ဆီဒိုးနားဟိုတယ်ကို လာမယ့်ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမယ်

 1325

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

ကာလအတန်ကြာပိတ်ထားခဲ့ရတဲ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို ပိုင်ရှင်အသစ်လက်ထက်မှာ စတင်ဖွင့်လှစ် သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။

ဂျပန်အခြေစိုက်သတင်းဌာနက ဆီဒိုးနားဟိုတယ်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားတော့မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် အာဏာသိမ်းမှုတွေကြောင့် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်ကို ကာလတန်ကြာပိတ်ပင်ခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်တဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီဟာ ဒီနှစ် အစောပိုင်းမှာ ဟိုတယ်ကို ပြန်လည်ရောင်းချခဲ့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် အာဏာသိမ်းမှုတွေကြောင့် သက်ရောက်မှုများစွာဖြစ်ခဲ့ရာ ဆီဒိုးနားဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Keppel Corp စီးပွားရေးလုပ်ငန်းစုဟာ ဟိုတယ်ကို Spring Blossom Ventures စီးပွားရေး လုပ်ငန်းစုထံ အမေရိကန်ဒေါ်လာ ၅၇ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ဟာ မြန်မာနိုင်ငံမှာဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်တွေထဲမှာ ပထမဆုံး နိုင်ငံတကာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။ ဆီဒိုးနားဟိုတယ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခန်းပေါင်း ၈ဝဝ နီးပါး ရှိကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် တပ်မတော်အာဏာရယူပြီးနောက် မြန်မာနိုင်ငံရဲ့စီးပွားရေးကို သက်ရောက်မှု များဖြစ်လာခဲ့ပြီး ပြည်ပခရီးသွားလုပ်ငန်းကို အနည်းငယ်ထိခိုက်စေခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

Zawgyi Version;
ဆီဒိုးနားဟိုတယ္ကို လာမယ့္ရက္ပိုင္းအတြင္း ျပန္လည္ဖြင့္လွစ္သြားမယ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၉

ကာလအတန္ၾကာပိတ္ထားခဲ့ရတဲ့ ရန္ကုန္ၿမိဳ႕ရွိ ဆီဒိုးနားဟိုတယ္ကို ပိုင္ရွင္အသစ္လက္ထက္မွာ စတင္ဖြင့္လွစ္ သြားေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ဂ်ပန္အေျခစိုက္သတင္းဌာနက ဆီဒိုးနားဟိုတယ္ကို လာမယ့္ ဒီဇင္ဘာ ၁ ရက္မွာ ျပန္လည္ဖြင့္လွစ္သြားေတာ့မွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ အာဏာသိမ္းမႈေတြေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ ဆီဒိုးနားဟိုတယ္ကို ကာလတန္ၾကာပိတ္ပင္ခဲ့ၿပီးေနာက္ ပိုင္ရွင္ျဖစ္တဲ့ စင္ကာပူအေျခစိုက္ကုမၸဏီဟာ ဒီႏွစ္ အေစာပိုင္းမွာ ဟိုတယ္ကို ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ အာဏာသိမ္းမႈေတြေၾကာင့္ သက္ေရာက္မႈမ်ားစြာျဖစ္ခဲ့ရာ ဆီဒိုးနားဟိုတယ္ ပိုင္ရွင္ျဖစ္တဲ့ Keppel Corp စီးပြားေရးလုပ္ငန္းစုဟာ ဟိုတယ္ကို Spring Blossom Ventures စီးပြားေရး လုပ္ငန္းစုထံ အေမရိကန္ေဒၚလာ ၅၇ သန္းနဲ႔ ေရာင္းခ်ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္ဟာ ျမန္မာႏိုင္ငံမွာဖြင့္လွစ္ခဲ့တဲ့ ဟိုတယ္ေတြထဲမွာ ပထမဆုံး ႏိုင္ငံတကာတစ္ခု ျဖစ္ေၾကာင္း သိရပါတယ္။ ဆီဒိုးနားဟိုတယ္ကို ၁၉၉၆ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး အခန္းေပါင္း ၈ဝဝ နီးပါး ရွိေၾကာင္း သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ တပ္မေတာ္အာဏာရယူၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးကို သက္ေရာက္မႈ မ်ားျဖစ္လာခဲ့ၿပီး ျပည္ပခရီးသြားလုပ္ငန္းကို အနည္းငယ္ထိခိုက္ေစခဲ့ေၾကာင္း ႏိုင္ငံတကာသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.