေျပာင္းေ႐ႊ႕ ကစားသြားမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

ၾသစေၾတးလ်အစိုးရဟာ လက္ရွိအခ်ိန္မွာ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ ၾသစေၾတးလ်ႏိုင္ငံသားေတြကို ျမန္မာ ႏိုင္ငံထံ ခရီးမသြားဖို႔ အႀကံေပးထားေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံမွာ အာဏာအျငင္းပြားမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ၾသစေၾတးလ်အစိုးရဟာ နစကကို ေဝဖန္ျပစ္တင္မႈ ေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ ရွမ္းယူႏိုက္တက္နဲ႔ Macarthur ကလပ္ပြဲစဥ္ကို လာမယ့္ႏိုဝင္ဘာ ၃ဝ ရက္မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ေၾကာင္း သိရပါတယ္။

ရွမ္းယူႏိုက္တက္နဲ႔ ၾသစေၾတးကလပ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက ရန္ကုန္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ခဲ့ရာ ရွမ္းယူႏိုက္တက္အသင္း ၃ ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.