ဂါဇာဒေသမှာ ဗုံးကြဲခံရခြင်းထက် ရောဂါကြောင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

 534

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ ဗုံးကြဲခံရခြင်းကြောင့် သေဆုံးသူအရေ အတွက်ထက် ရောဂါရရှိကာ သေဆုံးသူအရေအတွက်က ပိုမိုများလာမယ့်အန္တရာယ်မျိုးရှိနေကြောင်း WHO အဖွဲ့က ပြောပါတယ်။

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ စတင်ခဲ့ရာ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၅ဝဝဝ ကျော် သေဆုံးထားကြောင်း၊ သေဆုံးထားသူအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Margaret Harris က "ဂါဇာဒေသကျန်းမာရေးအခြေအနေ ပိုမို ကောင်းမွန်စေဖို့ အတူတကွ လုပ်ဆောင်မှုမရှိဘူးဆိုရင် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူအရေအတွက်ထက် ရောဂါ ကြောင့် သေဆုံးရသူအရေအတွက် ပိုမိုများလာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။

၎င်းက ဂါဇာစစ်ပွဲကြောင့် ဝမ်းလျှောရောဂါများ အပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်အခြေအနေများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောပါတယ်။ ကုလသမဂ္ဂက "ဂါဇာဒေသမှာ ဆေးဝါးလုံလောက်မှုမရှိဘူး။ ကျန်းမာရေးဝန်ထမ်း လုံလောက်မှုမရှိဘူး။ အစားစာနဲ့ ရေသန့် အလုံအလောက်မရှိဘူး။ အဲဒီအခြေအနေတွက ကလေးငယ်တွေကို ဝမ်းလျှောရောဂါကြောင့်သေဆုံးရမှု ပိုမိုဖြစ်လာစေနိုင်တယ်" လို့ ပြောပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာ၊ အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ခဲ့ရာ ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ကြောင်း သိရပါတယ်။ စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာဒေသမှာ လူပေါင်းသန်းချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရပါတယ်။

Zawgyi Version;
ဂါဇာေဒသမွာ ဗုံးႀကဲခံရျခင္းထက္ ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ ပိုမိုမ်ားျပားလာဖြယ္ရွိေနဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ သတိေပး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၉

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲဟာ ဗုံးႀကဲခံရျခင္းေၾကာင့္ ေသဆုံးသူအေရ အတြက္ထက္ ေရာဂါရရွိကာ ေသဆုံးသူအေရအတြက္က ပိုမိုမ်ားလာမယ့္အႏၲရာယ္မ်ိဳးရွိေနေၾကာင္း WHO အဖြဲ႕က ေျပာပါတယ္။

ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံကို ေအာက္တိုဘာ ၇ ရက္ေန႔မွာ စတင္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ား စတင္ခဲ့ရာ အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ပါလက္စတိုင္းျပည္သူ ၁၅ဝဝဝ ေက်ာ္ ေသဆုံးထားေၾကာင္း၊ ေသဆုံးထားသူအားလုံးရဲ႕ ၄ဝ ရာခိုင္ႏႈန္းက ကေလးငယ္မ်ားျဖစ္ေၾကာင္း သိရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူ Margaret Harris က "ဂါဇာေဒသက်န္းမာေရးအေျခအေန ပိုမို ေကာင္းမြန္ေစဖို႔ အတူတကြ လုပ္ေဆာင္မႈမရွိဘူးဆိုရင္ ဗုံးႀကဲခံရမႈေၾကာင့္ ေသဆုံးသူအေရအတြက္ထက္ ေရာဂါ ေၾကာင့္ ေသဆုံးရသူအေရအတြက္ ပိုမိုမ်ားလာဖြယ္ရွိေနပါတယ္" လို႔ ေျပာပါတယ္။

၎က ဂါဇာစစ္ပြဲေၾကာင့္ ဝမ္းေလွ်ာေရာဂါမ်ား အပါအဝင္ ကူးစက္ေရာဂါမ်ား ျဖစ္ပြားလာႏိုင္မယ့္ အႏၲရာယ္အေျခအေနမ်ား ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ေျပာပါတယ္။ ကုလသမဂၢက "ဂါဇာေဒသမွာ ေဆးဝါးလုံေလာက္မႈမရွိဘူး။ က်န္းမာေရးဝန္ထမ္း လုံေလာက္မႈမရွိဘူး။ အစားစာနဲ႔ ေရသန႔္ အလုံအေလာက္မရွိဘူး။ အဲဒီအေျခအေနတြက ကေလးငယ္ေတြကို ဝမ္းေလွ်ာေရာဂါေၾကာင့္ေသဆုံးရမႈ ပိုမိုျဖစ္လာေစႏိုင္တယ္" လို႔ ေျပာပါတယ္။

အစၥေရးနဲ႔ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေရးအတြက္ ကာတာ၊ အီဂ်စ္ႏိုင္ငံတို႔က ၾကားဝင္ေစ့စပ္ခဲ့ရာ ယာယီအပစ္ခတ္ရပ္စဲေရးရရွိခဲ့ေၾကာင္း သိရပါတယ္။ စစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း ဂါဇာေဒသမွာ လူေပါင္းသန္းခ်ီ ေနရပ္စြန႔္ခြာထြက္ေျပးေနရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.