ရုရှားအစိုးရတာဝန်ရှိသူများကို Apple ထုတ် ပစ္စည်းများကို အသုံမပြုဖို့ သတိပေးတားမြစ်

 592

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃ဝ

ရုရှားအစိုးရဟာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ထုတ် ပစ္စည်းများကို အသုံမပြုဖို့ ရုရှားအစိုးရဝန်ထမ်းများကို ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ အပါအဝင် ရုရှားအစိုးရအေဂျင်စီအများစုဟာ iPhones, iPads အပါအဝင် Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကို အသုံးမပြုဖို့ သတိပေးခံထားရကြောင်း သိရပါတယ်။ အဆိုပါပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် အပြစ်ပေးခံရဖွယ်ရှီတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FSB က အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ CIA ဟာ သံတမန်များနဲ့ အခြားသူများရဲ့အချက်အလက်တွေကို ရယူနိုင်ဖို့ Apple devices ကို အသုံးချနေကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက် Apple ကုမ္ပဏီဟာ ရုရှားနိုင်ငံက လုပ်ငန်းတွေ ပြန်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် Apple ကုမ္ပဏီ ထုတ်ပစ္စည်းတွေကို ပြန်လည်တင်ပို့ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ ရုရှားနိုင်ငံရှိ mobile brand တွေထဲမှာ လူကြိုက်အများဆုံး ပစ္စည်းဖြစ်နေပြီး ဒီနှစ်ပထမ နှစ်ဝက်အတွင်း ရုရှားနိုင်ငံမှာ iPhone ရောင်းချရမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံ ကျော်သွားခဲ့ကြောင်း သိရပါတယ်။

Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ ရုရှားနိုင်ငံမှာ တရုတ်နိုင်ငံထုတ် Xiaomi ၊ တောင်ကိုရီးယားနိုင်ငံထုတ် ဆမ်းဆောင်းထက် ပိုမိုလူကြိုက်များနေကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားအစိုးရတာဝန္ရွိသူမ်ားကို Apple ထုတ္ ပစၥည္းမ်ားကို အသုံမျပဳဖို႔ သတိေပးတားျမစ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃ဝ

႐ုရွားအစိုးရဟာ နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Apple ထုတ္ ပစၥည္းမ်ားကို အသုံမျပဳဖို႔ ႐ုရွားအစိုးရဝန္ထမ္းမ်ားကို ၫႊန္ၾကားလိုက္ေၾကာင္း သိရပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ား အပါအဝင္ ႐ုရွားအစိုးရေအဂ်င္စီအမ်ားစုဟာ iPhones, iPads အပါအဝင္ Apple ကုမၸဏီက ထုတ္လုပ္တဲ့ကုန္ပစၥည္းေတြကို အသုံးမျပဳဖို႔ သတိေပးခံထားရေၾကာင္း သိရပါတယ္။ အဆိုပါပစၥည္းေတြကို အသုံးျပဳမယ္ဆိုရင္ အျပစ္ေပးခံရဖြယ္ရွီတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

႐ုရွားေထာက္လွမ္းေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ FSB က အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ျဖစ္တဲ့ CIA ဟာ သံတမန္မ်ားနဲ႔ အျခားသူမ်ားရဲ႕အခ်က္အလက္ေတြကို ရယူႏိုင္ဖို႔ Apple devices ကို အသုံးခ်ေနေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။

အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ၿပီးေနာက္ Apple ကုမၸဏီဟာ ႐ုရွားႏိုင္ငံက လုပ္ငန္းေတြ ျပန္႐ုတ္သိမ္းခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ Apple ကုမၸဏီ ထုတ္ပစၥည္းေတြကို ျပန္လည္တင္ပို႔ဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

Apple ကုမၸဏီက ထုတ္လုပ္တဲ့ပစၥည္းေတြဟာ ႐ုရွားႏိုင္ငံရွိ mobile brand ေတြထဲမွာ လူႀကိဳက္အမ်ားဆုံး ပစၥည္းျဖစ္ေနၿပီး ဒီႏွစ္ပထမ ႏွစ္ဝက္အတြင္း ႐ုရွားႏိုင္ငံမွာ iPhone ေရာင္းခ်ရမႈပမာဏဟာ အေမရိကန္ေဒၚလာ ၁ ဘီလ်ံ ေက်ာ္သြားခဲ့ေၾကာင္း သိရပါတယ္။

Apple ကုမၸဏီက ထုတ္လုပ္တဲ့ပစၥည္းေတြဟာ ႐ုရွားႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံထုတ္ Xiaomi ၊ ေတာင္ကိုရီးယားႏိုင္ငံထုတ္ ဆမ္းေဆာင္းထက္ ပိုမိုလူႀကိဳက္မ်ားေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.