ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးနေသည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ

 457

Pika (NP News) - နိုဝင်ဘာ ၂၈

ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးရန် အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်း ပေးပို့မှုများကို ဆိုင်းငံ့ထားသည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ငြင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာများကို ပြီးခဲ့သည့်သီတင်းပတ်တွင် Bild သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆီသို့ တွန်းပို့မည့်မူဝါဒများ အမေရိကန်နိုင်ငံတွင် မရှိကြောင်း ဥရောပ နှင့် Eurasian ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး James O'Brien က နိုဝင်ဘာလ (၂၇) ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်း က "ဒါက ယူကရိန်းဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။ ယူကရိန်းသည် ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်ရယူနိုင်မည်မဟုတ်ဟုဆိုသည့်အချက်ကို ယူကရိန်း သမ္မတဇီလန်စကီး နားလည်စေရန်အတွက် အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် စစ်လက်နက်ပစ္စည်းများကို ခွဲတမ်းဖြင့် ပေးပို့နေကြောင်း အမည်မသိသတင်းရင်းမြစ်များကို ကိုးကားပြီး Bild သတင်းစာက နိုဝင်ဘာလ (၂၄) ရက်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်လများအတွင်း အမေရိကန်နိုင်ငံသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းပက်ကေ့ချ် အနည်းငယ် သာ ပေးပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများ ကျဆင်းနေသည့် ကြားက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆ဝ) ဘီလျံကျော်ကို အတည်ပြုပေးရန် လွှတ်တော်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အမေရိကန်နိုင်ငံသား(၄၅)ရာခိုင်နှုန်းက ၎င်းတို့၏ နိုင်ငံသည် ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှုများကို အဆမတန်လုပ်ဆောင်နေသည်ဟု ယုံကြည်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် AP-NORC စစ်တမ်းအရ သိရသည်။

Zawgyi Version;
႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္အတြက္ ယူကရိန္းကို တြန္းအားေပးေနသည္ဆိုသည့္ အစီရင္ခံစာမ်ားကို အေမရိကန္အစိုးရ ျငင္းဆန္ပယ္ခ်
Pika (NP News) - ႏိုဝင္ဘာ ၂၈

႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ရန္အတြက္ ယူကရိန္းကို တြန္းအားေပးရန္ အေမရိကန္ ႏွင့္ ဂ်ာမနီႏိုင္ငံတို႔သည္ ယူကရိန္းသို႔ စစ္လက္နက္ပစၥည္း ေပးပို႔မႈမ်ားကို ဆိုင္းငံ့ထားသည္ဆိုသည့္ အစီရင္ခံစာမ်ားကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အရာရွိတစ္ဦးက ျငင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါအစီရင္ခံစာမ်ားကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ Bild သတင္းစာက ေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံကို ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားဆီသို႔ တြန္းပို႔မည့္မူဝါဒမ်ား အေမရိကန္ႏိုင္ငံတြင္ မရွိေၾကာင္း ဥေရာပ ႏွင့္ Eurasian ေရးရာ အေမရိကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး James O'Brien က ႏိုဝင္ဘာလ (၂၇) ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

၎ က "ဒါက ယူကရိန္းဆုံးျဖတ္ရမယ့္ ကိစၥတစ္ခုလို႔ ကြၽန္ေတာ္တို႔ အၿမဲတမ္းေျပာခဲ့ပါတယ္" ဟု ေျပာခဲ့သည္။ ယူကရိန္းသည္ ဆုံးရႈံးသြားေသာနယ္ေျမမ်ားကို ျပန္လည္ရယူႏိုင္မည္မဟုတ္ဟုဆိုသည့္အခ်က္ကို ယူကရိန္း သမၼတဇီလန္စကီး နားလည္ေစရန္အတြက္ အေမရိကန္ ႏွင့္ ဂ်ာမနီႏိုင္ငံတို႔သည္ စစ္လက္နက္ပစၥည္းမ်ားကို ခြဲတမ္းျဖင့္ ေပးပို႔ေနေၾကာင္း အမည္မသိသတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Bild သတင္းစာက ႏိုဝင္ဘာလ (၂၄) ရက္တြင္ ေဖာ္ျပခဲ့သည္။

ထို႔အျပင္ ၿပီးခဲ့သည့္လမ်ားအတြင္း အေမရိကန္ႏိုင္ငံသည္ ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းပက္ေက့ခ်္ အနည္းငယ္ သာ ေပးပို႔ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ ယူကရိန္းသို႔ စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈမ်ား က်ဆင္းေနသည့္ ၾကားက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ယူကရိန္းအတြက္ ေနာက္ထပ္ရန္ပုံေငြ အေမရိကန္ေဒၚလာ (၆ဝ) ဘီလ်ံေက်ာ္ကို အတည္ျပဳေပးရန္ လႊတ္ေတာ္ကို ဖိအားေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ အေမရိကန္ႏိုင္ငံသား(၄၅)ရာခိုင္ႏႈန္းက ၎တို႔၏ ႏိုင္ငံသည္ ယူကရိန္းသို႔ ေငြေၾကးေထာက္ပံ့မႈမ်ားကို အဆမတန္လုပ္ေဆာင္ေနသည္ဟု ယုံၾကည္ေၾကာင္း ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ျပန္ခဲ့သည့္ AP-NORC စစ္တမ္းအရ သိရသည္။

Picture

L Mone

28/11/2023 18:42

ကိုကြီးမျိူးရေ...မပွင့်လင်းသေးဘူးနော်...ဂျပန်ကလည်း...တရုတ်ကို လိုက်နှောင့်ယှက်နေတာ.. တရုတ်က..လည်း..ငွေအားနဲ့ဖိနေကြတာ...၂၀၂၀ မတိုင်ခင်ကတည်းက..တရုတ်ကညစ်ပတ်ပြနေတာ....ဒီမိုကရေစီအားနည်းချက်နဲ့ နိုင်ငံ့အားနည်းချက်ကိုပေါ့..ဂျပန်ကတော့ အဲသလိုမဟုတ်ရှာပါဘူး...အမေရိကန်ကတော့...ရိုကိစ္စဖားဖို့ပြင်လိုက်ပါတယ်..တရုတ်ကချက်ချင်း.ဟာစိနာကို.ထဖားတာတွေ့လိုက်ရပါတယ်။အခုထက်ထိ..ပါကစ္စတန်နဲဘင်ကုလားဒေ့်ကို..ဖားနေတာပါ..ပြဿနာက...တရုတ်ဖာကျတာက....ဆိုးနေတာပါ...တရုတ်အနေနဲ့...မြန်မာကိုလူလျော့တယ်...ကြောက်အောင်လုပ်တယ်လို့..မြင့်မိတယ်။တကယ်က.မြန်မာပြည်ကကုလားကလည်း..တရုတ်ကို..မကြည်ပြန်ဘူး....

Picture

L Mone

28/11/2023 18:44

တရုတ်နဲ့ဂျပန်ကိစ္စ..ရယ်..အိန္ဒိယနဲ့ဘင်ကုလားပါကစ္စတန်ကိစ္စတွေက..မြန်မာကို..ခုတုန်းလုပ်နေကြတာမို့...သတင်းစာရှင်းလင်းပွဲလုပ်နေကြတယ်..

Picture

L Mone

28/11/2023 18:50

သတင်းစာရှင်းလင်းပွဲလုပ်ကြသင့်ပါတယ်..တရုတ်အိန္ဒိယဆက်ဆံရေးကောင်းဖို့..ဂျပန်တရုတ်ချစ်ကြည်ရေးနဲ့ အိန္ဒိယနဲ့ဘင်ကုလားပါကစ္စတန်ဆက်ဆံရေး.အပါအဝင်..အမေရိကန်တရုတ်ဆက်ဆံရေးကိုပါ...ကောင်းမွန်စေရေးကြိုးစားအားထုတ်ကြဖို့ မြန်မာအစိုးရတို့အနေနဲ့ လုပ်ကြဖို့လိုအပ်လှပါတယ်။

Related news

© 2021. All rights reserved.