ရှမ်းယူနိုက်တက်အသင်း ကြားကွင်းကစားခဲ့ရမှုနှင့်ပတ်သက်၍ MFF က သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားဟုဆို

 1090

ကျော် (NP News) - နိုဝင်ဘာ ၂၉

AFC ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းကစားသများကို ဗီဇာခွင့်မပြုပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားကြောင်း သိရသည်။

သြစတြေးလျအစိုးရက မြန်မာရှမ်းယူနိုက်တက်အသင်းကစားသမားများကို ဗီဇာခွင့်ပြုပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် သြစတြေးလျကလပ် Macarthur FC နှင့် ကစားမည့် AFC Cup ပွဲစဉ်ကို ကြားကွင်းအဖြစ် ထိုင်းနိုင်ငံ၌ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဦးတင်မြင့်အောင်က ကြားကွင်းကစားရသော်လည်း အရေးကြီးသည်မှာ ပွဲကစားခွင့်ရရေးဖြစ်သည်ဟု NP News ကိုပြောသည်။

"ဒီဖြစ်စဥ်မှာ တစ်ချို့ကိစ္စလေးတွေရှိမှာပါ။ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ လုပ်စရာရှိတာတွေလုပ်တယ်။ အားကစားနဲ့ပတ်သက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က သက်ဆိုင် ရာ AFC ကိုအကြောင်းကြားတယ်။ အရေးကြီးတာကတော့ ပွဲကစားရဖို့ပါပဲ"ဟု ဦးတင်မြင့်အောင်ကပြောသည်။

AFC သို့အကြောင်းကြားခြင်းအပြင် သြစတြေးလျနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံလည်း ပြည်ဝင် ခွင့်လက်မခံပါက အနိုင်အရှုံးအတွက် (၃)ဂိုး၊ (၃)မှတ်ပေးမည်လားဟု ဆက်သွယ်အကြောင်း ကြားခဲ့သည်ဟု ၎င်းကပြောသည်။

"အဲဒီလိုအကြောင်းကြားတော့ သူတို့အဖွဲ့ချုပ်က သူတို့လည်းမတတ်နိုင်တဲ့အတွက် ကြားကွင်းကစားဖို့ နိုင်ငံ ၅ ခုကိုအဆိုပြုခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ် ၂ ခုရယ်၊ ကလပ်အသင်း ၂ ခုရယ် ဆွေးနွေးပြီးတော့ ထိုင်းနိုင်ငံမှာ ကန်ဖို့ရွေးချယ်ခဲ့ကြတာပါ"ဟု ဦးတင်မြင့်အောင်က ပြောသည်။

ယခု ဖြစ်စဥ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သက်ဆိုင်ရာ AFC ထံသို့ တရားဝင် Complain Letter ရေးသားပေးပို့ထားပြီး AFC မှလည်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီဖြစ်စဥ်မှာ တကယ်တမ်းနစ်နာတာက သြစတြေးလျကလပ်ပါ။ သူတို့က အိမ်ကွင်းပရိသတ်ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ကပိုတောင်ကောင်းသေးတယ်။ သြစတြေးလျမှာဆိုရင် အဝေးကြီးသွားကန်နေရမှာ"ဟု ဦးတင်မြင့်အောင်ကပြောသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဩစတြေးလျကလပ် Macarthur FC နှင့် AFC Cup ပြိုင်ပွဲအဖြစ် မနက်ဖြန်(နိုဝင်ဘာလ ၃၀ ရက်)တွင် ထိုင်းနိုင်ငံ၌ ကြားကွင်းပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

zawgyi version
ရွမ္းယူႏိုက္တက္အသင္း ၾကားကြင္းကစားခဲ့ရမႈႏွင့္ပတ္သက္၍ MFF က သက္ဆိုင္ရာ AFC ထံသို႔ တရားဝင္ Complain Letter ေရးသားေပးပို႔ထားဟုဆို

ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၉

AFC ၿပိဳင္ပြဲတြင္ ရွမ္းယူႏိုက္တက္အသင္းကစားသမ်ားကို ဗီဇာခြင့္မျပဳေပးခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က သက္ဆိုင္ရာ AFC ထံသို႔ တရားဝင္ Complain Letter ေရးသားေပးပို႔ထားေၾကာင္း သိရသည္။

ၾသစေၾတးလ်အစိုးရက ျမန္မာရွမ္းယူႏိုက္အသင္းကစားသမားမ်ားကို ဗီဇာခြင့္ျပဳေပးရန္ ျငင္းဆန္ခဲ့ျခင္းေၾကာင့္ ၾသစေၾတးလ်ကလပ္ Macarthur FC ႏွင့္ ကစားမည့္ AFC Cup ပြဲစဥ္ကို ၾကားကြင္းအျဖစ္ ထိုင္းႏိုင္ငံ၌ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ နည္းစနစ္ဒါ႐ိုက္တာျဖစ္သူ ဦးတင္ျမင့္ေအာင္က ၾကားကြင္းကစားရေသာ္လည္း အေရးႀကီးသည္မွာ ပြဲကစားခြင့္ရေရးျဖစ္သည္ဟု NP News ကိုေျပာသည္။

"ဒီျဖစ္စဥ္မွာ တစ္ခ်ိဳ႕ကိစၥေလးေတြရွိမွာပါ။ ကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္အေနနဲ႔ကေတာ့ လုပ္စရာရွိတာေတြလုပ္တယ္။ အားကစားနဲ႔ပတ္သက္တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔က သက္ဆိုင္ ရာ AFC ကိုအေၾကာင္းၾကားတယ္။ အေရးႀကီးတာကေတာ့ ပြဲကစားရဖို႔ပါပဲ"ဟု ဦးတင္ျမင့္ေအာင္ကေျပာသည္။

AFC သို႔အေၾကာင္းၾကားျခင္းအျပင္ ၾသစေၾတးလ်ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ထံလည္း ျပည္ဝင္ ခြင့္လက္မခံပါက အႏိုင္အရႈံးအတြက္ (၃)ဂိုး၊ (၃)မွတ္ေပးမည္လားဟု ဆက္သြယ္အေၾကာင္း ၾကားခဲ့သည္ဟု ၎ကေျပာသည္။

"အဲဒီလိုအေၾကာင္းၾကားေတာ့ သူတို႔အဖြဲ႕ခ်ဳပ္က သူတို႔လည္းမတတ္ႏိုင္တဲ့အတြက္ ၾကားကြင္းကစားဖို႔ ႏိုင္ငံ ၅ ခုကိုအဆိုျပဳခဲ့တယ္။ ေနာက္ဆုံး ကြၽန္ေတာ္တို႔ ေဘာလုံးအဖြဲ႕ခ်ဳပ္ ၂ ခုရယ္၊ ကလပ္အသင္း ၂ ခုရယ္ ေဆြးေႏြးၿပီးေတာ့ ထိုင္းႏိုင္ငံမွာ ကန္ဖို႔ေ႐ြးခ်ယ္ခဲ့ၾကတာပါ"ဟု ဦးတင္ျမင့္ေအာင္က ေျပာသည္။

ယခု ျဖစ္စဥ္အား ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ သက္ဆိုင္ရာ AFC ထံသို႔ တရားဝင္ Complain Letter ေရးသားေပးပို႔ထားၿပီး AFC မွလည္း ေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီျဖစ္စဥ္မွာ တကယ္တမ္းနစ္နာတာက ၾသစေၾတးလ်ကလပ္ပါ။ သူတို႔က အိမ္ကြင္းပရိသတ္ဆုံးရႈံးသြားတယ္။ ကြၽန္ေတာ္တို႔ကပိုေတာင္ေကာင္းေသးတယ္။ ၾသစေၾတးလ်မွာဆိုရင္ အေဝးႀကီးသြားကန္ေနရမွာ"ဟု ဦးတင္ျမင့္ေအာင္ကေျပာသည္။

ျမန္မာေနရွင္နယ္လိဂ္ကလပ္ ရွမ္းယူႏိုက္တက္အသင္းသည္ ဩစေၾတးလ်ကလပ္ Macarthur FC ႏွင့္ AFC Cup ၿပိဳင္ပြဲအျဖစ္ မနက္ျဖန္(ႏိုဝင္ဘာလ ၃၀ ရက္)တြင္ ထိုင္းႏိုင္ငံ၌ ၾကားကြင္းပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.