ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေး (၅၀၀၀)ကျပ်အထိဖြစ်လာ

 418

Pearl (NP News) - နိုဝင်ဘာ ၂၈

ယခုသီတင်းပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးအား တစ်ပိဿာလျှင် ၅၀၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပြန်ပေးလျက်ရှိရာ အောက်တိုဘာလ (၃၁)ရက်မှ နိုဝင်ဘာလ (၅)ရက်ထိ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးကို (၄,၅၇၀)ကျပ် ၊ နိုဝင်ဘာလ (၆)ရက် မှ (၁၂)ရက်ထိကို (၄,၅၆၀)ကျပ်၊ နိုဝင်ဘာလ (၁၃)ရက် မှ (၁၉)ရက်ထိကို (၄,၆၈၀)ကျပ်၊ နိုဝင်ဘာလ (၂၀)ရက် မှ(၂၇)ရက်ထိကို (၄,၉၉၀)ကျပ် အဖြစ် အသီးသီထုတ်ပြန်ခဲ့သည်။

"စားအုန်းဆီက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ဘယ်အချိန်ရောင်းပါမယ်ဆိုပြီး တန်းစီခိုင်းတာ။ အဲဒီအချိန်ပဲ ရောင်းပေးတာ"ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် စားအုန်းဆီဈေးနှုန်းလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် (၅၀၀၀)ကျပ်သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ရှိ မြေပြင်ဈေးကွက်တွင် တစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဝန်းကျင်ရှိပြီး အလွယ်တကူဝယ်ယူ၍မရကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်၌ စာအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်းမှုများပြုလုပ်ပါက အရေးကြီးကုန်စဉ်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆)သိန်းမှ (၇)သိန်းကြားကို မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။

zawgyi version
ယခုတစ္ပတ္အတြက္ စားအုန္းဆီ အေျခခံရည္ၫႊန္းေဈးကို (၅၀၀၀)က်ပ္ သတ္မွတ္

Pearl (NP News) - ႏိုဝင္ဘာ ၂၈

ယခုသီတင္းပတ္အတြက္ စားအုန္းဆီ အေျခခံလက္ကားရည္ၫႊန္းေဈးအား တစ္ပိႆာလွ်င္ ၅၀၀၀ က်ပ္ သတ္မွတ္လိုက္ေၾကာင္း စားသုံးဆီတင္သြင္း၊ သိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ ထုတ္ျပန္ေၾကညာထားသည္။

စားသုံးသူေရးရာ ဦးစီးဌာန၊ စားသုံးဆီတင္သြင္း၊ သိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီမွ စားအုန္းဆီ ကမာၻ႔ေဈးႏႈန္းျဖစ္ေပၚေျပာင္းလဲမႈႏွင့္အညီ ျပည္တြင္း၌ ျဖစ္သင့္ျဖစ္ထိုက္ေသာ ေဈးႏႈန္းမ်ားကို အပတ္စဥ္ ထုတ္ျပန္ေပးလ်က္ရွိသည္။

ထိုသို႔ ထုတ္ျပန္ေပးလ်က္ရွိရာ ေအာက္တိုဘာလ (၃၁)ရက္မွ ႏိုဝင္ဘာလ (၅)ရက္ထိ စားအုန္းဆီ တစ္ပိႆာ ရည္ၫႊန္းေဈးကို (၄,၅၇၀)က်ပ္ ၊ ႏိုဝင္ဘာလ (၆)ရက္ မွ (၁၂)ရက္ထိကို (၄,၅၆၀)က်ပ္၊ ႏိုဝင္ဘာလ (၁၃)ရက္ မွ (၁၉)ရက္ထိကို (၄,၆၈၀)က်ပ္၊ ႏိုဝင္ဘာလ (၂၀)ရက္ မွ(၂၇)ရက္ထိကို (၄,၉၉၀)က်ပ္ အျဖစ္ အသီးသီထုတ္ျပန္ခဲ့သည္။

"စားအုန္းဆီက ဝယ္ခ်င္တိုင္း ဝယ္လို႔မရဘူး။ ဘယ္အခ်ိန္ေရာင္းပါမယ္ဆိုၿပီး တန္းစီခိုင္းတာ။ အဲဒီအခ်ိန္ပဲ ေရာင္းေပးတာ"ဟု စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ ေနထိုင္သူ တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ စားအုန္းဆီေဈးႏႈန္းလက္ကားရည္ၫႊန္းေဈးကို တစ္ပိႆာလွ်င္ (၅၀၀၀)က်ပ္သတ္မွတ္ထားေသာ္လည္း ရန္ကုန္ၿမိဳ႕ရွိ ေျမျပင္ေဈးကြက္တြင္ တစ္ပိႆာလွ်င္ (၅၅၀၀)က်ပ္ဝန္းက်င္ရွိၿပီး အလြယ္တကူဝယ္ယူ၍မရေၾကာင္း သိရသည္။

ျပည္တြင္းေဈးကြက္၌ စာအုန္းဆီမ်ားအား ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္းမႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စဥ္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စားသုံးသူေရးရာဦးစီးဌာနမွ ထုတ္ျပန္ထားၿပီးျဖစ္သည္။

ျပည္တြင္း၌ စားအုန္းဆီသုံးစြဲမႈသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္(၁၀)သိန္းေက်ာ္အထိရွိသည့္အတြက္ ႏွစ္စဥ္တန္ခ်ိန္ (၆)သိန္းမွ (၇)သိန္းၾကားကို မေလးရွားႏိုင္ငံ ႏွင့္ အင္ဒိုနီးရွားႏိုင္ငံမွ အဓိထားတင္သြင္းေနရေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာန လက္ေအာက္ရွိ စားသုံးသူေရးရာဦးစီးဌာနမွတဆင့္ သိရသည္။

Related news

© 2021. All rights reserved.