ရေကြောင်းပညာတက္ကသိုလ်ရှိ ဌာန(၅)ခုတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူ

 509

စော (NP News) - ဒီဇင်ဘာ ၁

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှိ မြန်မာစာ၊ အင်ဂျင်နီယာသင်္ချာ၊ ကွန်ပျူတာ၊ သိပ္ပံနှင့် စာကြည့်တိုက်ဌာနတို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က ယနေ့(ဒီဇင်ဘာလ ၁ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်ရှိ မြန်မာစာ၊ အင်ဂျင်နီယာသင်္ချာ၊ ကွန်ပျူတာနှင့် သိပ္ပံတို့တွင် နည်းပြ/သရုပ်ပြ နေရာများ ခန့်အပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာမဟာဘွဲ့တက်ရောက်ရန် အရည်အချင်းပြည့်မီသူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စာကြည်တိုက်ဌာနအတွက် စာကြည့်တိုက် လက်ထောက်-၂ နေရာများ ခန့်အပ်သွားမည်ဖြစ်ပြီး စာကြည့်တိုက် နှင့် သုတပညာဘွဲ့ရရှိသူ သို့မဟုတ် ဘွဲ့တစ်ခုခုရရှိ၍ စာကြည့်တိုက်ဒီပလိုမာရရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပုံစံအား မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Website ဖြစ်သည့် www. mmu.edu.mm တွင် ရယူနိုင်ကြောင်း သိရသည်။

အဆိုပါလျှောက်လွှာများကို ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်ထံသို့ လာမည့် (ဒီဇင်ဘာလ ၁၅ ရက်) နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲရေးဖြေ ဖြေဆိုခွင့်ရရှိသူစာရင်းများကို ဒီဇင်ဘာလ ၁၉ ရက်တွင် ကြေညာသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတဘာသာရပ်များကို ဒီဇင်ဘာလ ၂၂ ရက်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာ ၂၀ရက်‌၌ ဝန်ထမ်းရေးရာဌာနသို့ ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေရေၾကာင္းပညာတကၠသိုလ္ရွိ ဌာန(၅)ခုတြင္ တာဝန္ထမ္းေဆာင္ရန္ ဝန္ထမ္းမ်ားေခၚယူ

ေစာ (NP News) - ဒီဇင္ဘာ ၁

ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ရွိ ျမန္မာစာ၊ အင္ဂ်င္နီယာသခ်ၤာ၊ ကြန္ပ်ဴတာ၊ သိပၸံႏွင့္ စာၾကည့္တိုက္ဌာနတို႔တြင္ တာဝန္ထမ္းေဆာင္ရန္ ဝန္ထမ္းမ်ားေခၚယူေနေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္က ယေန႔(ဒီဇင္ဘာလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါတကၠသိုလ္ရွိ ျမန္မာစာ၊ အင္ဂ်င္နီယာသခ်ၤာ၊ ကြန္ပ်ဴတာႏွင့္ သိပၸံတို႔တြင္ နည္းျပ/သ႐ုပ္ျပ ေနရာမ်ား ခန႔္အပ္သြားမည္ျဖစ္ၿပီး သက္ဆိုင္ရာမဟာဘြဲ႕တက္ေရာက္ရန္ အရည္အခ်င္းျပည့္မီသူျဖစ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အလားတူ စာၾကည္တိုက္ဌာနအတြက္ စာၾကည့္တိုက္ လက္ေထာက္-၂ ေနရာမ်ား ခန႔္အပ္သြားမည္ျဖစ္ၿပီး စာၾကည့္တိုက္ ႏွင့္ သုတပညာဘြဲ႕ရရွိသူ သို႔မဟုတ္ ဘြဲ႕တစ္ခုခုရရွိ၍ စာၾကည့္တိုက္ဒီပလိုမာရရွိသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာပုံစံအား ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္၏ Website ျဖစ္သည့္ www. mmu.edu.mm တြင္ ရယူႏိုင္ေၾကာင္း သိရသည္။

အဆိုပါေလွ်ာက္လႊာမ်ားကို ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕၊ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္၊ ပါေမာကၡခ်ဳပ္ထံသို႔ လာမည့္ (ဒီဇင္ဘာလ ၁၅ ရက္) ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

စာေမးပြဲေရးေျဖ ေျဖဆိုခြင့္ရရွိသူစာရင္းမ်ားကို ဒီဇင္ဘာလ ၁၉ ရက္တြင္ ေၾကညာသြားမည္ျဖစ္ၿပီး အဂၤလိပ္စာ ႏွင့္ အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ဒီဇင္ဘာလ ၂၂ ရက္တြင္ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားကို ဒီဇင္ဘာ ၂၀ရက္‌၌ ဝန္ထမ္းေရးရာဌာနသို႔ ႐ုံးခ်ိန္အတြင္း လာေရာက္ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.