တရုတ်နိုင်ငံသို့ဆန်တင်ပို့မှု ရပ်တန့်ခြင်းမရှိဘဲ ပင်လယ်ရေကြောင်းကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့လျက်ရှိနေဟုဆို

 1119

ယွန်း (NP News) – နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ဆန်တင်ပို့မှု ရပ်တန့်ခြင်းမရှိဘဲ ပင်လယ်ရေကြောင်းကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့လျက်ရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်( MRF)ထံမှ သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်၌ တိုက်ပွဲများပြင်းထန်နေသော်လည်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ရပ်တန့်ခြင်းမရှိဘဲ ယခင်အတိုင်း တင်ပို့နေဆဲဖြစ်ကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်တစ်ခုတည်းကိုသာ နယ်စပ်မှတစ်ဆင့် ဆန်တင်ပို့ခြင်းဖြစ်ပြီး ကျန်ပြည်နယ်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေကြောင်း သိရသည်။

“ဒီအချိန်ကာလမှာတော့ တရုတ်နိုင်ငံကို နယ်စပ်ကနေတင်ပို့မှုက မရှိသလောက်ပါပဲ။ ဒါပေမယ့် ပင်လယ်ရေကြောင်းကနေပြီးတော့ တရုတ်နိုင်ငံကို တင်ပို့မှုရှိပါတယ်။ အဆင်ပြေပြေပဲတင်ပို့လို့ရပါတယ်။ တရုတ်နိုင်ငံက ပြည်နယ်အကုန်လုံးကဝယ်တာပေါ့။ ယူနန်ပြည်နယ် ကတော့ နယ်စပ်ကနေဝယ်တယ် ကျန်တဲ့ပြည်နယ်တွေကတော့ ပင်လယ်ရေကြောင်းကနေသွားတာပေါ့။ ယူနန်ပြည်နယ်ဘက်ကလည်း ပင်လယ်ရေကြောင်းဘက်ကနေဝယ်ဖို့ စဥ်းစားနေတာရှိပါတယ်” ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် လက်ရှိ၌ ယူနန်ပြည်နယ်အနေဖြင့်လည်း ကျန်ပြည်နယ်များနည်းတူ ပင်လယ်ရေကြောင်းမှ ဆန်ဝယ်ယူမှုကို စိတ်ဝင်စားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆန်စပါးအသင်းချုပ်အနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှပွင့်လင်းရာသီတွင် တစ်လလျှင် ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အထိ ရရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံ‌များသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်းတင်ပို့နိုင်ရန် လျာထားပြီး ပြည်တွင်းစားသုံးသူ ဈေးကွက်တွင် ဆန်ဈေးနှုန်း မြင့်မားခြင်းများ မဖြစ်စေရန် ထိန်းညှိဆောင်ရွက်ထားကြောင်း ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

zawgyi version
တ႐ုတ္ႏိုင္ငံသို႔ဆန္တင္ပို႔မႈ ရပ္တန႔္ျခင္းမရွိဘဲ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈျဖင့္ အမ်ားဆုံးတင္ပို႔လ်က္ရွိေနဟုဆို

ယြန္း (NP News) – ႏိုဝင္ဘာ ၂၉

ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ဆန္တင္ပို႔မႈ ရပ္တန႔္ျခင္းမရွိဘဲ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈျဖင့္ အမ်ားဆုံးတင္ပို႔လ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္( MRF)ထံမွ သိရသည္။

လက္ရွိတြင္ ျမန္မာ-တ႐ုတ္နယ္စပ္၌ တိုက္ပြဲမ်ားျပင္းထန္ေနေသာ္လည္း တ႐ုတ္ႏိုင္ငံသို႔ ဆန္တင္ပို႔မႈမွာ ရပ္တန႔္ျခင္းမရွိဘဲ ယခင္အတိုင္း တင္ပို႔ေနဆဲျဖစ္ေၾကာင္း MRF ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံရွိ ယူနန္ျပည္နယ္တစ္ခုတည္းကိုသာ နယ္စပ္မွတစ္ဆင့္ ဆန္တင္ပို႔ျခင္းျဖစ္ၿပီး က်န္ျပည္နယ္မ်ားကို ပင္လယ္ေရေၾကာင္းမွတစ္ဆင့္ ကုန္သြယ္မႈျပဳလုပ္ေနေၾကာင္း သိရသည္။

“ဒီအခ်ိန္ကာလမွာေတာ့ တ႐ုတ္ႏိုင္ငံကို နယ္စပ္ကေနတင္ပို႔မႈက မရွိသေလာက္ပါပဲ။ ဒါေပမယ့္ ပင္လယ္ေရေၾကာင္းကေနၿပီးေတာ့ တ႐ုတ္ႏိုင္ငံကို တင္ပို႔မႈရွိပါတယ္။ အဆင္ေျပေျပပဲတင္ပို႔လို႔ရပါတယ္။ တ႐ုတ္ႏိုင္ငံက ျပည္နယ္အကုန္လုံးကဝယ္တာေပါ့။ ယူနန္ျပည္နယ္ ကေတာ့ နယ္စပ္ကေနဝယ္တယ္ က်န္တဲ့ျပည္နယ္ေတြကေတာ့ ပင္လယ္ေရေၾကာင္းကေနသြားတာေပါ့။ ယူနန္ျပည္နယ္ဘက္ကလည္း ပင္လယ္ေရေၾကာင္းဘက္ကေနဝယ္ဖို႔ စဥ္းစားေနတာရွိပါတယ္” ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

ထို႔ျပင္ လက္ရွိ၌ ယူနန္ျပည္နယ္အေနျဖင့္လည္း က်န္ျပည္နယ္မ်ားနည္းတူ ပင္လယ္ေရေၾကာင္းမွ ဆန္ဝယ္ယူမႈကို စိတ္ဝင္စားေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွပြင့္လင္းရာသီတြင္ တစ္လလွ်င္ ဆန္တန္ခ်ိန္ ႏွစ္သိန္း တင္ပို႔ႏိုင္ရန္ ေမွ်ာ္မွန္းထားၿပီး တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၃၀၀ မွ ၄၀၀ အထိ ရရွိေၾကာင္း သိရသည္။

၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ ျပည္ပႏိုင္ငံ‌မ်ားသို႔ ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ႏွစ္သန္းတင္ပို႔ႏိုင္ရန္ လ်ာထားၿပီး ျပည္တြင္းစားသုံးသူ ေဈးကြက္တြင္ ဆန္ေဈးႏႈန္း ျမင့္မားျခင္းမ်ား မျဖစ္ေစရန္ ထိန္းညႇိေဆာင္႐ြက္ထားေၾကာင္း ဆန္စပါးအသင္းခ်ဳပ္က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.