မန်စီးတီးအသင်းကစားသမားအနေဖြင့် ၎င်းတို့၏ အမှားများမှ သင်ခန်းစာယူရမည်ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာ သတိပေးပြော

 483

Pika (NP News) - နိုဝင်ဘာ ၂၉

မန်စီးတီးအသင်းကစားသမားများအနေဖြင့် ၎င်းတို့၏ အမှားများမှ သင်ခန်းစာယူရမည်ဖြစ်ကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက သတိပေးပြောခဲ့သည်။

RB လိုက်ပ်ဇစ်အသင်းကို (၃)ဂိုး-(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ပထမပိုင်း (၁၃)မိနစ် နှင့် (၃၃)မိနစ်တို့တွင် (၂)ဂိုးပေးခဲ့ရကာ တစ်ဖက်အသင်း၏ ဖိအားပေးကစားခြင်းများကို ခံခဲ့ရကြောင်း လည်း သိရသည်။

မန်စီးတီးအသင်းသည် ပထမပိုင်းတွင် ခံစစ်ပိုင်းအမှားများကြောင့် ဖိအားပေးကစားခြင်းများကို ခံခဲ့ရပြီး RB လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး Lois Openda က နှစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မန်စီးတီးအသင်းသည် ဒုတိယပိုင်းတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လည်ကစားနိုင်ခဲ့ပြီး ဟာလန်း၊ ဖိုဒန် နှင့် ဂျူလီယန်အဲဗာရက်ဇ်တို့က တစ်ဂိုးစီပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီးနောက် (၃)ဂိုး-(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

နည်းပြဂွါဒီယိုလာက "ချဲလ်ဆီးအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တုန်းက ကျွန်တော်တို့လုပ်ခဲ့မိသလိုမျိုး (၄)ဂိုးပေးခဲ့ရတာဟာ ပုံမှန်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက အဲဒီလိုဖြစ်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ရပါမယ်။လီဗာပူးလ်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တုန်းက ကျွန်တော် တို့ဆုံးဖြတ်ချက်တွေက ကောင်းမွန်ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက် အများကြီး ပိုကောင်းလာအောင် ကြိုးစားရပါမယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ကံကောင်းသွားခဲ့တာပါ" ဟု ပြောခဲ့သည်။

မန်စီးတီးအသင်းသည် ၎င်းတို့နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ(၃)ပွဲတွင် သွင်းဂိုး(၇)ဂိုးထိ ပေးခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် မန်စီးတီးအသင်းသည် လာမည့် ဒီဇင်ဘာလ(၃)ရက်တွင် စပါးအသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မန္စီးတီးအသင္းကစားသမားအေနျဖင့္ ၎တို႔၏ အမွားမ်ားမွ သင္ခန္းစာယူရမည္ျဖစ္ေၾကာင္း နည္းျပဂြါဒီယိုလာ သတိေပးေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၉

မန္စီးတီးအသင္းကစားသမားမ်ားအေနျဖင့္ ၎တို႔၏ အမွားမ်ားမွ သင္ခန္းစာယူရမည္ျဖစ္ေၾကာင္း မန္စီးတီး နည္းျပဂြါဒီယိုလာက သတိေပးေျပာခဲ့သည္။

RB လိုက္ပ္ဇစ္အသင္းကို (၃)ဂိုး-(၂)ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည့္ ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ မန္စီးတီးအသင္းသည္ ပထမပိုင္း (၁၃)မိနစ္ ႏွင့္ (၃၃)မိနစ္တို႔တြင္ (၂)ဂိုးေပးခဲ့ရကာ တစ္ဖက္အသင္း၏ ဖိအားေပးကစားျခင္းမ်ားကို ခံခဲ့ရေၾကာင္း လည္း သိရသည္။

မန္စီးတီးအသင္းသည္ ပထမပိုင္းတြင္ ခံစစ္ပိုင္းအမွားမ်ားေၾကာင့္ ဖိအားေပးကစားျခင္းမ်ားကို ခံခဲ့ရၿပီး RB လိုက္ပ္ဇစ္အသင္း တိုက္စစ္မႉး Lois Openda က ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း မန္စီးတီးအသင္းသည္ ဒုတိယပိုင္းတြင္ အေကာင္းဆုံးပုံစံျဖင့္ ျပန္လည္ကစားႏိုင္ခဲ့ၿပီး ဟာလန္း၊ ဖိုဒန္ ႏွင့္ ဂ်ဴလီယန္အဲဗာရက္ဇ္တို႔က တစ္ဂိုးစီျပန္လည္ သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၃)ဂိုး-(၂)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္ သည္။

နည္းျပဂြါဒီယိုလာက "ခ်ဲလ္ဆီးအသင္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္တုန္းက ကြၽန္ေတာ္တို႔လုပ္ခဲ့မိသလိုမ်ိဳး (၄)ဂိုးေပးခဲ့ရတာဟာ ပုံမွန္ေတာ့မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ရာသီတုန္းက အဲဒီလိုျဖစ္တာမ်ိဳး မရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ဒီထက္ပိုၿပီး တိုးတက္ေအာင္လုပ္ရပါမယ္။လီဗာပူးလ္အသင္းနဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္တုန္းက ကြၽန္ေတာ္ တို႔ဆုံးျဖတ္ခ်က္ေတြက ေကာင္းမြန္ၿပီး အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဒီထက္ အမ်ားႀကီး ပိုေကာင္းလာေအာင္ ႀကိဳးစားရပါမယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ ကံေကာင္းသြားခဲ့တာပါ" ဟု ေျပာခဲ့သည္။

မန္စီးတီးအသင္းသည္ ၎တို႔ေနာက္ဆုံးကစားခဲ့ေသာ ၿပိဳင္ပြဲစုံ(၃)ပြဲတြင္ သြင္းဂိုး(၇)ဂိုးထိ ေပးခဲ့ရေၾကာင္းလည္း သိရသည္။ ထို႔အျပင္ မန္စီးတီးအသင္းသည္ လာမည့္ ဒီဇင္ဘာလ(၃)ရက္တြင္ စပါးအသင္း ႏွင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.