ကော့ကရိတ်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဌာနဆိုင်ရာရုံးများနှင့်နေအိမ်အချို့မီးလောင်၊ အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းခွင့်ယာယီပိတ်ထား

 2606

ကျော် (NP News) - ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တပ်မတော် နှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေသဖြင့် ဌာနဆိုင်ရာရုံးများနှင့်နေအိမ်အချို့မီးလောင်ကာ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးကိုလည်း ဖြတ်သန်းခွင့်ယာယီပိတ်ထားကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ကော့ကရိတ်မြို့ရှိ တပ်မတော်စခန်းများနှင့်မြို့တွင်းနေရာအချို့အား KNU၊ PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်)၊ ညပိုင်းမှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"မနေ့ည ၇ နာရီလောက်ကစပြီး လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့စပစ်တဲ့အသံကိုကြားရတယ်။ တပ်ဖက်ကလည်းပြန်ပစ်တယ်။ ညတုန်းက အပြန်အလှန်လက်နက်ကြီးနဲ့ပစ်တာလောက်ပဲရှိခဲ့တယ်။ ညနက်ပိုင်းလောက်ရောက်တော့ လက်နက်ကြီးပစ်သံတွေမကြားရတော့ဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။

ယမန်နေ့ ညနက်ပိုင်းက လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာလ ၁ ရက်)၊ နံနက်အစောပိုင်း ၄ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်မှုများ နှင့်အတူ အပြန်အလှန်ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့တွင်းရှိ ဌာနဆိုင်ရာရုံးအချို့နှင့်နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်မှုနှင့်မီးလောင်မှုတို့ဖြစ်ပွားကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ဒီနေ့မနက်အစောပိုင်းရောက်တော့ လက်နက်ကြီးပစ်သံတွေရော၊ သေနတ်ပစ်သံတွေရောကြားရတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ ပစ်ခတ်တာတွေရှိတယ် လက်လှမ်းမီသလောက်စုံစမ်းကြည့်တော့ တပ်မတော်စခန်းတွေနားမှာ တိုက်ပွဲဖြစ်တာပိုများတယ်လို့သိရတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ရှိ တံတားဦး၊ ခင်နိမ်းမူ၊ ဝင်းကြီး၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်၊အောက်ရွာ နှင့် မွေးမြူရေးဇုန်အနီးတို့တွင် အပြန်အလှန်ပစ်ခတ်မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး အချို့နေရာများတွင်လည်း ပစ်ခတ်မှုအနည်းငယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုတွင် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်သို့လည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ နှင့် အိမ်စီးကားများသည် ရောက်ရှိသည့်နေရာ၌ရပ်တန့်ထားရပြီး တာဝန်ရှိသူများမှလည်း အာရှလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားခဲ့ကြကြောင်း သိရသည်။

"ကားတွေအကုန်လုံးကို လမ်းဘေးမှာထိုးရပ်ထားပြီး လူတွေက လမ်းဘေးမြောင်းတွေထဲမှာ ဝင်ပုန်းနေရတယ်။ လက်နက်ကြီးပစ်သံရော၊ ပေါက်ကွဲသံရော၊ သေနတ်ပစ်သံတွေရော ဆက်တိုက်ကြားနေရတာ ကလေးတွေဆိုရင် ကြောက်လို့ငိုနေတာ မနည်းချော့မော့နေရတယ်"ဟု အာရှလမ်းမကြီးပေါ်၌ပိတ်မိနေသည့် အဝေးပြေးခရီးသည်တင်ကားမောင်းသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ တပ်မတော်စခန်းအချို့အား KNU ၊ PDF ပူးပေါင်းအဖွဲ့မှ သိမ်းပိုက်ခဲ့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရခြင်း၊ ဒေသခံများ သေဆုံးခြင်း၊ဒဏ်ရာရခြင်းများရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကော့ကရိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအား KNU က မြို့တွင်းမှတစ်ပတ်အတွင်းထွက်ခွာရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်က ခြိမ်းခြောက်စာထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် တပ်မတော်စခန်းများ နှင့် ကော့ကရိတ်မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်လျက်ရှိခြင်းဖြစ်သည်။

zawgyi version
ေကာ့ကရိတ္ၿမိဳ႕တြင္ တိုက္ပြဲျပင္းထန္ေနၿပီး ဌာနဆိုင္ရာ႐ုံးမ်ားႏွင့္ေနအိမ္အခ်ိဳ႕မီးေလာင္၊ အာရွလမ္းမႀကီးကိုလည္း ျဖတ္သန္းခြင့္ယာယီပိတ္ထား
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္ တပ္မေတာ္ ႏွင့္ KNU ၊ PDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲျပင္းထန္ေနသျဖင့္ ဌာနဆိုင္ရာ႐ုံးမ်ားႏွင့္ေနအိမ္အခ်ိဳ႕မီးေလာင္ကာ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးကိုလည္း ျဖတ္သန္းခြင့္ယာယီပိတ္ထားေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

ေကာ့ကရိတ္ၿမိဳ႕ရွိ တပ္မေတာ္စခန္းမ်ားႏွင့္ၿမိဳ႕တြင္းေနရာအခ်ိဳ႕အား KNU၊ PDF ပူးေပါင္းအဖြဲ႕က ယမန္ေန႔ (ႏိုဝင္ဘာလ ၃၀ ရက္)၊ ညပိုင္းမွစတင္ကာ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

"မေန႔ည ၇ နာရီေလာက္ကစၿပီး လက္နက္ကိုင္အဖြဲ႕က လက္နက္ႀကီးေတြနဲ႔စပစ္တဲ့အသံကိုၾကားရတယ္။ တပ္ဖက္ကလည္းျပန္ပစ္တယ္။ ညတုန္းက အျပန္အလွန္လက္နက္ႀကီးနဲ႔ပစ္တာေလာက္ပဲရွိခဲ့တယ္။ ညနက္ပိုင္းေလာက္ေရာက္ေတာ့ လက္နက္ႀကီးပစ္သံေတြမၾကားရေတာ့ဘူး"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။

ယမန္ေန႔ ညနက္ပိုင္းက လက္နက္ႀကီးအျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ ယေန႔ (ဒီဇင္ဘာလ ၁ ရက္)၊ နံနက္အေစာပိုင္း ၄ နာရီခန္႔တြင္ လက္နက္ႀကီးပစ္ခတ္မႈမ်ား ႏွင့္အတူ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။

လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕တြင္းရွိ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕ႏွင့္ေနအိမ္အခ်ိဳ႕ လက္နက္ႀကီးက်ည္ထိမွန္မႈႏွင့္မီးေလာင္မႈတို႔ျဖစ္ပြားကာ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

"ဒီေန႔မနက္အေစာပိုင္းေရာက္ေတာ့ လက္နက္ႀကီးပစ္သံေတြေရာ၊ ေသနတ္ပစ္သံေတြေရာၾကားရတယ္။ အခုခ်ိန္ထိ တိုက္ပြဲျဖစ္ေနတုန္းပဲ။ ပစ္ခတ္တာေတြရွိတယ္ လက္လွမ္းမီသေလာက္စုံစမ္းၾကည့္ေတာ့ တပ္မေတာ္စခန္းေတြနားမွာ တိုက္ပြဲျဖစ္တာပိုမ်ားတယ္လို႔သိရတယ္"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက ေျပာသည္။

ေကာ့ကရိတ္ၿမိဳ႕ရွိ တံတားဦး၊ ခင္နိမ္းမူ၊ ဝင္းႀကီး၊ သေျပကုန္း၊ ၿမိဳ႕ေတာ္ဦး၊ ေခ်ာင္းေတာင္၊ေအာက္႐ြာ ႏွင့္ ေမြးျမဴေရးဇုန္အနီးတို႔တြင္ အျပန္အလွန္ပစ္ခတ္မႈအမ်ားဆုံးျဖစ္ေပၚလ်က္ရွိၿပီး အခ်ိဳ႕ေနရာမ်ားတြင္လည္း ပစ္ခတ္မႈအနည္းငယ္ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

တိုက္ပြဲျဖစ္ပြားမႈတြင္ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးေပၚသို႔လည္း လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈမ်ားျဖစ္ေပၚလ်က္ရွိသျဖင့္ ျဖတ္သန္းသြားလာေနသည့္ ကုန္တင္ကားမ်ား၊ ခရီးသည္တင္ကားမ်ား ႏွင့္ အိမ္စီးကားမ်ားသည္ ေရာက္ရွိသည့္ေနရာ၌ရပ္တန္႔ထားရၿပီး တာဝန္ရွိသူမ်ားမွလည္း အာရွလမ္းမႀကီးေပၚ၌ ျဖတ္သန္းသြားလာခြင့္ကို ယာယီပိတ္ထားခဲ့ၾကေၾကာင္း သိရသည္။

"ကားေတြအကုန္လုံးကို လမ္းေဘးမွာထိုးရပ္ထားၿပီး လူေတြက လမ္းေဘးေျမာင္းေတြထဲမွာ ဝင္ပုန္းေနရတယ္။ လက္နက္ႀကီးပစ္သံေရာ၊ ေပါက္ကြဲသံေရာ၊ ေသနတ္ပစ္သံေတြေရာ ဆက္တိုက္ၾကားေနရတာ ကေလးေတြဆိုရင္ ေၾကာက္လို႔ငိုေနတာ မနည္းေခ်ာ့ေမာ့ေနရတယ္"ဟု အာရွလမ္းမႀကီးေပၚ၌ပိတ္မိေနသည့္ အေဝးေျပးခရီးသည္တင္ကားေမာင္းသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိအခ်ိန္၌ တိုက္ပြဲျဖစ္ပြားမႈႏွင့္အတူ တပ္မေတာ္စခန္းအခ်ိဳ႕အား KNU ၊ PDF ပူးေပါင္းအဖြဲ႕မွ သိမ္းပိုက္ခဲ့ျခင္း၊ လုံၿခဳံေရးအဖြဲ႕ဝင္အခ်ိဳ႕ ဖမ္းဆီးခံရျခင္း၊ ေဒသခံမ်ား ေသဆုံးျခင္း၊ဒဏ္ရာရျခင္းမ်ားရွိေနသည္ဟု သတင္းမ်ားထြက္ေပၚလ်က္ရွိေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

ေကာ့ကရိတ္ၿမိဳ႕တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား KNU က ၿမိဳ႕တြင္းမွတစ္ပတ္အတြင္းထြက္ခြာရန္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၇ ရက္က ၿခိမ္းေျခာက္စာထုတ္ျပန္ခဲ့ၿပီးေနာက္ ယေန႔တြင္ တပ္မေတာ္စခန္းမ်ား ႏွင့္ ေကာ့ကရိတ္ၿမိဳ႕တြင္းသို႔ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.