ရက်ချိန်းတိုကင်မရှိသူများကို နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ထိုင်းရှိ မြန်မာသံရုံးကြေညာ

 851

ယွန်း (NP News) - နိုဝင်ဘာ ၂၉

ရက်ချိန်းတိုကင်မရှိသူများကို လာမည့် ဒီဇင်ဘာလ(၄)ရက်မှစ၍ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် အထက် ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာသံရုံး(ဘန်ကောက်)၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်တွင် (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများကို နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နေ့စဥ် Walk-in လာရောက်သူများ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် တိုကင်ရယူပြီး သတ်မှတ်ရက်၌ လာရောက်လုပ်ကိုင်သည့်စနစ်ကို ပြန်လည်စတင်သွားမည်ဖြစ်ကြာင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒီဇင်ဘာလ(၂)ရက်မှစ၍ စနေနေ့တိုင်း ရက်ချိန်းတိုကင်ပေးအပ်သွားမည်ဖြစ်ပြီး ရက်ချိန်းတိုကင်မရှိသူများကို ဒီဇင်ဘာလ(၄)ရက်မှစ၍ နိုင်ငံကူးလက်မှတ် လက်ခံပြုလုပ်ပေးမည်မဟုတ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

စက်ရုံ၊ အလုပ်ရုံများမှ အမည်စာရင်းပေးပို့သူများကို ယခင်အတိုင်းသံရုံးဟောင်းတွင် အလှည့်ကျစနစ်အတိုင်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ရက္ခ်ိန္းတိုကင္မရွိသူမ်ားကို ႏိုင္ငံကူးလက္မွတ္အသစ္ ျပဳလုပ္ေပးမည္မဟုတ္ေၾကာင္း ထိုင္းရွိ ျမန္မာသံ႐ုံးေၾကညာ

ယြန္း (NP News) - ႏိုဝင္ဘာ ၂၉

ရက္ခ်ိန္းတိုကင္မရွိသူမ်ားကို လာမည့္ ဒီဇင္ဘာလ(၄)ရက္မွစ၍ ႏိုင္ငံကူးလက္မွတ္အသစ္ ျပဳလုပ္ေပးမည္မဟုတ္ေၾကာင္း ထိုင္းႏိုင္ငံရွိ ျမန္မာသံ႐ုံးက ထုတ္ျပန္ေၾကညာထားသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယမန္ေန႔(ႏိုဝင္ဘာလ ၂၈ ရက္)တြင္ အထက္ ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာသံ႐ုံး(ဘန္ေကာက္)၌ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ(၃၁)ရက္တြင္ (PJ) အမ်ိဳးအစား ႏိုင္ငံကူးလက္မွတ္ သက္တမ္းကုန္ဆုံးမည့္သူမ်ားကို ႏိုင္ငံကူးလက္မွတ္အသစ္ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာ ေန႔စဥ္ Walk-in လာေရာက္သူမ်ား စနစ္တက်ေဆာင္႐ြက္ႏိုင္ေရးအတြက္ တိုကင္ရယူၿပီး သတ္မွတ္ရက္၌ လာေရာက္လုပ္ကိုင္သည့္စနစ္ကို ျပန္လည္စတင္သြားမည္ျဖစ္ၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ဒီဇင္ဘာလ(၂)ရက္မွစ၍ စေနေန႔တိုင္း ရက္ခ်ိန္းတိုကင္ေပးအပ္သြားမည္ျဖစ္ၿပီး ရက္ခ်ိန္းတိုကင္မရွိသူမ်ားကို ဒီဇင္ဘာလ(၄)ရက္မွစ၍ ႏိုင္ငံကူးလက္မွတ္ လက္ခံျပဳလုပ္ေပးမည္မဟုတ္ေၾကာင္း သံ႐ုံးမွထုတ္ျပန္ထားသည္။

စက္႐ုံ၊ အလုပ္႐ုံမ်ားမွ အမည္စာရင္းေပးပို႔သူမ်ားကို ယခင္အတိုင္းသံ႐ုံးေဟာင္းတြင္ အလွည့္က်စနစ္အတိုင္း ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.