နှစ်နိုင်ငံလုံခြုံရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ပိုမိုမြှင့်တင်ရန် ဂျပန် နှင့် ဗီယက်နမ်အစိုးရတို့ သဘောတူညီခဲ့

 246

Pika (NP News) - နိုဝင်ဘာ ၂၈

ဒေသတွင်းတွင် ကြီးထွားလာသော တရုတ်၏ ဩဇာလွှမ်းမိုးမှုများကို ရင်ဆိုင်ရန်အတွက် ဂျပန်နှင့် ဗီယက်နမ် နိုင်ငံတို့သည် ၎င်းတို့၏ လုံခြုံရေး နှင့် စီးပွားရေးဆက်ဆံမှုများကို ပိုမိုမြှင့်တင်ရန်အတွက် နိုဝင်ဘာလ (၂၇) ရက် တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ နှင့် ဗီယက်နမ်သမ္မတ Vo Van Thuong တို့သည် တိုကျိုမြို့တွင် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုချဲ့ထွင်ရန်၊ ကာကွယ်ရေးပစ္စည်းကိရိယာများ နှင့် နည်းပညာလွှဲပြောင်းပေးမှုများလုပ်ဆောင်ရန် နှင့် ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စစ်တပ်တို့အတွက် ဂျပန်နိုင်ငံ ၏ အကူအညီ အစီအစဉ်သစ်တို့ကို ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဂျပန် နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆက်ဆံရေးသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးတစ်ခု ဖြစ်လာမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် အဆင့်အတန်းတစ်ခုဆီသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏မြင့်တက်လာသော ဩဇာလွှမ်းမိုးမှုများကိုရင်ဆိုင်နေရပြီး ဒေသတွင်းတွင် လုံခြုံရေး နှင့် စီးပွားရေးအရ အရေးပါသောအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးများရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာလ(၂၇)ရက် ထုတ်ပြန်ကြေညာချက်အရ ဂျပန်နိုင်ငံသည် အမေရိကန်၊ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့နှင့်အတူ ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီဆိုသည့်အချက်ကို ပြသနေကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ က "ဗီယက်နမ်နိုင်ငံဟာ လွတ်လပ်ပွင်းလင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ရရှိဖို့ အတွက် အရေးကြီးတဲ့ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးဟာ ဒေသတွင်းမှာ လုံခြုံရေးနဲ့ သာယာဝပြောရေးတို့ကို အထောက်အကူဖြစ်စေတယ်လို့ ဗီယက်နမ်သမ္မတ Vo Van Thuong က ပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဂျပန်နိုင်ငံသည် ပင်လယ်တွင်းတွင် ဗီယက်နမ်နိုင်ငံ၏ ကင်းလှည့်စွမ်းရည်များ ပိုမို ကောင်းမွန်လာစေရန်အတွက် ကင်းလှည့်သင်္ဘောများစွာကို ဗီယက်နမ်နိုင်ငံသို့ ကူညီပံ့ပိုးပေးခဲ့ဖူးကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် ၎င်းတို့၏ ပိုင်နက်အကျိုးစီးပွားကို ကာကွယ်နေသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းသိရသည်။

Zawgyi Version;
ႏွစ္ႏိုင္ငံလုံၿခဳံေရးႏွင့္ စီးပြားေရးဆက္ဆံမႈမ်ားကို ပိုမိုျမႇင့္တင္ရန္ ဂ်ပန္ ႏွင့္ ဗီယက္နမ္အစိုးရတို႔ သေဘာတူညီခဲ့ Pika (NP News) - ႏိုဝင္ဘာ ၂၈

ေဒသတြင္းတြင္ ႀကီးထြားလာေသာ တ႐ုတ္၏ ဩဇာလႊမ္းမိုးမႈမ်ားကို ရင္ဆိုင္ရန္အတြက္ ဂ်ပန္ႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔သည္ ၎တို႔၏ လုံၿခဳံေရး ႏွင့္ စီးပြားေရးဆက္ဆံမႈမ်ားကို ပိုမိုျမႇင့္တင္ရန္အတြက္ ႏိုဝင္ဘာလ (၂၇) ရက္ တြင္ သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီအိုကီရွီဒါ ႏွင့္ ဗီယက္နမ္သမၼတ Vo Van Thuong တို႔သည္ တိုက်ိဳၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကၿပီး ႏွစ္ႏိုင္ငံၾကား လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုခ်ဲ႕ထြင္ရန္၊ ကာကြယ္ေရးပစၥည္းကိရိယာမ်ား ႏွင့္ နည္းပညာလႊဲေျပာင္းေပးမႈမ်ားလုပ္ေဆာင္ရန္ ႏွင့္ ေဒသတြင္းရွိ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ စစ္တပ္တို႔အတြက္ ဂ်ပန္ႏိုင္ငံ ၏ အကူအညီ အစီအစဥ္သစ္တို႔ကို ေဆြးေႏြးရန္ သေဘာတူညီခဲ့ၾကေၾကာင္း သိရသည္။

ဂ်ပန္ ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔၏ ဆက္ဆံေရးသည္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ဆက္ဆံေရးတစ္ခု ျဖစ္လာမည္ ျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ အဆင့္အတန္းတစ္ခုဆီသို႔ ေရာက္ရွိသြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ပူးတြဲထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဂ်ပန္ႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံ၏ျမင့္တက္လာေသာ ဩဇာလႊမ္းမိုးမႈမ်ားကိုရင္ဆိုင္ေနရၿပီး ေဒသတြင္းတြင္ လုံၿခဳံေရး ႏွင့္ စီးပြားေရးအရ အေရးပါေသာအေရွ႕ေတာင္အာရွႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ ဗီယက္နမ္ႏိုင္ငံႏွင့္ ပိုမိုနီးကပ္ေသာ ဆက္ဆံေရးမ်ားရရွိေအာင္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း သိရသည္။ ႏိုဝင္ဘာလ(၂၇)ရက္ ထုတ္ျပန္ေၾကညာခ်က္အရ ဂ်ပန္ႏိုင္ငံသည္ အေမရိကန္၊ တ႐ုတ္ ႏွင့္ အိႏၵိယႏိုင္ငံတို႔ႏွင့္အတူ ဗီယက္နမ္ႏိုင္ငံ၏ ထိပ္တန္းမိတ္ဖက္ႏိုင္ငံအျဖစ္ ရပ္တည္ေနၿပီဆိုသည့္အခ်က္ကို ျပသေနေၾကာင္း သိရသည္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီအိုကီရွီဒါ က "ဗီယက္နမ္ႏိုင္ငံဟာ လြတ္လပ္ပြင္းလင္းတဲ့ အင္ဒို-ပစိဖိတ္ေဒသကို ရရွိဖို႔ အတြက္ အေရးႀကီးတဲ့ အဓိကမိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံၾကား မိတ္ဖက္ဆက္ဆံေရးဟာ ေဒသတြင္းမွာ လုံၿခဳံေရးနဲ႔ သာယာဝေျပာေရးတို႔ကို အေထာက္အကူျဖစ္ေစတယ္လို႔ ဗီယက္နမ္သမၼတ Vo Van Thuong က ေျပာခဲ့ပါတယ္" ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဂ်ပန္ႏိုင္ငံသည္ ပင္လယ္တြင္းတြင္ ဗီယက္နမ္ႏိုင္ငံ၏ ကင္းလွည့္စြမ္းရည္မ်ား ပိုမို ေကာင္းမြန္လာေစရန္အတြက္ ကင္းလွည့္သေဘၤာမ်ားစြာကို ဗီယက္နမ္ႏိုင္ငံသို႔ ကူညီပံ့ပိုးေပးခဲ့ဖူးေၾကာင္း သိရသည္။ ဗီယက္နမ္ႏိုင္ငံသည္ အျငင္းပြားေနေသာ ေတာင္တ႐ုတ္ပင္လယ္တြင္ ၎တို႔၏ ပိုင္နက္အက်ိဳးစီးပြားကို ကာကြယ္ေနသည့္ ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.