PDF အဖွဲ့က အထက်တန်းပြဆရာမကို ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့မှု ရေစကြိုမြို့နယ်တွင်ဖြစ်ပွား

 1859

ကျော် (NP News) - နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF အဖွဲ့ဝင်များက ကျောင်းဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လည်လှီး၍သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယနေ့၊ နံနက် ၁ နာရီကျော်ခန့်က PDF အဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာနေ အထက်တန်းပြဆရာမဒေါ်မာစီ၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် အထက်တန်းပြဆရာမဒေါ်မာစီအား နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့စစ်ဆေးရသလောက် အသတ်ခံရတဲ့ဆရာမက ဆက်မရဲကျေးရွာက အထက်တန်းကျောင်းမှာတာဝန်ကျနေတဲ့ အထက်တန်းပြဆရာမဒေါ်မာစီပါ။ မနက်ပိုင်းမှာ အိမ်ကနေဖမ်းခေါ်သွားပြီး သတ်ဖြတ်ခံရတာပါ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

PDF အဖွဲ့ဝင်များသည် အထက်တန်းပြဆရာမအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျေးရွာအထွက်ရှိ စက်လှေဆိပ်တွင် လက်ပြန်ကြိုးတုတ်၍ လည်ပင်းအားဓားဖြင့်လှီးဖြတ်ကာသတ်ဖြတ်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား လု ခြုံရေးအဖွဲ့ဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
PDF အဖြဲ႕က အထက္တန္းျပဆရာမကို ဖမ္းဆီးၿပီး လည္လွီးသတ္ျဖတ္ခဲ့မႈ ေရစႀကိဳၿမိဳ႕နယ္တြင္ျဖစ္ပြား

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၈

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ PDF အဖြဲ႕ဝင္မ်ားက ေက်ာင္းဆရာမတစ္ဦးအား ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ လည္လွီး၍သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ယေန႔ (ႏိုဝင္ဘာလ ၂၈ ရက္)၊ နံနက္ပိုင္းကျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ယေန႔၊ နံနက္ ၁ နာရီေက်ာ္ခန္႔က PDF အဖြဲ႕ဝင္မ်ားသည္ ေရစႀကိဳၿမိဳ႕နယ္၊ ေအာင္ပန္းေခ်ာင္းေက်း႐ြာေန အထက္တန္းျပဆရာမေဒၚမာစီ၏ ေနအိမ္သို႔ေရာက္ရွိလာခဲ့ၾကေၾကာင္း သိရသည္။

ထိုသို႔ ေရာက္ရွိလာၿပီးေနာက္ အထက္တန္းျပဆရာမေဒၚမာစီအား ေနအိမ္မွဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔စစ္ေဆးရသေလာက္ အသတ္ခံရတဲ့ဆရာမက ဆက္မရဲေက်း႐ြာက အထက္တန္းေက်ာင္းမွာတာဝန္က်ေနတဲ့ အထက္တန္းျပဆရာမေဒၚမာစီပါ။ မနက္ပိုင္းမွာ အိမ္ကေနဖမ္းေခၚသြားၿပီး သတ္ျဖတ္ခံရတာပါ"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

PDF အဖြဲ႕ဝင္မ်ားသည္ အထက္တန္းျပဆရာမအား ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေက်း႐ြာအထြက္ရွိ စက္ေလွဆိပ္တြင္ လက္ျပန္ႀကိဳးတုတ္၍ လည္ပင္းအားဓားျဖင့္လွီးျဖတ္ကာသတ္ျဖတ္သြားခဲ့ၾကေၾကာင္း သိရသည္။

ျဖစ္စဥ္မွ ေသဆုံးသူ၏ ႐ုပ္အေလာင္းအား လု ၿခဳံေရးအဖြဲ႕ဝင္မ်ားက ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Picture

Min Min

28/11/2023 17:34

😡😡😡

Related news

© 2021. All rights reserved.