သူနာပြု၊ သားဖွားများ၏ လုပ်ငန်းအရည်အသွေးနှင့်ပတ်သက်ပြီး မြှင့်တင်ထိန်းချုပ်နိုင်မည့် C.P.D စနစ်စတင်ဆောင်ရွက်မည်

 457

ယွန်း (NP News) - ဒီဇင်ဘာ ၁

သူနာပြု၊ သားဖွားများ၏ လုပ်ငန်းအရည်အသွေးနှင့်ပတ်သက်ပြီး မြှင့်တင်ထိန်းချုပ်နိုင်မည့် C.P.D(Continuing Professional Development) စနစ်ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို စတင်ဆောင်ရွက်ရန် အသိပေးတင်ပြခြင်း အခမ်းအနားကို နိုဝင်ဘာလ (၃၀)ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေအရ အသုံးပြုရမည့် CPD (Continuing Professional Development)စနစ်သည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကိုပြည့်မီပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား အထောက်အကူပြုနိုင်မည့် စနစ်ဖြစ် ကြောင်း သိရသည်။

အဆိုပါစနစ်သည် သူနာပြု၊ သားဖွားများ၏ လုပ်ငန်းအရည်အသွေးဆိုင်ရာ မြှင့်တင်ထိန်းချုပ်နိုင်သောစနစ်ဖြစ်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရည်အသွေးပြည့်ဝသော သူနာပြုစုစောင့်ရှောက်မှုကို ရရှိစေနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီသည် ၂၀၁၉ ခုနှစ်မှစတင်၍ C.P.D (Continuing Professional Development) စနစ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် Draft Guidelines on CPD system for Nurses and Midwives in Myanmar ကို အပြီးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

zawgyi version
သူနာျပဳ၊ သားဖြားမ်ား၏ လုပ္ငန္းအရည္အေသြးႏွင့္ပတ္သက္ၿပီး ျမႇင့္တင္ထိန္းခ်ဳပ္ႏိုင္မည့္ C.P.D စနစ္စတင္ေဆာင္႐ြက္မည္
ယြန္း (NP News) - ဒီဇင္ဘာ ၁

သူနာျပဳ၊ သားဖြားမ်ား၏ လုပ္ငန္းအရည္အေသြးႏွင့္ပတ္သက္ၿပီး ျမႇင့္တင္ထိန္းခ်ဳပ္ႏိုင္မည့္ C.P.D(Continuing Professional Development) စနစ္ကို စတင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစနစ္ကို စတင္ေဆာင္႐ြက္ရန္ အသိေပးတင္ျပျခင္း အခမ္းအနားကို ႏိုဝင္ဘာလ (၃၀)ရက္တြင္ က်န္းမာေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ သူနာျပဳႏွင့္သားဖြားေကာင္စီဥပေဒအရ အသုံးျပဳရမည့္ CPD (Continuing Professional Development)စနစ္သည္ က်န္းမာေရးဝန္ႀကီးဌာန၏ ရည္မွန္းခ်က္ကိုျပည့္မီၿပီး က်န္းမာေရးေစာင့္ေရွာက္မႈစနစ္အား အေထာက္အကူျပဳႏိုင္မည့္ စနစ္ျဖစ္ ေၾကာင္း သိရသည္။

အဆိုပါစနစ္သည္ သူနာျပဳ၊ သားဖြားမ်ား၏ လုပ္ငန္းအရည္အေသြးဆိုင္ရာ ျမႇင့္တင္ထိန္းခ်ဳပ္ႏိုင္ေသာစနစ္ျဖစ္ၿပီး ျပည္သူလူထုကို က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ အရည္အေသြးျပည့္ဝေသာ သူနာျပဳစုေစာင့္ေရွာက္မႈကို ရရွိေစႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသူနာျပဳႏွင့္သားဖြားေကာင္စီသည္ ၂၀၁၉ ခုႏွစ္မွစတင္၍ C.P.D (Continuing Professional Development) စနစ္ ျဖစ္ေပၚလာေစရန္ ေဆာင္႐ြက္ခဲ့ရာ ၂၀၂၃ ခုႏွစ္တြင္ Draft Guidelines on CPD system for Nurses and Midwives in Myanmar ကို အၿပီးေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.