MNDAA ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်မည်ဟု ကြေညာမှုကြောင့် လောက်ကိုင်မြို့ခံ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာခဲ့ရ

 7703

မြူနစ် (NP News) - နိုဝင်ဘာ ၂၈

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့်ပူးပေါင်းအဖွဲ့က လောက်ကိုင်မြို့ကို ကျူးကျော်တိုက်ခိုက်မည်ဟု ကြေညာမှုကြောင့် လောက်ကိုင်မြို့ခံ (၈၀)ရာခိုင်နှုန်းခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

MNDAA၊ TNLA၊ AA မဟာမိတ် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို စတင်ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲဖော်ဆောင်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မြို့သို့ အလုပ်လာရောက်လုပ်ကိုင်သူအများစုအပါအဝင် မြို့ခံများသည် လားရှိုးမြို့ဘက်၌ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရန် ထွက်ခွာလာစဉ် လောက်ကိုင်မြို့အထွက် ဆယ်တန်ဂိတ်နှင့် ပါစင်ကျော်ကျေးရွာဂိတ်ကြားတွင် တိုက်ပွဲများကြောင့် ပိတ်မိမှုများ ရှိခဲ့သည်။

ထိုသို့ MNDAA ပူးပေါင်းအဖွဲ့က ပိတ်ဆို့ထားခဲ့ရာမှ ပြီးခဲ့သောရက်ပိုင်းအတွင်း ပြန်လည်ဖွင့်ပေးခဲ့သည့် အတွက် စစ်ဘေးရှောင်အများအပြားသည် UWSA အဖွဲ့ ထိန်းချုပ်ရာ “ဝ” ဒေသ၊ နမ့်တစ်မြို့သို့ ဖြတ်သန်းကာ နေရပ်အသီးသီးသို့ ပြန်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

MNDAA ပူးပေါင်းအဖွဲ့သည် ၎င်းတို့၏ (၁၀၂၇ စစ်ဆင်ရေး)မှာ လောက်ကိုင်မြို့သို့ ဦးတည်လာနေပြီဖြစ်ကြောင်း ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ကြေညာခဲ့ဖူးသည်။

ထိုသို့ကြေညာခဲ့ပြီးနောက်ပိုင်းတွင် လောက်ကိုင်မြို့ခံအများအပြားနှင့် အလုပ်လာရောက်လုပ်ကိုင်သူအများအပြားသည် နိုဝင်ဘာလ ၂၆ ရက် နံနက်အစောပိုင်းမှစ၍ ကားများဖြင့်သော်လည်းကောင်း၊ လမ်းလျှောက်၍သော်လည်းကောင်း မြို့အား စွန့်ခွာထွက်လာနေသော ရုပ်သံဖိုင်သည် လူမှုကွန်ရက်၌ ပျံ့နှံခဲ့ဖူးသည်။

“MNDAA ဘက်က လူတွေက Tiktok မှာ ပြောတာရှိတယ်လေ။ လောက်ကိုင်ပြည်သူလူထုတွေ ရှောင်ပေးပါပေါ့။ နောက်ပြီးတော့ လောက်ကိုင်မှာက ကုန်ဈေးနှုန်းအရမ်းကြီးနေတာရယ်၊ ပစ်ခတ်တာတွေ ဖြစ်လာမှာကို ကြောက်တာလည်း ပါတာပေါ့။ အဲဒါကြောင့် မြို့ကနေ ရှောင်နေကြတာ။ လူကြီးရှိတဲ့အိမ်တွေ၊ ကလေးရှိတဲ့အိမ်တွေကတော့ ရှောင်ကြတာပေါ့။ ဒါပေမယ့်လည်း ကျန်ခဲ့တဲ့ မိသားစုတွေလည်း ရှိနေသေးတယ်။ ပြောရရင်တော့ (၈၀)ရာခိုင်နှုန်းလောက်က ရှောင်သွားကြပြီပေါ့” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် လောက်ကိုင်မြို့၌ ကုန်စုံဆိုင်အများစုသည် ပိတ်ထားကြောင်းသိရပြီး စက်သုံးဆီများလည်း ဝယ်ယူ၍ မရကြောင်း ၎င်းက ထပ်မံပြောသည်။

လောက်ကိုင်မြို့မှတစ်ဆင့် နေရပ်စွန့်စစ်ဘေးရှောင်လာသူများကို UWSA အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ (နိုဝင်ဘာလ ၂၈ ရက်)တွင်လည်း စစ်ဘေးရှောင် (၃၆၀၀)ကျော်အား ကားအစီးရေ (၅၇)စီးဖြင့် ထပ်မံပို့ဆောင်ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း လောက်ကိုင်မြို့နှင့်အနီးတစ်ဝိုက်၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လောက်ကိုင်မြို့အတွင်း၌ ကျန်ရှိနေသော မြို့ခံများအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

zawgyi version
MNDAA ပူးေပါင္းအဖြဲ႕က ေလာက္ကိုင္ၿမိဳ႕ကို က်ဴးေက်ာ္တိုက္ခိုက္မည္ဟု ေၾကညာမႈေၾကာင့္ ေလာက္ကိုင္ၿ့ခံ (၈၀)ရာခိုင္ႏႈန္းခန႔္ ေနရပ္စြန႔္ခြာခဲ့ရ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၈

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ႏွင့္ပူးေပါင္းအဖြဲ႕က ေလာက္ကိုင္ၿမိဳ႕ကို က်ဴးေက်ာ္တိုက္ခိုက္မည္ဟု ေၾကညာမႈေၾကာင့္ ေလာက္ကိုင္ၿမိဳ႕ခံ (၈၀)ရာခိုင္ႏႈန္းခန႔္ ေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရေၾကာင္း သိရသည္။

MNDAA၊ TNLA၊ AA မဟာမိတ္ (၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစ၍ (၁၀၂၇ စစ္ဆင္ေရး) အမည္ျဖင့္ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္းရွိ လုံၿခဳံေရးစခန္းမ်ားကို စတင္ဝင္ေရာက္တိုက္ခိုက္ကာ တိုက္ပြဲေဖာ္ေဆာင္ခဲ့သည္။

အဆိုပါစစ္ဆင္ေရးကာလအတြင္း ေလာက္ကိုင္ၿမိဳ႕သို႔ အလုပ္လာေရာက္လုပ္ကိုင္သူအမ်ားစုအပါအဝင္ ၿမိဳ႕ခံမ်ားသည္ လားရႈိးၿမိဳ႕ဘက္၌ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ရန္ ထြက္ခြာလာစဥ္ ေလာက္ကိုင္ၿမိဳ႕အထြက္ ဆယ္တန္ဂိတ္ႏွင့္ ပါစင္ေက်ာ္ေက်း႐ြာဂိတ္ၾကားတြင္ တိုက္ပြဲမ်ားေၾကာင့္ ပိတ္မိမႈမ်ား ရွိခဲ့သည္။

ထိုသို႔ MNDAA ပူးေပါင္းအဖြဲ႕က ပိတ္ဆို႔ထားခဲ့ရာမွ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ျပန္လည္ဖြင့္ေပးခဲ့သည့္ အတြက္ စစ္ေဘးေရွာင္အမ်ားအျပားသည္ UWSA အဖြဲ႕ ထိန္းခ်ဳပ္ရာ “ဝ” ေဒသ၊ နမ့္တစ္ၿမိဳ႕သို႔ ျဖတ္သန္းကာ ေနရပ္အသီးသီးသို႔ ျပန္ခြင့္ရရွိခဲ့ေၾကာင္း သိရသည္။

MNDAA ပူးေပါင္းအဖြဲ႕သည္ ၎တို႔၏ (၁၀၂၇ စစ္ဆင္ေရး)မွာ ေလာက္ကိုင္ၿမိဳ႕သို႔ ဦးတည္လာေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ေၾကညာခဲ့ဖူးသည္။

ထိုသို႔ေၾကညာခဲ့ၿပီးေနာက္ပိုင္းတြင္ ေလာက္ကိုင္ၿမိဳ႕ခံအမ်ားအျပားႏွင့္ အလုပ္လာေရာက္လုပ္ကိုင္သူအမ်ားအျပားသည္ ႏိုဝင္ဘာလ ၂၆ ရက္ နံနက္အေစာပိုင္းမွစ၍ ကားမ်ားျဖင့္ေသာ္လည္းေကာင္း၊ လမ္းေလွ်ာက္၍ေသာ္လည္းေကာင္း ၿမိဳ႕အား စြန႔္ခြာထြက္လာေနေသာ ႐ုပ္သံဖိုင္သည္ လူမႈကြန္ရက္၌ ပ်ံ႕ႏွံခဲ့ဖူးသည္။

“MNDAA ဘက္က လူေတြက Tiktok မွာ ေျပာတာရွိတယ္ေလ။ ေလာက္ကိုင္ျပည္သူလူထုေတြ ေရွာင္ေပးပါေပါ့။ ေနာက္ၿပီးေတာ့ ေလာက္ကိုင္မွာက ကုန္ေဈးႏႈန္းအရမ္းႀကီးေနတာရယ္၊ ပစ္ခတ္တာေတြ ျဖစ္လာမွာကို ေၾကာက္တာလည္း ပါတာေပါ့။ အဲဒါေၾကာင့္ ၿမိဳ႕ကေန ေရွာင္ေနၾကတာ။ လူႀကီးရွိတဲ့အိမ္ေတြ၊ ကေလးရွိတဲ့အိမ္ေတြကေတာ့ ေရွာင္ၾကတာေပါ့။ ဒါေပမယ့္လည္း က်န္ခဲ့တဲ့ မိသားစုေတြလည္း ရွိေနေသးတယ္။ ေျပာရရင္ေတာ့ (၈၀)ရာခိုင္ႏႈန္းေလာက္က ေရွာင္သြားၾကၿပီေပါ့” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕၌ ကုန္စုံဆိုင္အမ်ားစုသည္ ပိတ္ထားေၾကာင္းသိရၿပီး စက္သုံးဆီမ်ားလည္း ဝယ္ယူ၍ မရေၾကာင္း ၎က ထပ္မံေျပာသည္။

ေလာက္ကိုင္ၿမိဳ႕မွတစ္ဆင့္ ေနရပ္စြန႔္စစ္ေဘးေရွာင္လာသူမ်ားကို UWSA အဖြဲ႕က ကူညီေဆာင္႐ြက္ေပးလ်က္ရွိၿပီး ယေန႔ (ႏိုဝင္ဘာလ ၂၈ ရက္)တြင္လည္း စစ္ေဘးေရွာင္ (၃၆၀၀)ေက်ာ္အား ကားအစီးေရ (၅၇)စီးျဖင့္ ထပ္မံပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

ယေန႔ ေန႔လည္ပိုင္းတြင္လည္း ေလာက္ကိုင္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္၌ တပ္မေတာ္ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕အၾကား တိုက္ပြဲျဖစ္ပြားလ်က္ရွိၿပီး ေလာက္ကိုင္ၿမိဳ႕အတြင္း၌ က်န္ရွိေနေသာ ၿမိဳ႕ခံမ်ားအေနျဖင့္ စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.