Google က ၂ နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့အကောင့်တွေကို ပယ်ဖျက်သွားဖို့ နီးကပ်လာ

 665

ရောင်နီ(NP News) - နိုဝင်ဘာ ၃ဝ

Google အကောင့်တစ်ခုခုကို အချိန်အတော်ကြာထိ အသုံးမပြုဘဲ ပစ်ထားမယ်ဆိုရင် ဒီဇင်ဘာ ၁ ရက်ကစ Google က ပယ်ဖျက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလက Google ဟာ နှစ်နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့အကာင့်တွေကို ဖျက်ပစ်မှာဖြစ်ပြီး၊ မူဝါဒကို ဒီဇင်ဘာလမှာ စတင် အသက်သွင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ နှစ်နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့ Gmail တွေနဲ့ ချိတ်ဆက်ထားတဲ့ YouTube၊ Photos၊ Docs၊ Drive၊ Meet ၊Calendar စတဲ့ အခြား app တွေမှာလည်း သိမ်းဆည်းထားတဲ့ ဘယ်အရာမဆို ပျက်သွားနိုင်တယ်လို့ သိရပါတယ်။

အသုံးပြုသူဟာ အကောင့်ထဲ ဝင်ရောက်ပြီး အီးမေးလ်ဖတ်ခြင်း (သို့မဟုတ်) ပေးပို့ခြင်း၊ YouTube ဗီဒီယိုကြည့်ရှု ခြင်း (သို့မဟုတ်) Google မှာ ရှာဖွေမှုများစတဲ့ လုပ်ဆောင်ချက်များစွာထဲမှ တစ်ခုကို လုပ်ဆောင်ရင်တော့ အသုံးပြုနေဆဲ အကောင့်လို့ ယူဆပါတယ်။

ငွေကြေးလက်ကျန် (သို့မဟုတ်) active ဖြစ်တဲ့ အခပေးစာရင်းသွင်းမှုတွေရှိနေတဲ့ အချို့အကောင့်တွေကတော့ ဖျက်သိမ်းခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနိုင်မယ်လို့ သိရပါတယ်။

Zawgyi Version;
Google က ၂ ႏွစ္ၾကာ အသုံးျပဳျခင္းမရွိတဲ့အေကာင့္ေတြကို ပယ္ဖ်က္သြားဖို႔ နီးကပ္လာ
ေရာင္နီ(NP News) - ႏိုဝင္ဘာ ၃ဝ

Google အေကာင့္တစ္ခုခုကို အခ်ိန္အေတာ္ၾကာထိ အသုံးမျပဳဘဲ ပစ္ထားမယ္ဆိုရင္ ဒီဇင္ဘာ ၁ ရက္ကစ Google က ပယ္ဖ်က္သြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေမလက Google ဟာ ႏွစ္ႏွစ္ၾကာ အသုံးျပဳျခင္းမရွိတဲ့အကာင့္ေတြကို ဖ်က္ပစ္မွာျဖစ္ၿပီး၊ မူဝါဒကို ဒီဇင္ဘာလမွာ စတင္ အသက္သြင္းမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဆိုလိုတာကေတာ့ ႏွစ္ႏွစ္ၾကာ အသုံးျပဳျခင္းမရွိတဲ့ Gmail ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ YouTube၊ Photos၊ Docs၊ Drive၊ Meet ၊Calendar စတဲ့ အျခား app ေတြမွာလည္း သိမ္းဆည္းထားတဲ့ ဘယ္အရာမဆို ပ်က္သြားႏိုင္တယ္လို႔ သိရပါတယ္။

အသုံးျပဳသူဟာ အေကာင့္ထဲ ဝင္ေရာက္ၿပီး အီးေမးလ္ဖတ္ျခင္း (သို႔မဟုတ္) ေပးပို႔ျခင္း၊ YouTube ဗီဒီယိုၾကည့္ရႈ ျခင္း (သို႔မဟုတ္) Google မွာ ရွာေဖြမႈမ်ားစတဲ့ လုပ္ေဆာင္ခ်က္မ်ားစြာထဲမွ တစ္ခုကို လုပ္ေဆာင္ရင္ေတာ့ အသုံးျပဳေနဆဲ အေကာင့္လို႔ ယူဆပါတယ္။

ေငြေၾကးလက္က်န္ (သို႔မဟုတ္) active ျဖစ္တဲ့ အခေပးစာရင္းသြင္းမႈေတြရွိေနတဲ့ အခ်ိဳ႕အေကာင့္ေတြကေတာ့ ဖ်က္သိမ္းခံရျခင္းမွ ကင္းလြတ္ခြင့္ ရရွိႏိုင္မယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.