ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်

 2693

မြူနစ် (NP News) - နိုဝင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် ဝန်ကြီးဟောင်းဦးရဲထွဋ်အပေါ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ဝန်ကြီးဟောင်းဦးရဲထွဋ်သည် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် (၇)နှစ်နှင့် ပုဒ်မ ၅၀၅-က အရ ထောင်ဒဏ် (၃)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

“ဒီနေ့မှာ အလုံခရိုင်တရားသူကြီးက အင်းစိန်ထောင်မှာရှိတဲ့ ထောင်တွင်းအထူးတရားရုံးမှာ ပုဒ်မ ၁၂၄-ဃ အရ ထောင်ဒဏ် (၇)နှစ်ချမှတ်လိုက်တယ်။ နောက်အလုံမြို့နယ်တရားရုံးက ပုဒ် ၅၀၅-က နဲ့ ထောင်ဒဏ် (၃)နှစ်ချလိုက်တယ်။ စုစုပေါင်း (၁၀)နှစ် ချမှတ်လိုက်တာပေါ့” ဟု တရားရုံးနှင့်နီးစပ်သူက ပြောသည်။

ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဝန်ကြီးဟောင်းဦးရဲထွဋ်သည် ပုဒ်မ ၁၂၄-ဃ ဖြင့်ပါ ထပ်မံအမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ယင်းပုဒ်မများဖြင့် ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ဦးရဲထွဋ်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သကဲ့သို့ တပ်မတော်တွင်လည်း ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

zawgyi version
ျပန္ၾကားေရးဝန္ႀကီးေဟာင္းဦးရဲထြဋ္ကို ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၂၉

ျပန္ၾကားေရးဝန္ႀကီးေဟာင္းဦးရဲထြဋ္ကို ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သိရသည္။

ယေန႔(ႏိုဝင္ဘာလ ၂၉ ရက္)တြင္ ဝန္ႀကီးေဟာင္းဦးရဲထြဋ္အေပၚ ျပစ္ဒဏ္ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ဝန္ႀကီးေဟာင္းဦးရဲထြဋ္သည္ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-ဃ အရ ေထာင္ဒဏ္ (၇)ႏွစ္ႏွင့္ ပုဒ္မ ၅၀၅-က အရ ေထာင္ဒဏ္ (၃)ႏွစ္ စုစုေပါင္း ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရသည္။

“ဒီေန႔မွာ အလုံခ႐ိုင္တရားသူႀကီးက အင္းစိန္ေထာင္မွာရွိတဲ့ ေထာင္တြင္းအထူးတရား႐ုံးမွာ ပုဒ္မ ၁၂၄-ဃ အရ ေထာင္ဒဏ္ (၇)ႏွစ္ခ်မွတ္လိုက္တယ္။ ေနာက္အလုံၿမိဳ႕နယ္တရား႐ုံးက ပုဒ္ ၅၀၅-က နဲ႔ ေထာင္ဒဏ္ (၃)ႏွစ္ခ်လိုက္တယ္။ စုစုေပါင္း (၁၀)ႏွစ္ ခ်မွတ္လိုက္တာေပါ့” ဟု တရား႐ုံးႏွင့္နီးစပ္သူက ေျပာသည္။

ဦးရဲထြဋ္သည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ မဟုတ္မမွန္သတင္းမ်ား ေရးသားျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဟုဆိုကာ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က ျဖင့္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၈ ရက္ ညပိုင္းတြင္ အမႈဖြင့္ဖမ္းဆီးစစ္ေဆးခံခဲ့ရသည္။

ထိုသို႔ ဖမ္းဆီးစစ္ေဆးခံရၿပီးေနာက္ ဝန္ႀကီးေဟာင္းဦးရဲထြဋ္သည္ ပုဒ္မ ၁၂၄-ဃ ျဖင့္ပါ ထပ္မံအမႈဖြင့္ တရားစြဲဆိုခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယေန႔တြင္ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္သည္ ယင္းပုဒ္မမ်ားျဖင့္ ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရျခင္းလည္းျဖစ္သည္။

ဦးရဲထြဋ္သည္ သမၼတဦးသိန္းစိန္အစိုးရလက္ထက္တြင္ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္သကဲ့သို႔ တပ္မေတာ္တြင္လည္း ဒုတိယဗိုလ္မႉးႀကီးရာထူးျဖင့္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္သည္။

Related news

© 2021. All rights reserved.