မင်းတုန်းမြို့နယ်ရှိကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

 3246

Pearl (NP News) - နိုဝင်ဘာ ၂၉

မင်းတုန်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက် (၇)နာရီခွဲခန့်တွင် မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ တောင်ယံကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတောင်ယံကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းသန်း (၅၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF များက လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

"တကယ်ကို စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ သူ့မှာ ကျန်ခဲ့တဲ့ မိသားစုတွေရှိတယ်။ တော်တော်လေးကို ခံစားနေရမယ်။ အဲဒီလောက်ထိ ရက်ရက်စက်စက် သတ်ဖြတ်စရာ မလိုဘူးလို့လည်း ထင်ပါတယ်"ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး ပနီချောင်းဘေးတွင် ဦးဝင်းသန်းအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ နံနက် (၃)နာရီခွဲခန့်တွင်လည်း မင်းတုန်းမြို့နယ်၊ မင်းတပ်ကျေးရွာအုပ်စု၊ ကြက်လောင်းကျေးရွာတွင် နေထိုင်သော အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဥက္ကာဖြိုး၏နေအိမ်သို့ PDF (၆)ဦးခန့်သည် ဆိုင်ကယ် (၂)စီးဖြင့် လာရောက်ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ဖမ်းဆီးစဉ် ဦးဥက္ကာဖြိုးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး PDF များက နေအိမ်ရှိ ဆိုင်ကယ်(၁)စီး ၊ ဖုန်း(၁)လုံး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတံဆိပ်တို့အား ယူဆောင်၍ တောင်ယံကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ (နိုဝင်ဘာလ ၂၈ ရက်)၊ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာတွင် နေထိုင်သော အထက်တန်းပြဆရာမဒေါ်မာစီအား PDF အဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျေးရွာအထွက်ရှိ စက်လှေဆိပ်တွင် လက်ပြန်ကြိုးတုတ်ကာ လည်လှီး၍သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မင္းတုန္းၿမိဳ႕နယ္ရွိေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ၿပီးေနာက္ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္

Pearl (NP News) - ႏိုဝင္ဘာ ၂၉

မင္းတုန္းၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအား PDF မ်ားက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၈ ရက္)၊ နံနက္ (၇)နာရီခြဲခန႔္တြင္ မေကြးတိုင္း၊ မင္းတုန္းၿမိဳ႕နယ္၊ ေတာင္ယံေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါေတာင္ယံေက်း႐ြာတြင္ေနထိုင္ေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးဝင္းသန္း (၅၅)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ PDF မ်ားက လာေရာက္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

"တကယ္ကို စိတ္မခ်မ္းေျမ့ျဖစ္ရပါတယ္။ သူ႔မွာ က်န္ခဲ့တဲ့ မိသားစုေတြရွိတယ္။ ေတာ္ေတာ္ေလးကို ခံစားေနရမယ္။ အဲဒီေလာက္ထိ ရက္ရက္စက္စက္ သတ္ျဖတ္စရာ မလိုဘူးလို႔လည္း ထင္ပါတယ္"ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ဖမ္းဆီးေခၚေဆာင္သြားၿပီး ပနီေခ်ာင္းေဘးတြင္ ဦးဝင္းသန္းအား ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါေန႔ နံနက္ (၃)နာရီခြဲခန႔္တြင္လည္း မင္းတုန္းၿမိဳ႕နယ္၊ မင္းတပ္ေက်း႐ြာအုပ္စု၊ ၾကက္ေလာင္းေက်း႐ြာတြင္ ေနထိုင္ေသာ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးဥကၠာၿဖိဳး၏ေနအိမ္သို႔ PDF (၆)ဦးခန႔္သည္ ဆိုင္ကယ္ (၂)စီးျဖင့္ လာေရာက္ဖမ္းဆီးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔လာေရာက္ဖမ္းဆီးစဥ္ ဦးဥကၠာၿဖိဳးမွာ ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး PDF မ်ားက ေနအိမ္ရွိ ဆိုင္ကယ္(၁)စီး ၊ ဖုန္း(၁)လုံး ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ႐ုံးတံဆိပ္တို႔အား ယူေဆာင္၍ ေတာင္ယံေက်း႐ြာဘက္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ (ႏိုဝင္ဘာလ ၂၈ ရက္)၊ နံနက္ပိုင္းတြင္ မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ေအာင္ပန္းေခ်ာင္းေက်း႐ြာတြင္ ေနထိုင္ေသာ အထက္တန္းျပဆရာမေဒၚမာစီအား PDF အဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ေက်း႐ြာအထြက္ရွိ စက္ေလွဆိပ္တြင္ လက္ျပန္ႀကိဳးတုတ္ကာ လည္လွီး၍သတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.