တောင်ကိုရီးယားနာမည်ကျော်များဖြစ်တဲ့ V၊ လီမင်ဟိုနဲ့ လီဂျန်ဂျေးတို့နဲ့တွေ့ရတဲ့ ဖက်ရှင်ဒီဇိုင်နာ ရီကာဒိုတိုက်စီ

387

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈
ကမ္ဘာကျော်အီတလီဖက်ရှင်ဒီဇိုင်နာ၊ Burberry Limited အရာရှိချုပ်ဟောင်း ရီကာဒိုတိုက်စီနဲ့ တောင်ကိုရီးယား နာမည်ကျော်တွေနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ အင်စတာဂရမ်မှာ တွေ့လာရပါတယ်။
၎င်းနဲ့အတူ တွေ့ခဲ့ရတဲ့ တောင်ကိုရီးယားနာမည်ကျော်တွေကတော့ BTS အဖွဲ့ဝင် V၊ လီမင်ဟို၊ Squit Game မင်းသားချော လီဂျန်ဂျေးတို့ဖြစ်ပြီး လီမင်ဂျေးက ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်မှာ နိုဝင်ဘာ ၂၇ ရက်က မျှဝေခဲ့တာပါ။ ဒါမတိုင်ခင်ကလည်း ရီကာဒိုတိုက်စီဟာ တောင်ကိုရီးယားရှိ နာမည်ကြီးနေရာတွေကို သွားရောက် လည်ပတ်ခဲ့တဲ့ဓာတ်ပုံတွေကို မျှဝေခဲ့ပါသေးတယ်။
ရီကာဒိုတိုက်စီဟာ Burberry ရဲ့ အရာရှိချုပ်ဟောင်းဖြစ်ပြီး သူ့ရဲ့ ဖန်တီးမှုစွမ်းရည်တွေကို ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ အားကစားနဲ့ ဖက်ရှင်လောကတွေထိ ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့နိုင်တဲ့ နာမည်ကျော် ဒီဇိုင်နာတစ်ယောက် ဖြစ်ပါ တယ်။ အခုပုံတွေကတော့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို မြင်တွေ့နိုင်ပါတယ်။
BTS အဖွဲ့ဝင် V ဟာ ၎င်းရဲ့အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ RM၊ ဂျီမင်၊ ဂျောင်ကွတ်တို့နဲ့အတူ စစ်မှုထမ်းဖို့ ပြင်ဆင်နေပြီး လီမင်ဟိုကတော့ သူ့ရဲ့နောက်ထပ် ဒရာမာဇာတ်လမ်းတွဲ "Ask the Stars” အတွက် ပြင်ဆင်နေပါတယ်။ Squid Game ကြယ်ပွင့် လီဂျန်ဂျေးကတော့ သူ့ရဲ့နာမည်ကျော်စီးရီး “Squid Game” ရဲ့ Season 2 အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားနာမည္ေက်ာ္မ်ားျဖစ္တဲ့ V၊ လီမင္ဟိုနဲ႔ လီဂ်န္ေဂ်းတို႔နဲ႔ေတြ႕ရတဲ့ ဖက္ရွင္ဒီဇိုင္နာ ရီကာဒိုတိုက္စီ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈
ကမာၻေက်ာ္အီတလီဖက္ရွင္ဒီဇိုင္နာ၊ Burberry Limited အရာရွိခ်ဳပ္ေဟာင္း ရီကာဒိုတိုက္စီနဲ႔ ေတာင္ကိုရီးယား နာမည္ေက်ာ္ေတြနဲ႔ တြဲဖက္႐ိုက္ကူးထားတဲ့ဓာတ္ပုံေတြ အင္စတာဂရမ္မွာ ေတြ႕လာရပါတယ္။
၎နဲ႔အတူ ေတြ႕ခဲ့ရတဲ့ ေတာင္ကိုရီးယားနာမည္ေက်ာ္ေတြကေတာ့ BTS အဖြဲ႕ဝင္ V၊ လီမင္ဟို၊ Squit Game မင္းသားေခ်ာ လီဂ်န္ေဂ်းတို႔ျဖစ္ၿပီး လီမင္ေဂ်းက ဓာတ္ပုံေတြကို သူ႔ရဲ႕အင္စတာဂရမ္မွာ ႏိုဝင္ဘာ ၂၇ ရက္က မွ်ေဝခဲ့တာပါ။ ဒါမတိုင္ခင္ကလည္း ရီကာဒိုတိုက္စီဟာ ေတာင္ကိုရီးယားရွိ နာမည္ႀကီးေနရာေတြကို သြားေရာက္ လည္ပတ္ခဲ့တဲ့ဓာတ္ပုံေတြကို မွ်ေဝခဲ့ပါေသးတယ္။
ရီကာဒိုတိုက္စီဟာ Burberry ရဲ႕ အရာရွိခ်ဳပ္ေဟာင္းျဖစ္ၿပီး သူ႔ရဲ႕ ဖန္တီးမႈစြမ္းရည္ေတြကို ဂီတ၊ ႐ုပ္ရွင္၊ အႏုပညာ၊ အားကစားနဲ႔ ဖက္ရွင္ေလာကေတြထိ က်ယ္က်ယ္ျပန္႔ျပန္႔ျမင္ေတြ႕ႏိုင္တဲ့ နာမည္ေက်ာ္ ဒီဇိုင္နာတစ္ေယာက္ ျဖစ္ပါ တယ္။ အခုပုံေတြကေတာ့ သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈကို ျမင္ေတြ႕ႏိုင္ပါတယ္။
BTS အဖြဲ႕ဝင္ V ဟာ ၎ရဲ႕အျခားအဖြဲ႕ဝင္ေတြျဖစ္တဲ့ RM၊ ဂ်ီမင္၊ ေဂ်ာင္ကြတ္တို႔နဲ႔အတူ စစ္မႈထမ္းဖို႔ ျပင္ဆင္ေနၿပီး လီမင္ဟိုကေတာ့ သူ႔ရဲ႕ေနာက္ထပ္ ဒရာမာဇာတ္လမ္းတြဲ "Ask the Stars” အတြက္ ျပင္ဆင္ေနပါတယ္။ Squid Game ၾကယ္ပြင့္ လီဂ်န္ေဂ်းကေတာ့ သူ႔ရဲ႕နာမည္ေက်ာ္စီးရီး “Squid Game” ရဲ႕ Season 2 အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။