နေပြည်တော်နှင့် တိုင်း(၃)ခုအတွင်းရှိ လယ်မြေ(၁၀)ဧကအထက်ပိုင်ဆိုင်သောတောင်သူများကို တစ်ဧကလျှင် ကျပ်(၄)သိန်းနှုန်း ထုတ်ချေးနိုင်ရေး စီစဥ်နေ

 19101

ယွန်း (NP News) - နိုဝင်ဘာ ၂၈

နေပြည်တော် နှင့် တိုင်း(၃)ခုအတွင်းရှိ လယ်မြေ(၁၀)ဧကအထက်ပိုင်ဆိုင်သော တောင်သူများအတွက် တစ်ဧကလျှင် ကျပ်(၄)သိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးနိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ စီစဉ်နေကြာင်း သိရသည်။

လယ်မြေ (၁၀)ဧကမှ ဧက(၅၀)အတွင်း ပိုင်ဆိုင်သည့် တောင်သူများအား တစ်ဧကလျှင်ကျပ်(၄)သိန်းအထိ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရန်စီစဥ်နေကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။

နိုင်ငံတော်အနေဖြင့် တစ်ဧကမှ (၁၀)ဧကအထိ ပိုင်ဆိုင်သည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိသော်လည်း (၁၀)ဧကအထက်တောင်သူကြီးများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေမရရှိသည့်အတွက် MRF မှ ဦးဆောင်ကာ အထက်ပါကဲ့သို့ ထုတ်ချေးရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဧကတစ်သိန်းလောက်ကို စပြီးတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ချေးငွေစီစဥ်ပြီးတော့ Contract Farming ပုံစံနဲ့လုပ်မှာပါ။ စိုက်ပျိုးစရိတ်ကုန်ကျမှုတွေများလာတယ်။ နိုင်ငံတော်ကလည်း တစ်ဧကကို တစ်သိန်းခွဲအထိ တစ်ဧက ကနေ (၁၀)ဧကအထိ ထုတ်ချေးပေးထားတယ်။ (၁၁)ဧက ကနေ အပေါ်ပိုင်းကျတော့ ချေးငွေမရဘူးလေ အဲဒီတော့ စိုက်ပျိုးစရိတ်ချေးငွေရရှိမှ တောင်သူကြီးတွေက စိုက်ပျိုးထုတ်လုပ်မှုကို အာရုံစိုက်နိုင်မှာပေါ့။ အဲဒါကြောင့် စီစဥ်ဖြစ်ခဲ့တာပါ”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အဆိုပါချေးငွေများကို ပုဂ္ဂလိကဘဏ်များနှင့်ချိတ်ဆက်၍ ထုတ်ချေးသွားရန် စီစဥ်ထားပြီး ဧကစုစုပေါင်း (၁)သိန်းအထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ပုဂ္ဂလိကဘဏ်တွေကနေပြီးတော့ တောင်သူလယ် သမားကြီးတွေကို ထုတ်ပြီးတော့ စိုက်ပျိုးစရိတ်ချေးနိုင်ဖို့ကို စီစဥ်နေပါတယ်။ နွေစပါးမှာစမ်းသပ်ပြီးတော့ ဧကတစ်သိန်းလောက်အထိကို လုပ်မှာဖြစ်တဲ့အတွက် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်တို့မှာ အရင်စပြီးလုပ်မှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် နေပြည်တော်ကောင်စီနယ်မြေရှိ တောင်သူကြီးများအား ထုတ်ချေးရန် စီစဥ်ထားပြီး လာမည့် နွေစပါးကာလတွင် ထုတ်ချေးနိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္ႏွင့္ တိုင္း(၃)ခုအတြင္းရွိ လယ္ေျမ(၁၀)ဧကအထက္ပိုင္ဆိုင္ေသာေတာင္သူမ်ားကို တစ္ဧကလွ်င္ က်ပ္(၄)သိန္းႏႈန္း ထုတ္ေခ်းႏိုင္ေရး စီစဥ္ေန

ယြန္း (NP News) - ႏိုဝင္ဘာ ၂၈

ေနျပည္ေတာ္ ႏွင့္ တိုင္း(၃)ခုအတြင္းရွိ လယ္ေျမ(၁၀)ဧကအထက္ပိုင္ဆိုင္ေသာ ေတာင္သူမ်ားအတြက္ တစ္ဧကလွ်င္ က်ပ္(၄)သိန္းအထိ စိုက္ပ်ိဳးစရိတ္ေခ်းေငြထုတ္ေခ်းႏိုင္ေရး ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မှ စီစဉ်နေကြာင်း သိရသည္။

လယ်မြေ (၁၀)ဧကမွ ဧက(၅၀)အတြင္း ပိုင္ဆိုင္သည့္ ေတာင္သူမ်ားအား တစ္ဧကလွ်င္က်ပ္(၄)သိန္းအထိ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းႏိုင္ရန္စီစဥ္ေနေၾကာင္း MRF ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။

ႏိုင္ငံေတာ္အေနျဖင့္ တစ္ဧကမွ (၁၀)ဧကအထိ ပိုင္ဆိုင္သည့္ ေတာင္သူလယ္သမားမ်ားအား စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးလ်က္ရွိေသာ္လည္း (၁၀)ဧကအထက္ေတာင္သူႀကီးမ်ားအေနျဖင့္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမရရွိသည့္အတြက္ MRF မွ ဦးေဆာင္ကာ အထက္ပါကဲ့သို႔ ထုတ္ေခ်းရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဧကတစ္သိန္းေလာက္ကို စၿပီးေတာ့ ပုဂၢလိကဘဏ္ေတြနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ေခ်းေငြစီစဥ္ၿပီးေတာ့ Contract Farming ပုံစံနဲ႔လုပ္မွာပါ။ စိုက္ပ်ိဳးစရိတ္ကုန္က်မႈေတြမ်ားလာတယ္။ ႏိုင္ငံေတာ္ကလည္း တစ္ဧကကို တစ္သိန္းခြဲအထိ တစ္ဧက ကေန (၁၀)ဧကအထိ ထုတ္ေခ်းေပးထားတယ္။ (၁၁)ဧက ကေန အေပၚပိုင္းက်ေတာ့ ေခ်းေငြမရဘူးေလ အဲဒီေတာ့ စိုက္ပ်ိဳးစရိတ္ေခ်းေငြရရွိမွ ေတာင္သူႀကီးေတြက စိုက္ပ်ိဳးထုတ္လုပ္မႈကို အာ႐ုံစိုက္ႏိုင္မွာေပါ့။ အဲဒါေၾကာင့္ စီစဥ္ျဖစ္ခဲ့တာပါ”ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

အဆိုပါေခ်းေငြမ်ားကို ပုဂၢလိကဘဏ္မ်ားႏွင့္ခ်ိတ္ဆက္၍ ထုတ္ေခ်းသြားရန္ စီစဥ္ထားၿပီး ဧကစုစုေပါင္း (၁)သိန္းအထိ ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ပုဂၢလိကဘဏ္ေတြကေနၿပီးေတာ့ ေတာင္သူလယ္ သမားႀကီးေတြကို ထုတ္ၿပီးေတာ့ စိုက္ပ်ိဳးစရိတ္ေခ်းႏိုင္ဖို႔ကို စီစဥ္ေနပါတယ္။ ေႏြစပါးမွာစမ္းသပ္ၿပီးေတာ့ ဧကတစ္သိန္းေလာက္အထိကို လုပ္မွာျဖစ္တဲ့အတြက္ ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ၊ ေနျပည္ေတာ္တို႔မွာ အရင္စၿပီးလုပ္မွာေပါ့” ဟု ဦးရဲမင္းေအာင္က ေျပာသည္။

စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ားကို ရန္ကုန္၊ ပဲခူး၊ ဧရာဝတီ ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ေတာင္သူႀကီးမ်ားအား ထုတ္ေခ်းရန္ စီစဥ္ထားၿပီး လာမည့္ ေႏြစပါးကာလတြင္ ထုတ္ေခ်းႏိုင္ေရးကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.