ကျောက်မဲတိုးဂိတ်၌ မီးလောင်သေဆုံးနေသည့် အလောင်း(၄)လောင်းတွေ့ရှိ

 4975

NP News - နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ ကျောက်မဲတိုးဂိတ်၌ မီးလောင်သေဆုံးနေသည့် အလောင်း(၄)လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါအလောင်းများကို ယနေ့(နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများကပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်း၌ တပ်မတော်နှင့် TNLA တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးကျတာလို့ယူဆတယ်။ ဟိုဘက်နဲ့ဒီဘက်က ပစ်ခတ်မှုတွေကလည်းဖြစ်နေတာလေ ဘယ်ဘက်ကပစ်လို့ ကျတာလဲတော့ မသိဘူး။ ပျက်စီးမှုတွေလည်းများတယ်။ ကုန်ကားတွေလည်း မီးလောင်သွားတယ်”ဟု ကျောက်မဲတိုးဂိတ်အနီး နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် ကျောက်မဲတိုးဂိတ်အဆောက်အအုံ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ပျက်စီးမှုနှင့်အတူ မီးလောင်သေဆုံးသူနေသည့် ရုပ်အလောင်း(၄)လောင်းတွေ့ရှိခဲ့ရာ အဆိုပါရုပ်အလောင်းများကို ယနေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ပရဟိတအသင်းများက လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“မီးလောင်သေဆုံးတာက (၄)ယောက်ရှိတယ်။ ပရဟိတအသင်းတွေက လာသယ်သွားတယ်၊ အမျိုးသားလား အမျိုးသမီးလားခွဲလို့မရဘူး။ တစ်ကိုယ်လုံးမီးတွေလောင်ထားတာ။ အခုတော့ သူတို့နဲ့ပတ်သက်တာတွေ ဆက်ပြီးစုံစမ်းနေတယ်လို့သိရတယ်”ဟု အထက်ပါ ဒေသခံသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

ပြီးခဲ့သောရက်ပိုင်းများအတွင်း ကျောက်မဲမြို့နှင့်တစ်ဝိုက်၌ တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ေက်ာက္မဲတိုးဂိတ္၌ မီးေလာင္ေသဆုံးေနသည့္ အေလာင္း(၄)ေလာင္းေတြ႕ရွိ

NP News - ႏိုဝင္ဘာ ၂၈

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္ရွိ ေက်ာက္မဲတိုးဂိတ္၌ မီးေလာင္ေသဆုံးေနသည့္ အေလာင္း(၄)ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိ သည္။

အဆိုပါအေလာင္းမ်ားကို ယေန႔(ႏိုဝင္ဘာလ ၂၈ ရက္) နံနက္ပိုင္းတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံျပည္သူမ်ားကေျပာသည္။

ယမန္ေန႔ (ႏိုဝင္ဘာလ ၂၇ ရက္) နံနက္ပိုင္းတြင္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း၌ တပ္မေတာ္ႏွင့္ TNLA တို႔အၾကား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“လက္နက္ႀကီးက်တာလို႔ယူဆတယ္။ ဟိုဘက္နဲ႔ဒီဘက္က ပစ္ခတ္မႈေတြကလည္းျဖစ္ေနတာေလ ဘယ္ဘက္ကပစ္လို႔ က်တာလဲေတာ့ မသိဘူး။ ပ်က္စီးမႈေတြလည္းမ်ားတယ္။ ကုန္ကားေတြလည္း မီးေလာင္သြားတယ္”ဟု ေက်ာက္မဲတိုးဂိတ္အနီး ေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေက်ာက္မဲတိုးဂိတ္အေဆာက္အအုံ မီးေလာင္ပ်က္စီးခဲ့ၿပီး မီးေလာင္ပ်က္စီးမႈႏွင့္အတူ မီးေလာင္ေသဆုံးသူေနသည့္ ႐ုပ္အေလာင္း(၄)ေလာင္းေတြ႕ရွိခဲ့ရာ အဆိုပါ႐ုပ္အေလာင္းမ်ားကို ယေန႔(ႏိုဝင္ဘာလ ၂၈ ရက္)တြင္ ပရဟိတအသင္းမ်ားက လာေရာက္သယ္ေဆာင္သြားခဲ့ေၾကာင္း သိရသည္။

“မီးေလာင္ေသဆုံးတာက (၄)ေယာက္ရွိတယ္။ ပရဟိတအသင္းေတြက လာသယ္သြားတယ္၊ အမ်ိဳးသားလား အမ်ိဳးသမီးလားခြဲလို႔မရဘူး။ တစ္ကိုယ္လုံးမီးေတြေလာင္ထားတာ။ အခုေတာ့ သူတို႔နဲ႔ပတ္သက္တာေတြ ဆက္ၿပီးစုံစမ္းေနတယ္လို႔သိရတယ္”ဟု အထက္ပါ ေဒသခံသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

ၿပီးခဲ့ေသာရက္ပိုင္းမ်ားအတြင္း ေက်ာက္မဲၿမိဳ႕ႏွင့္တစ္ဝိုက္၌ တပ္မေတာ္ ႏွင့္ TNLA ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားအျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.