တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာ

4977

ယွန်း (NP News) - နိုဝင်ဘာ ၂၇
တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူ များ ပြန်လည်စည်ကားလာကြောင်း ကျိုက်ထီးရိုးဘုရားဂေါကပအဖွဲ့ထံမှ သိရသည်။
ယခုနှစ်(၂ဝ၂၃ ခုနှစ်) တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူး အများအပြား လာရောက်လျက်ရှိပြီး ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာ ကြောင်း သိရသည်။
“ဘုရားဖူးကတော့ များတယ်။ မနေ့က အဖိတ်နေ့မှာဆိုရင် ဘုရားဖူးက (၁၃ဝဝ)ကျော် လောက်လာတယ်။ တချို့က လည်း တစ်ယောက်ချင်းစာရင်းပေးတယ် တချို့ကတော့ ဘယ်သူနဲ့အဖွဲ့ဆိုပြီး အဖွဲ့လိုက်ပဲ စာရင်းပေးသွားတဲ့သူ တွေလည်း ရှိတယ်။ စာရင်းတွေအရတော့ (၁၃၇၇)ပဲ ပြီးခဲ့တဲ့နှစ်နဲ့ ယှဥ်ရင်တော့ လာတဲ့သူများတယ်။ ဒီနေ့မှာလည်း ဘုရားဖူးတွေလာပါတယ်” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
လွန်ခဲ့သောနှစ်ပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါပျံ့ပွားကူးစက်မှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဘုရားဖူး လာရောက်သူ နည်းပါးခဲ့သော်လည်း ယခုနှစ်တွင်ဘုရားဖူးဦးရေ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
“ကိုဗစ်မတိုင်ခင်တုန်းကတော့ တော်တော်စည်းကားခဲ့တာပေါ့ဗျာ။ အခုကတော့ သိပ်မစည်ကားတော့ဘူးပေါ့။ ဒါပေမယ့် ကိုဗစ်ဖြစ်ပြီးကာလမှာ လာတဲ့လူဦးရေနဲ့နှိုင်းယှဥ်ရင်တော့ ပြန်ပြီးစည်ကားလာတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဘုရားဖူးပြည်သူများ၏ လုံခြုံရေးနှင့်ပတ်သက်၍လည်း လုံခြုံရေးအဖွဲ့ဝင်များက အလေးပေးဆောင်ရွက်လျှက်ရှိပြီး နေထိုင်ရေး အပါအဝင် စားသောက်ရေးတို့ကိုလည်း ဂေါပကအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“လုံခြုံရေးနဲ့ပတ်သက်ရင်လည်း လုံခြုံရေးအဖွဲ့ဝင်တွေက လမ်းခရီးတစ်လျှောက်မှာ ထိန်းသိမ်းဆောင်ရွက်ပေးနေ တာတွေရှိတယ်။ အပေါ်ရောက်ရင်လည်း ရင်ပြင်တော်ပေါ်မှာ လုံခြုံရေးကိစ္စကို တာဝန်ယူကြပါတယ်။ ဂေါပက အဖွဲ့တွေကလည်း ဘုရားဖူးတွေရဲ့ စားရေး၊ သောက်ရေး၊ နေထိုင်ရေးတွေကို ချို့ယွင်းချက်မရှိအောင် ဟိုတယ်တွေ မော်တော်ယာဥ်လိုင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ဦးစိုးလှက ဆက်လက်ပြောသည်။
ကျိုက်ထီးရိုးဘုရားသို့ ယခု ၂ဝ၂၃ ခုနှစ် (၁ဝ)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးလာရောက်သူဦးရေ သည် (၁၇ဝဝဝဝ) ကျော်ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
တန္ေဆာင္တိုင္ကာလအတြင္း က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္၌ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ဘုရားဖူးျပည္သူ မ်ား ျပန္လည္စည္ကားလာ
ယြန္း (NP News) - ႏိုဝင္ဘာ ၂၇
တန္ေဆာင္တိုင္ကာလအတြင္း က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္၌ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ဘုရားဖူးျပည္သူ မ်ား ျပန္လည္စည္ကားလာေၾကာင္း က်ိဳက္ထီး႐ိုးဘုရားေဂါကပအဖြဲ႕ထံမွ သိရသည္။
ယခုႏွစ္(၂ဝ၂၃ ခုႏွစ္) တန္ေဆာင္တိုင္ကာလအတြင္း က်ိဳက္ထီး႐ိုးေစတီေတာ္ႀကီးသို႔ ျပည္တြင္း၊ ျပည္ပဘုရားဖူး အမ်ားအျပား လာေရာက္လ်က္ရွိၿပီး ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ဘုရားဖူးျပည္သူမ်ား ျပန္လည္စည္ကားလာ ေၾကာင္း သိရသည္။
“ဘုရားဖူးကေတာ့ မ်ားတယ္။ မေန႔က အဖိတ္ေန႔မွာဆိုရင္ ဘုရားဖူးက (၁၃ဝဝ)ေက်ာ္ ေလာက္လာတယ္။ တခ်ိဳ႕က လည္း တစ္ေယာက္ခ်င္းစာရင္းေပးတယ္ တခ်ိဳ႕ကေတာ့ ဘယ္သူနဲ႔အဖြဲ႕ဆိုၿပီး အဖြဲ႕လိုက္ပဲ စာရင္းေပးသြားတဲ့သူ ေတြလည္း ရွိတယ္။ စာရင္းေတြအရေတာ့ (၁၃၇၇)ပဲ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ယွဥ္ရင္ေတာ့ လာတဲ့သူမ်ားတယ္။ ဒီေန႔မွာလည္း ဘုရားဖူးေတြလာပါတယ္” ဟု က်ိဳက္ထီး႐ိုးေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက NP News ကို ေျပာသည္။
လြန္ခဲ့ေသာႏွစ္ပိုင္းအတြင္း ကိုဗစ္ကပ္ေရာဂါပ်ံ႕ပြားကူးစက္မႈႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ဘုရားဖူး လာေရာက္သူ နည္းပါးခဲ့ေသာ္လည္း ယခုႏွစ္တြင္ဘုရားဖူးဦးေရ အနည္းငယ္ျပန္လည္ျမင့္တက္လာေၾကာင္း သိရသည္။
“ကိုဗစ္မတိုင္ခင္တုန္းကေတာ့ ေတာ္ေတာ္စည္းကားခဲ့တာေပါ့ဗ်ာ။ အခုကေတာ့ သိပ္မစည္ကားေတာ့ဘူးေပါ့။ ဒါေပမယ့္ ကိုဗစ္ျဖစ္ၿပီးကာလမွာ လာတဲ့လူဦးေရနဲ႔ႏႈိင္းယွဥ္ရင္ေတာ့ ျပန္ၿပီးစည္ကားလာတယ္လို႔ ေျပာလို႔ရတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ဘုရားဖူးျပည္သူမ်ား၏ လုံၿခဳံေရးႏွင့္ပတ္သက္၍လည္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အေလးေပးေဆာင္႐ြက္လွ်က္ရွိၿပီး ေနထိုင္ေရး အပါအဝင္ စားေသာက္ေရးတို႔ကိုလည္း ေဂါပကအဖြဲ႕မွ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
“လုံၿခဳံေရးနဲ႔ပတ္သက္ရင္လည္း လုံၿခဳံေရးအဖြဲ႕ဝင္ေတြက လမ္းခရီးတစ္ေလွ်ာက္မွာ ထိန္းသိမ္းေဆာင္႐ြက္ေပးေန တာေတြရွိတယ္။ အေပၚေရာက္ရင္လည္း ရင္ျပင္ေတာ္ေပၚမွာ လုံၿခဳံေရးကိစၥကို တာဝန္ယူၾကပါတယ္။ ေဂါပက အဖြဲ႕ေတြကလည္း ဘုရားဖူးေတြရဲ႕ စားေရး၊ ေသာက္ေရး၊ ေနထိုင္ေရးေတြကို ခ်ိဳ႕ယြင္းခ်က္မရွိေအာင္ ဟိုတယ္ေတြ ေမာ္ေတာ္ယာဥ္လိုင္းေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္႐ြက္ေနပါတယ္” ဟု ဦးစိုးလွက ဆက္လက္ေျပာသည္။
က်ိဳက္ထီး႐ိုးဘုရားသို႔ ယခု ၂ဝ၂၃ ခုႏွစ္ (၁ဝ)လတာကာလအတြင္း ျပည္တြင္း၊ ျပည္ပဘုရားဖူးလာေရာက္သူဦးေရ သည္ (၁၇ဝဝဝဝ) ေက်ာ္ရွိခဲ့ေၾကာင္း သိရသည္။