Bicycle kick သွင်းယူနိုင်ခဲ့သော ဂါနာချိုကို အသင်းကစားသမားဟောင်း ရွန်းနီ၊ စီရော်နယ်ဒိုတို့နှင့် မနှိုင်းယှဉ်သင့်ကြောင်း မန်ယူနည်းပြ ထုတ်ဖော်ပြော

 806

Pika (NP News) - နိုဝင်ဘာ ၂၇

အဲဗာတန်အသင်းကို (၃)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် မန်ယူအသင်းတောင်ပံကစားသမား ဂါနာချို သည် bicycle kick ဖြင့် အကောင်းဆုံးဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ၎င်းကို အသင်းကစားသမားဟောင်း ရွန်းနီ၊ စီရော်နယ်ဒိုတို့နှင့် မနှိုင်းယှဉ်သင့်ကြောင်း မန်ယူနည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။

အသင်းကစားသမားဟောင်းများဖြစ်သော ရွန်းနီ နှင့် စီရော်နယ်ဒိုတို့သည် ၎င်းတို့၏ ကစားသမားသက်တမ်း တစ်လျှောက် bicycle kick ဂိုးများကို သွင်းယူနိုင်ခဲ့ပြီး အသက်(၁၉)နှစ်အရွယ် ဂါနာချိုကို ၎င်းတို့နှင့် နှိုင်းယှဉ်ရန်မှာ စောလွန်းသေးကြောင်း နည်းပြတန်ဟက်က အခိုင်အမာပြောခဲ့သည်။

တန်ဟက် က "ဂါနာချိုကို စီရော်နယ်ဒို၊ ရွန်းနီတို့နဲ့မနှိုင်းယှဉ်ကြပါနဲ့။ အဲဒါက မမှန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ စီရော်နယ်ဒိုနဲ့ ရွန်းနီတို့မှာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေရှိပေမယ့် ဂါနာချိုအတွက်ကတော့ အဲဒီလိုဖြစ်ဖို့ အများကြီး ကြိုးစားရဦးမှာပါ။ သူအရမ်းကြိုးစားဖို့ လိုပါသေးတယ်။ ဒီလို bicycle kick သွင်းဂိုးတွေကို ကျွန်တော် တို့ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးပါပြီ။ ဒါပေမယ့် ရွန်းနီ နဲ့ စီရော်နယ်ဒိုတို့လို ကစားသမားမျိုး ဖြစ်ချင်တယ် ဆိုရင်တော့ ပရီးမီးယားလိဂ်ရာသီတိုင်းမှာ (၂ဝ-၂၅) ဂိုးလောက် သွင်းယူနိုင်ရပါမယ်။ ဒီလိုမျိုး ဂိုးသွင်းနိုင်ဖို့က မလွယ်ကူပါဘူး။ ပြီးတော့ အများကြီးကြိုးစားဖို့လည်း လိုအပ်ပါတယ်။ ဂါနာချိုမှာ အလားအလာတွေ အများကြီး ရှိပေမယ့် သူ့ကို စီရော်နယ်ဒို၊ ရွန်းနီတို့နဲ့ နှိုင်းယှဉ်ဖို့ကတော့ စောပါသေးတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
Bicycle kick သြင္းယူႏိုင္ခဲ့ေသာ ဂါနာခ်ိဳကို အသင္းကစားသမားေဟာင္း ႐ြန္းနီ၊ စီေရာ္နယ္ဒိုတို႔ႏွင့္ မႏႈိင္းယွဥ္သင့္ေၾကာင္း မန္ယူနည္းျပ ထုတ္ေဖာ္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၇

အဲဗာတန္အသင္းကို (၃)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေသာပြဲတြင္ မန္ယူအသင္းေတာင္ပံကစားသမား ဂါနာခ်ိဳ သည္ bicycle kick ျဖင့္ အေကာင္းဆုံးဂိုးကို သြင္းယူႏိုင္ခဲ့ေသာ္လည္း ၎ကို အသင္းကစားသမားေဟာင္း ႐ြန္းနီ၊ စီေရာ္နယ္ဒိုတို႔ႏွင့္ မႏႈိင္းယွဥ္သင့္ေၾကာင္း မန္ယူနည္းျပတန္ဟက္က ထုတ္ေဖာ္ေျပာခဲ့သည္။

အသင္းကစားသမားေဟာင္းမ်ားျဖစ္ေသာ ႐ြန္းနီ ႏွင့္ စီေရာ္နယ္ဒိုတို႔သည္ ၎တို႔၏ ကစားသမားသက္တမ္း တစ္ေလွ်ာက္ bicycle kick ဂိုးမ်ားကို သြင္းယူႏိုင္ခဲ့ၿပီး အသက္(၁၉)ႏွစ္အ႐ြယ္ ဂါနာခ်ိဳကို ၎တို႔ႏွင့္ ႏႈိင္းယွဥ္ရန္မွာ ေစာလြန္းေသးေၾကာင္း နည္းျပတန္ဟက္က အခိုင္အမာေျပာခဲ့သည္။

တန္ဟက္ က "ဂါနာခ်ိဳကို စီေရာ္နယ္ဒို၊ ႐ြန္းနီတို႔နဲ႔မႏႈိင္းယွဥ္ၾကပါနဲ႔။ အဲဒါက မမွန္ဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ စီေရာ္နယ္ဒိုနဲ႔ ႐ြန္းနီတို႔မွာ သူတို႔ရဲ႕ကိုယ္ပိုင္လကၡဏာေတြရွိေပမယ့္ ဂါနာခ်ိဳအတြက္ကေတာ့ အဲဒီလိုျဖစ္ဖို႔ အမ်ားႀကီး ႀကိဳးစားရဦးမွာပါ။ သူအရမ္းႀကိဳးစားဖို႔ လိုပါေသးတယ္။ ဒီလို bicycle kick သြင္းဂိုးေတြကို ကြၽန္ေတာ္ တို႔ အႀကိမ္ေပါင္းမ်ားစြာ ျမင္ဖူးၿပီးပါၿပီ။ ဒါေပမယ့္ ႐ြန္းနီ နဲ႔ စီေရာ္နယ္ဒိုတို႔လို ကစားသမားမ်ိဳး ျဖစ္ခ်င္တယ္ ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ရာသီတိုင္းမွာ (၂ဝ-၂၅) ဂိုးေလာက္ သြင္းယူႏိုင္ရပါမယ္။ ဒီလိုမ်ိဳး ဂိုးသြင္းႏိုင္ဖို႔က မလြယ္ကူပါဘူး။ ၿပီးေတာ့ အမ်ားႀကီးႀကိဳးစားဖို႔လည္း လိုအပ္ပါတယ္။ ဂါနာခ်ိဳမွာ အလားအလာေတြ အမ်ားႀကီး ရွိေပမယ့္ သူ႔ကို စီေရာ္နယ္ဒို၊ ႐ြန္းနီတို႔နဲ႔ ႏႈိင္းယွဥ္ဖို႔ကေတာ့ ေစာပါေသးတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.