မကွေးတိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုတိုးတတ်လာဟု တိုင်းအစိုးရအဖွဲ့ဆို

 433

Pearl (NP News) - နိုဝင်ဘာ ၂၉

မကွေးတိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုတိုးတတ်လာကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

၎င်းက ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)တွင်ကျင်းပသော မကွေးတိုင်းဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းရှိ ထင်ရှားကျော်ကြားသည့် မကွေးမြသလွန်ဘုရားပွဲတော်ကို ယခုနှစ် ဝါကျွတ်ကာလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဦးတင့်လွင်က ‌ပြောသည်။

ထိုကဲ့သို့ ပွဲတော်များ၊ ကြော်ငြာမြှင့်တင်မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် အောက်တိုဘာ လ၊ တစ်လအတွင်း ခရီးသည်ဝင်ရောက်မှုသည် ယခင်နှစ်ထက် (၃၇)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

ဧည့်သည်တည်းခိုနေထိုင်မှုအနေဖြင့် ၂၀၂၃ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (ဝ ဒသမ ၈၇) သန်းဝင်ရောက်တည်းခိုခဲ့သဖြင့် ယခင်နှစ် ၂၀၂၂ ခုနှစ် နှင့် နှိင်းယှဉ်ပါက (၂၁) ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့ကြောင်း သိရသည်။

ခရီးစဉ်ဒေသအသီးသီးသို့လည်း ပြည်တွင်းပြည်ပ ဧည့်သည်လည်ပတ်မှုအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁ ဒသမ ၅)သန်း ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ထက် (၅၃)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများပူးပေါင်း၍ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်(၄)ဦးကို ရန်ကုန် - မကွေး -မင်းဘူး မင်းလှ-ရေနံချောင်းခရီးစဉ် Fam Trip အဖြစ် စီစဉ်ပေးခဲ့သဖြင့် ထိုင်းခရီးသွား ဈေး ကွက် နှင့် ပြည်တွင်းဈေးကွက်ကို ကြော်ငြာရုံသာမက မကွေးတိုင်းဒေသ၏ ဘာသာရေး၊ ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝအလှအပများကို ပိုမိုသိရှိစေနိုင်ခဲ့ကြောင်း တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောသည်။

ထို့အတူ ရေနံချောင်းမြို့မှ ထင်ရှားသော ဂျပ်ကြားဒေသရှိ သဘာဝသဲနုတောင်ကြားလမ်းတွင် စက်ဘီးစီးခရီးစဉ် Sport Tourism ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မေကြးတိုင္းအတြင္း ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္ လာေရာက္လည္ပတ္မႈ ယခင္ႏွစ္ထက္ ပိုမိုတိုးတတ္လာဟု တိုင္းအစိုးရအဖြဲ႕ဆို

Pearl (NP News) - ႏိုဝင္ဘာ ၂၉

မေကြးတိုင္းအတြင္း ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္ လာေရာက္လည္ပတ္မႈ ယခင္ႏွစ္ထက္ ပိုမိုတိုးတတ္လာေၾကာင္း မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ေျပာသည္။

၎က ယမန္ေန႔ (ႏိုဝင္ဘာလ ၂၈ ရက္)တြင္က်င္းပေသာ မေကြးတိုင္းေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

မေကြးတိုင္းရွိ ထင္ရွားေက်ာ္ၾကားသည့္ မေကြးျမသလြန္ဘုရားပြဲေတာ္ကို ယခုႏွစ္ ဝါကြၽတ္ကာလတြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ခဲ့ၿပီး အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးျပည္သူမ်ား လာေရာက္လည္ပတ္ခဲ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ဦးတင့္လြင္က ‌ေျပာသည္။

ထိုကဲ့သို႔ ပြဲေတာ္မ်ား၊ ေၾကာ္ျငာျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ယခုႏွစ္ ေအာက္တိုဘာ လ၊ တစ္လအတြင္း ခရီးသည္ဝင္ေရာက္မႈသည္ ယခင္ႏွစ္ထက္ (၃၇)ရာခိုင္ႏႈန္းတိုးတက္ခဲ့ေၾကာင္း သိရသည္။

ဧည့္သည္တည္းခိုေနထိုင္မႈအေနျဖင့္ ၂၀၂၃ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (ဝ ဒသမ ၈၇) သန္းဝင္ေရာက္တည္းခိုခဲ့သျဖင့္ ယခင္ႏွစ္ ၂၀၂၂ ခုႏွစ္ ႏွင့္ ႏွိင္းယွဥ္ပါက (၂၁) ရာခိုင္ႏႈန္း ပိုမိုတိုးတက္လာခဲ့ေၾကာင္း သိရသည္။

ခရီးစဥ္ေဒသအသီးသီးသို႔လည္း ျပည္တြင္းျပည္ပ ဧည့္သည္လည္ပတ္မႈအေနျဖင့္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ေအာက္တိုဘာလအထိ (၁ ဒသမ ၅)သန္း ဝင္ေရာက္ခဲ့သျဖင့္ ယခင္ႏွစ္ထက္ (၅၃)ရာခိုင္ႏႈန္း တိုးတက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ တာဝန္ရွိသူမ်ားပူးေပါင္း၍ ထိုင္းႏိုင္ငံမွ ခရီးသြားဧည့္သည္(၄)ဦးကို ရန္ကုန္ - မေကြး -မင္းဘူး မင္းလွ-ေရနံေခ်ာင္းခရီးစဥ္ Fam Trip အျဖစ္ စီစဥ္ေပးခဲ့သျဖင့္ ထိုင္းခရီးသြား ေဈး ကြက္ ႏွင့္ ျပည္တြင္းေဈးကြက္ကို ေၾကာ္ျငာ႐ုံသာမက မေကြးတိုင္းေဒသ၏ ဘာသာေရး၊ ေရွးေဟာင္းယဥ္ေက်းမႈ၊ သဘာဝအလွအပမ်ားကို ပိုမိုသိရွိေစႏိုင္ခဲ့ေၾကာင္း တိုင္းဝန္ႀကီးခ်ဳပ္ဦးတင့္လြင္က ေျပာသည္။

ထို႔အတူ ေရနံေခ်ာင္းၿမိဳ႕မွ ထင္ရွားေသာ ဂ်ပ္ၾကားေဒသရွိ သဘာဝသဲႏုေတာင္ၾကားလမ္းတြင္ စက္ဘီးစီးခရီးစဥ္ Sport Tourism ကိုလည္း ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.