စင်ကာပူမှာ အဆိပ်ဖြစ်စေနိုင်တဲ့ အသားအရေထိန်းခရမ်တွေ Shopee မှာ ရောင်းချမှုနဲ့ အမျိုးသမီးတစ်ဦး တရားစွဲခံရ

 594

ရောင်နီ (NP News) - ဒီဇင်ဘာ ၁

စင်ကာပူနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ Shopee စျေးရောင်းဝယ်ရေး app တစ်ခုမှာ စတီးရွိုက် အဆိပ်တွေ ပါဝင်တဲ့ အသားအရေခရင်မ်ကို ရောင်းချမှုနဲ့ တရားစွဲခံထားရပါတယ်။

Star Cream (သို့မဟုတ်) "xing xing Gao" အမည်ရှိ အဆိုပါခရင်မ်ကြောင့် ယမန်နှစ်ဇွန်လက အသားအရေပြဿနာဖြစ်ပွားလာသူရှိတာကြောင့် ကျန်းမာရေးသိပ္ပံအာဏာပိုင် (HSA) မှ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

စတီးရွိုက်တွေကို ကြာရှည်စွာအသုံးပြုခြင်းဟာ ပြင်းထန်ဆေးဘက်ဆိုင်ရာအခြေအနေ Cushing's syndrome တွေ ဖြစ်လာနိုင်ပြီး အသားအရေကို sensitive ဖြစ်စေပါတယ်။ ဒီအတွက် ကုန်ပစ္စည်းထုတ်သူဖြစ်တဲ့ အသက် ၃ဝ နှစ်အရွယ် မလေးရှားအမျိုးသမီး ချင်ဆော့ခ်ရီဟာ အဆိပ်ရောင်းချမှု အက်ဥပဒေအရ လိုင်စင်မရှိဘဲ အဆိပ်ရောင်းချမှု စွဲချက် 11 ခု နဲ့ ရင်ဆိုင်နေရပါတယ်။

သူမဟာ Starcream_homemade ခရမ်ကို Shopee မှာ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစ ရောင်းချခဲ့တာပါ။ သူမရဲ့ခရမ်ပုလင်းတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာ မှိုပိုးကူးစက်မှုများ ဖြစ်စေတဲ့ ketocanozole၊ clobetasol propionate စတဲ့ အစွမ်းထက် စတီးရွိုက်များ ပါဝင်တာကို တွေ့ရတယ်လို့ သိရပါတယ်။

သူမဟာ လိုင်စင်မရှိဘဲ အဆိပ်ရောင်းချမှုဖြင့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂ နှစ် (သို့) ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ဝဝဝဝ (သို့) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ အဆိပ္ျဖစ္ေစႏိုင္တဲ့ အသားအေရထိန္းခရမ္ေတြ Shopee မွာ ေရာင္းခ်မႈနဲ႔ အမ်ိဳးသမီးတစ္ဦး တရားစြဲခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁

စင္ကာပူႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးဟာ Shopee ေစ်းေရာင္းဝယ္ေရး app တစ္ခုမွာ စတီး႐ြိဳက္ အဆိပ္ေတြ ပါဝင္တဲ့ အသားအေရခရင္မ္ကို ေရာင္းခ်မႈနဲ႔ တရားစြဲခံထားရပါတယ္။

Star Cream (သို႔မဟုတ္) "xing xing Gao" အမည္ရွိ အဆိုပါခရင္မ္ေၾကာင့္ ယမန္ႏွစ္ဇြန္လက အသားအေရျပႆနာျဖစ္ပြားလာသူရွိတာေၾကာင့္ က်န္းမာေရးသိပၸံအာဏာပိုင္ (HSA) မွ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

စတီး႐ြိဳက္ေတြကို ၾကာရွည္စြာအသုံးျပဳျခင္းဟာ ျပင္းထန္ေဆးဘက္ဆိုင္ရာအေျခအေန Cushing's syndrome ေတြ ျဖစ္လာႏိုင္ၿပီး အသားအေရကို sensitive ျဖစ္ေစပါတယ္။ ဒီအတြက္ ကုန္ပစၥည္းထုတ္သူျဖစ္တဲ့ အသက္ ၃ဝ ႏွစ္အ႐ြယ္ မေလးရွားအမ်ိဳးသမီး ခ်င္ေဆာ့ခ္ရီဟာ အဆိပ္ေရာင္းခ်မႈ အက္ဥပေဒအရ လိုင္စင္မရွိဘဲ အဆိပ္ေရာင္းခ်မႈ စြဲခ်က္ 11 ခု နဲ႔ ရင္ဆိုင္ေနရပါတယ္။

သူမဟာ Starcream_homemade ခရမ္ကို Shopee မွာ ၂ဝ၂၂ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ကစ ေရာင္းခ်ခဲ့တာပါ။ သူမရဲ႕ခရမ္ပုလင္းေတြကို ခြဲျခမ္းစိတ္ျဖာေလ့လာရာမွာ မႈိပိုးကူးစက္မႈမ်ား ျဖစ္ေစတဲ့ ketocanozole၊ clobetasol propionate စတဲ့ အစြမ္းထက္ စတီး႐ြိဳက္မ်ား ပါဝင္တာကို ေတြ႕ရတယ္လို႔ သိရပါတယ္။

သူမဟာ လိုင္စင္မရွိဘဲ အဆိပ္ေရာင္းခ်မႈျဖင့္ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ ၂ ႏွစ္ (သို႔) ဒဏ္ေငြ စင္ကာပူေဒၚလာ ၁ဝဝဝဝ (သို႔) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ခံရႏိုင္ပါတယ္။

Related news

© 2021. All rights reserved.