မင်းသမီးဒိုင်ယာနာ စေ့စပ်ပွဲတုန်းက ဝတ်ဆင်ခဲ့တဲ့ ပုံတူအင်္ကျီ လေလံတင် ရောင်းချမည်

1035

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉
၁၉၈၁ ခုနှစ်တုန်းက ဗြိတိန်မင်းသားချားလ်နဲ့ စေ့စပ်ပွဲမှာ မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ ပန်းရောင်ဖျော့ဖျော့ အင်္ကျီကို လာမယ့်လအတွင်း လေလံတင် ရောင်းချမှာဖြစ်ပြီး၊ ဒေါ်လာ ၁ဝဝဝဝဝ အထိ ရရှိမယ်လို့ ခန့်မှန်းထားပါ တယ်။
အဆိုပါအင်္ကျီဟာ ဒိုင်ယာနာ မင်းသားချားလ်စ် (ယခု ချားလ်ဘုရင်) နဲ့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာခဲ့တဲ့ အချိန်က ဒိုင်ယာနာ ဝတ်ဆင်ခဲ့တာဖြစ်ပြီး ပန်းရောင်ဖျော့ဖျော့နဲ့ ကော်လာအောက် ပိုးဖဲပြားလေး အလှဆင်ထားတဲ့ အဲဒီအင်္ကျီဟာ Vogue အပါအဝင် မဂ္ဂဇင်းနဲ့ သတင်းစာအများအပြားမှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
အဆိုပါအင်္ကျီကို ဘုရင်မကြီး အဲလိဇဘက်နဲ့ ဒိုင်ယာနာရဲ့ခမ်းနားထည်ဝါတဲ့ သတို့သမီးဝတ်ဆုံကို ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ ဒေးဗစ်အန်မာနျူရယ်က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ အင်္ကျီကို ၂ဝ၁၇ မှ ၂ဝ၁၉ ခုနှစ်အထိ Kensington Palace မှာ ပြသခဲ့ပါတယ်။
လေလံပွဲမှာ အခြားပစ္စည်းများအဖြစ် ၁၉၅ဝ ပြည့်နှစ် နဲ့ ၁၉၆ဝ ပြည့်နှစ်များအကြား ဟောလီးဝုဒ်ရဲ့အကြီးကျယ်ဆုံး ကြယ်ပွင့်အချို့ အသုံးပြုခဲ့တဲ့ အမှတ်တရပစ္စည်းတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ရောင်းချမှုကို Beverly Hills မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ထိ အွန်လိုင်းကနေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Zawgyi Version;
မင္းသမီးဒိုင္ယာနာ ေစ့စပ္ပြဲတုန္းက ဝတ္ဆင္ခဲ့တဲ့ ပုံတူအက်ႌ ေလလံတင္ ေရာင္းခ်မည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉
၁၉၈၁ ခုႏွစ္တုန္းက ၿဗိတိန္မင္းသားခ်ားလ္နဲ႔ ေစ့စပ္ပြဲမွာ မင္းသမီး ဒိုင္ယာနာ ဝတ္ဆင္ခဲ့တဲ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ အက်ႌကို လာမယ့္လအတြင္း ေလလံတင္ ေရာင္းခ်မွာျဖစ္ၿပီး၊ ေဒၚလာ ၁ဝဝဝဝဝ အထိ ရရွိမယ္လို႔ ခန္႔မွန္းထားပါ တယ္။
အဆိုပါအက်ႌဟာ ဒိုင္ယာနာ မင္းသားခ်ားလ္စ္ (ယခု ခ်ားလ္ဘုရင္) နဲ႔ ေစ့စပ္ေၾကာင္းလမ္းေၾကာင္း ေၾကညာခဲ့တဲ့ အခ်ိန္က ဒိုင္ယာနာ ဝတ္ဆင္ခဲ့တာျဖစ္ၿပီး ပန္းေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ ေကာ္လာေအာက္ ပိုးဖဲျပားေလး အလွဆင္ထားတဲ့ အဲဒီအက်ႌဟာ Vogue အပါအဝင္ မဂၢဇင္းနဲ႔ သတင္းစာအမ်ားအျပားမွာ ေဖာ္ျပျခင္း ခံခဲ့ရပါတယ္။
အဆိုပါအက်ႌကို ဘုရင္မႀကီး အဲလိဇဘက္နဲ႔ ဒိုင္ယာနာရဲ႕ခမ္းနားထည္ဝါတဲ့ သတို႔သမီးဝတ္ဆုံကို ဖန္တီးခဲ့တဲ့ ဒီဇိုင္နာ ေဒးဗစ္အန္မာန်ဴရယ္က ဒီဇိုင္းထုတ္ခဲ့တာျဖစ္ပါတယ္။ အက်ႌကို ၂ဝ၁၇ မွ ၂ဝ၁၉ ခုႏွစ္အထိ Kensington Palace မွာ ျပသခဲ့ပါတယ္။
ေလလံပြဲမွာ အျခားပစၥည္းမ်ားအျဖစ္ ၁၉၅ဝ ျပည့္ႏွစ္ နဲ႔ ၁၉၆ဝ ျပည့္ႏွစ္မ်ားအၾကား ေဟာလီးဝုဒ္ရဲ႕အႀကီးက်ယ္ဆုံး ၾကယ္ပြင့္အခ်ိဳ႕ အသုံးျပဳခဲ့တဲ့ အမွတ္တရပစၥည္းေတြလည္း ပါဝင္မယ္လို႔ သိရပါတယ္။
ေရာင္းခ်မႈကို Beverly Hills မွာ ျပဳလုပ္မွာျဖစ္ၿပီး၊ ဒီဇင္ဘာ ၁၄ ရက္မွ ဒီဇင္ဘာ ၁၇ ရက္ထိ အြန္လိုင္းကေန ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။