တောင်ကြီးမြို့၌ ခရီးသည်တင်ကားမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
1173
စော (NP News) - နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခရီးသည်တင်ကားမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ မွန်းလွဲ (၁၂)ဝန်းကျင်အချိန်တွင် တောင်ကြီးမြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဟာဝီရရက္ခိတလူမှုရေးအသင်းကြီးထံမှ သိရသည်။
အဆိုပါခရီးသည်တင်ကားသည် တောင်ကြီးမြို့မှ မော်လမြိုင်မြို့သို့ ဆင်းလာစဉ် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီနားမှာ အဆင်းလမ်း၊ အတက်လမ်းရှိတယ်။ ဆိုင်ကယ်ပေါ်က လင်မယားကလည်း အဆင်းပဲ။ ကားကလည်းအဆင်းပဲ။ သူတို့ကအရှေ့က ကားကနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သဘောဖြစ်သွားတာပါ”ဟု မဟာဝီရရက္ခိတလူမှုရေးအသင်းကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထိုသို့ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးအနက် အသက် (၂၄)နှစ်အရွယ်ဝန်းကျင်ရှိ မနွေရီပိုသည် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
zawgyi version
ေတာင္ႀကီးၿမိဳ႕၌ ခရီးသည္တင္ကားမွ ဆိုင္ကယ္အား ဝင္တိုက္မိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ေစာ (NP News) - ႏိုဝင္ဘာ ၂၈
ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ခရီးသည္တင္ကားမွ ဆိုင္ကယ္အား ဝင္တိုက္မိခဲ့ရာ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၇ ရက္)၊ မြန္းလြဲ (၁၂)ဝန္းက်င္အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕၊ ေအာင္သေျပရပ္ကြက္၊ စြယ္ေတာ္လမ္းခြဲ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မဟာဝီရရကၡိတလူမႈေရးအသင္းႀကီးထံမွ သိရသည္။
အဆိုပါခရီးသည္တင္ကားသည္ ေတာင္ႀကီးၿမိဳ႕မွ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ဆင္းလာစဥ္ ဆိုင္ကယ္အား ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီနားမွာ အဆင္းလမ္း၊ အတက္လမ္းရွိတယ္။ ဆိုင္ကယ္ေပၚက လင္မယားကလည္း အဆင္းပဲ။ ကားကလည္းအဆင္းပဲ။ သူတို႔ကအေရွ႕က ကားကေနာက္ကေန အရွိန္ျပင္းျပင္းနဲ႔ဝင္တိုက္သေဘာျဖစ္သြားတာပါ”ဟု မဟာဝီရရကၡိတလူမႈေရးအသင္းႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထိုသို႔ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္လာသူႏွစ္ဦးအနက္ အသက္ (၂၄)ႏွစ္အ႐ြယ္ဝန္းက်င္ရွိ မေႏြရီပိုသည္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ခရီးသည္တင္ယာဥ္ေပၚတြင္ လိုက္ပါလာသူ ခရီးသည္မ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။