နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများအနက် ခွင့်ပြုချက်ကျသူ (၄၅၀)နီးပါး ရှိ‌ကြောင်း မလေးရှားရှိ မြန်မာသံရုံးအသိပေး

 922

စော (NP News) - နိုဝင်ဘာ ၂၉

နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများအနက် ခွင့်ပြုချက်ကျသူ (၄၅၀)နီးပါးရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးထံမှ သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် အထက်ပါကဲ့သို့အသိပေးကြေညာထားခြင်းဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် မှ ဩဂုတ်လ ၁၅ ရက်အတွင်း မှတ်ပုံတင်ကတ်ပြား (မူရင်း) နှင့် အိမ်ထောင်စုလူဦးရေစာရင်း(မိတ္တူ)တို့ဖြင့် နိုင်ငံကူးလက်မှတ်အသစ်ကို လျှောက်ထားသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် https://myanmarembassykl.org/ ရှိ Announcement စာမျက်နှာတွင် မိမိတို့၏ အမည်ပါ/မပါကို တွင် စစ်ဆေးကြရန်နှင့် အမည်စာရင်း တွေ့ရှိပါက https://www.mekl.org တွင် ရက်ချိန်းရယူရမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ဆိုသည်။

ထို့သို့ရက်ချိန်းရသည့်နေ့တွင် မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် စာအုပ်လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မှတ်ပုံတင်ကတ်ပြား(မူရင်း)၊ အိမ်ထောင်စုလူဦးရေစာရင်း (မိတ္တူ)နှင့် သံရုံးမှ ပေးထားသည့် ကိုယ်ရေးမှတ်တမ်း (မိတ္တူ)တို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားရာ၌ ကျန်ရှိသူများကိုလည်း ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အသိပေးထားသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္အသစ္ ေလွ်ာက္ထားသူမ်ားအနက္ ခြင့္ျပဳခ်က္က်သူ (၄၅၀)နီးပါး ရွိ‌ေၾကာင္း မေလးရွားရွိ ျမန္မာသံ႐ုံးအသိေပး

ေစာ (NP News) - ႏိုဝင္ဘာ ၂၉

ႏိုင္ငံကူးလက္မွတ္အသစ္ ေလွ်ာက္ထားသူမ်ားအနက္ ခြင့္ျပဳခ်က္က်သူ (၄၅၀)နီးပါးရွိေၾကာင္း မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံးထံမွ သိရသည္။

မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယမန္ေန႔(ႏိုဝင္ဘာလ ၂၈ ရက္)တြင္ အထက္ပါကဲ့သို႔အသိေပးေၾကညာထားျခင္းျဖစ္သည္။

၎တို႔သည္ ၿပီးခဲ့သည့္ ဇြန္လ ၁၅ ရက္ မွ ဩဂုတ္လ ၁၅ ရက္အတြင္း မွတ္ပုံတင္ကတ္ျပား (မူရင္း) ႏွင့္ အိမ္ေထာင္စုလူဦးေရစာရင္း(မိတၱဴ)တို႔ျဖင့္ ႏိုင္ငံကူးလက္မွတ္အသစ္ကို ေလွ်ာက္ထားသူမ်ားျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားသူမ်ားသည္ https://myanmarembassykl.org/ ရွိ Announcement စာမ်က္ႏွာတြင္ မိမိတို႔၏ အမည္ပါ/မပါကို တြင္ စစ္ေဆးၾကရန္ႏွင့္ အမည္စာရင္း ေတြ႕ရွိပါက https://www.mekl.org တြင္ ရက္ခ်ိန္းရယူရမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ ဆိုသည္။

ထို႔သို႔ရက္ခ်ိန္းရသည့္ေန႔တြင္ ျမန္မာသံ႐ုံး၌ ႏိုင္ငံကူးလက္မွတ္ စာအုပ္လာေရာက္ထုတ္ယူရမည္ျဖစ္ၿပီး မွတ္ပုံတင္ကတ္ျပား(မူရင္း)၊ အိမ္ေထာင္စုလူဦးေရစာရင္း (မိတၱဴ)ႏွင့္ သံ႐ုံးမွ ေပးထားသည့္ ကိုယ္ေရးမွတ္တမ္း (မိတၱဴ)တို႔ကို ယူေဆာင္လာရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ႏိုင္ငံကူးလက္မွတ္အသစ္ေလွ်ာက္ထားရာ၌ က်န္ရွိသူမ်ားကိုလည္း ထပ္မံေၾကညာသြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးမွ အသိေပးထားသည္။

Related news

© 2021. All rights reserved.