၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ‌ရွှေကြိုမောင်မယ်များခေါ်ယူနေ

 1045

ယွန်း (NP News) - နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များခေါ်ယူနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

နေပြည်တော်တွင် ကျင်းပမည့် (၂၀၂၃)ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီဆုဗန်းကိုင်ဆောင်ရန် ရွှေကြိုမောင်မယ်များ ခေါ်ယူနေကြောင်း သိရသည်။

ရွှေကြိုမောင်မယ် လျှောက်ထားသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူနှင့် အသက်(၂၅)နှစ် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးထားသည်။

လျှောက်လွှာများကို ဒီဇင်ဘာလ(၁)ရက်မှစ၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းတွင် စတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာလ(၁၅)ရက်တွင် နောက်ဆုံးထား လျှောက်ထားရန် ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ရွေးချယ်ခံရသည့် ရွှေကြိုမောင်မယ်များအတွက် အနုပညာလုပ်ငန်း အစီအစဥ်များလည်း သီးခြားရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထည့်သွင်းကြေညာထားသည်။

zawgyi version
၂၀၂၃ ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအတြက္ ‌ေ႐ႊႀကိဳေမာင္မယ္မ်ားေခၚယူေန

ယြန္း (NP News) - ႏိုဝင္ဘာ ၃၀

၂၀၂၃ ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအတြက္ ေ႐ႊႀကိဳေမာင္မယ္မ်ားေခၚယူေနေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ထုတ္ျပန္ေၾကညာထားသည္။

ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ယေန႔(ႏိုဝင္ဘာလ ၃၀ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

ေနျပည္ေတာ္တြင္ က်င္းပမည့္ (၂၀၂၃)ခုႏွစ္အတြက္ ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားတြင္ အကယ္ဒမီဆုဗန္းကိုင္ေဆာင္ရန္ ေ႐ႊႀကိဳေမာင္မယ္မ်ား ေခၚယူေနေၾကာင္း သိရသည္။

ေ႐ႊႀကိဳေမာင္မယ္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ လာမည့္ ဒီဇင္ဘာလ(၃၁)ရက္တြင္ အသက္(၁၆)ႏွစ္ျပည့္ၿပီးသူႏွင့္ အသက္(၂၅)ႏွစ္ မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက အသိေပးထားသည္။

ေလွ်ာက္လႊာမ်ားကို ဒီဇင္ဘာလ(၁)ရက္မွစ၍ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး၊ အမွတ္(၁၆)၊ ဝကၤဘာလမ္းတြင္ စတင္ထုတ္ယူႏိုင္ၿပီး ဒီဇင္ဘာလ(၁၅)ရက္တြင္ ေနာက္ဆုံးထား ေလွ်ာက္ထားရန္ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ျပင္ ေ႐ြးခ်ယ္ခံရသည့္ ေ႐ႊႀကိဳေမာင္မယ္မ်ားအတြက္ အႏုပညာလုပ္ငန္း အစီအစဥ္မ်ားလည္း သီးျခားရွိေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ထည့္သြင္းေၾကညာထားသည္။

Related news

© 2021. All rights reserved.