MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲအား VUC FC နှင့် Generations FC တို့ယှဥ်ပြိုင်ကစားမည်

 368

ကျော် (NP News) - နိုဝင်ဘာ ၂၈

MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲအား VUC FC နှင့် Generations FC တို့သည်မနက်ဖြန်(နိုဝင်ဘာလ ၂၉ ရက်)တွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

VUC FC နှင့် Generations FC တို့၏ ဗိုလ်လုပွဲအား ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းရှိ MFF Futsal Stadium တွင် မနက်ဖြန်၊ နေ့လည် ၃ နာရီ၌ စတင်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တတိယနေရာလုပွဲအဖြစ် ယှဥ်ပြိုင်ကစားမည့် MIU FC နှင့် M-Million FC အသင်းတို့၏ပွဲစဥ်ကိုလည်း မနက်ဖြန်၊ နေ့လည် ၁ နာရီတွင် MFF Futsal Stadium ၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲအား (၄)သင်းပါ (၂)အုပ်စု၊ (၃)သင်းပါ (၆)အုပ်စု (စုစုပေါင်း အုပ်စု ၈ စု)ခွဲ၍ နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းမှစတင်ကာ အုပ်စုပွဲစဥ်များအဖြစ် တစ်ရက်လျှင် ၆ ပွဲနှုန်းဖြင့် ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါ MFF Rhino Futsal Championship 2023 ပြိုင်ပွဲအား အသင်းပေါင်း ၂၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

zawgyi version
MFF Rhino Futsal Championship 2023 ၿပိဳင္ပြဲ ဗိုလ္လုပြဲအား VUC FC ႏွင့္ Generations FC တို႔ယွဥ္ၿပိဳင္ကစားမည္
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၈

MFF Rhino Futsal Championship 2023 ၿပိဳင္ပြဲ ဗိုလ္လုပြဲအား VUC FC ႏွင့္ Generations FC တို႔သည္မနက္ျဖန္(ႏိုဝင္ဘာလ ၂၉ ရက္)တြင္ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

VUC FC ႏွင့္ Generations FC တို႔၏ ဗိုလ္လုပြဲအား ရန္ကုန္ၿမိဳ႕၊ သုဝဏၰကြင္းရွိ MFF Futsal Stadium တြင္ မနက္ျဖန္၊ ေန႔လည္ ၃ နာရီ၌ စတင္ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ တတိယေနရာလုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမည့္ MIU FC ႏွင့္ M-Million FC အသင္းတို႔၏ပြဲစဥ္ကိုလည္း မနက္ျဖန္၊ ေန႔လည္ ၁ နာရီတြင္ MFF Futsal Stadium ၌က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

MFF Rhino Futsal Championship 2023 ၿပိဳင္ပြဲအား (၄)သင္းပါ (၂)အုပ္စု၊ (၃)သင္းပါ (၆)အုပ္စု (စုစုေပါင္း အုပ္စု ၈ စု)ခြဲ၍ ႏိုဝင္ဘာလ ၁၆ ရက္၊ နံနက္ပိုင္းမွစတင္ကာ အုပ္စုပြဲစဥ္မ်ားအျဖစ္ တစ္ရက္လွ်င္ ၆ ပြဲႏႈန္းျဖင့္ ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။

အဆိုပါ MFF Rhino Futsal Championship 2023 ၿပိဳင္ပြဲအား အသင္းေပါင္း ၂၆ သင္းပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.