လာမည့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့၌ မိုးရွာသွန်းနိုင်ကြောင်း မိုးဇလခန့်မှန်း

 860

ယွန်း (NP News) - နိုဝင်ဘာ ၂၈

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။

မိုးဇလမှ ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ထုတ်ပြန်သည့် ဒီဇင်ဘာလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုးဇလ၏ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလက္ကာရေလက်ကြား(Malacca Strait)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက်တည်ရှိနေပြီး လာမည့် ဒီဇင်ဘာလ(၁)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

“ဆိုင်ကလုန်းမုန်တိုင်းတော့ မဖြစ်သေးဘူးပေါ့။ လမ်းကြောင်းမပြောင်းခဲ့ရင်တော့ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းတွေမှာတော့ လဆန်းပိုင်းမှာ မိုးရွာသွန်းတာတွေဖြစ်နိုင်တယ်။ ဆောင်းသီးနှံတွေအတွက်တော့ သတိထားရမှာပေါ့”ဟု မိုးဇလညွှန်ကြား ရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။

အဆိုပါသက်ရောက်မှုကြောင့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင် နှင့် မွန်တို့တွင် မိုးရွာသွန်းနိုင်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း နှင့် ကယားတို့တွင်လည်း (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

မိုးဇလ၏ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင်ပိုမိုအားကောင်းလာသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။

zawgyi version
လာမည့္ဒီဇင္ဘာလအတြင္း ျမန္မာႏိုင္ငံရွိ ေဒသအခ်ိဳ႕၌ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလခန္႔မွန္း
ယြန္း (NP News) - ႏိုဝင္ဘာ ၂၈

ကပၸလီပင္လယ္ျပင္တြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ လာမည့္ ဒီဇင္ဘာလအတြင္း ျမန္မာႏိုင္ငံရွိ ေဒသအခ်ိဳ႕တြင္ မိုး႐ြာသြန္းမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထုတ္ျပန္ထားသည္။

မိုးဇလမွ ယေန႔(ႏိုဝင္ဘာလ ၂၈ ရက္)တြင္ ထုတ္ျပန္သည့္ ဒီဇင္ဘာလပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

မိုးဇလ၏ခန႔္မွန္းခ်က္အရ ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္း ႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ မလကၠာေရလက္ၾကား(Malacca Strait)တို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area) သည္ ဆက္လက္တည္ရွိေနၿပီး လာမည့္ ဒီဇင္ဘာလ(၁)ရက္တြင္ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

“ဆိုင္ကလုန္းမုန္တိုင္းေတာ့ မျဖစ္ေသးဘူးေပါ့။ လမ္းေၾကာင္းမေျပာင္းခဲ့ရင္ေတာ့ သက္ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံအလယ္ပိုင္း၊ အထက္ပိုင္းေတြမွာေတာ့ လဆန္းပိုင္းမွာ မိုး႐ြာသြန္းတာေတြျဖစ္ႏိုင္တယ္။ ေဆာင္းသီးႏွံေတြအတြက္ေတာ့ သတိထားရမွာေပါ့”ဟု မိုးဇလၫႊန္ၾကား ေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။

အဆိုပါသက္ေရာက္မႈေၾကာင့္ စစ္ကိုင္း၊ မေကြး၊ တနသၤာရီ၊ ကခ်င္၊ ခ်င္း၊ ရခိုင္၊ ကရင္ ႏွင့္ မြန္တို႔တြင္ မိုး႐ြာသြန္းႏိုင္ၿပီး ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး၊ ပဲခူး၊ ဧရာဝတီ၊ ရွမ္း ႏွင့္ ကယားတို႔တြင္လည္း (၁)ရက္မွ (၃)ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

မိုးဇလ၏ခန႔္မွန္းခ်က္အရ လာမည့္ ဒီဇင္ဘာလအတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္ဝန္း(၂) ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး (၁)ႀကိမ္တြင္ပိုမိုအားေကာင္းလာေသာ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.