ပြည်တွင်း၌ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သော စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် (၃၄၀)အထိ ရုတ်တရက်မြင့်တက်

 3549

မြူနစ် (NP News) - ဒီဇင်ဘာ ၁

ပြည်တွင်း၌ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သော စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ် (၃၄၀)အထိ ရုတ်တရက်မြင့်တက်လာခဲ့သည်။

ယနေ့(ဒီဇင်ဘာလ ၁ ရက်)တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရန်ကုန်တိုင်းအတွင်းရှိ ဆီဆိုင်များအနေဖြင့် 92 တစ်လီတာလျှင် (၂၅၁၀)ကျပ်၊ 95 တစ်လီတာလျှင် (၂၆၄၀)ကျပ်နှုန်းဖြင့် ရောင်းချရန် ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားသည်။

ယမန်နေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် ရန်ကုန်တိုင်းအတွင်း၌ စက်သုံးဆီဈေးနှုန်းသည် 92 တစ်လီတာလျှင် (၂၁၇၀)ကျပ် နှင့် 95 တစ်လီတာလျှင် (၂၃၀၀)ကျပ်နှုန်းသာရှိခဲ့ပြီး ယနေ့တွင် ရုတ်တရက် ငွေကျပ် (၃၄၀)အထိ ထိုးတက်လာခဲ့ခြင်းဖြစ်သည်။

“စက်သုံးဆီဈေးက ၃၄၀ အထိ တက်လာတာဆိုတော့ တော်တော်လေးကို ပြင်းတာပေါ့။ တစ်ခါမှ အဲဒီလိုကြီး ထိုးမတက်ဖူးဘူး။ အဲဒီလို တက်ရင်တော့ ကုန်ဈေးနှုန်းတွေ၊ ဘာတွေက အကုန်လုံးလိုက်တက်မှာပေါ့။ နဂိုကမှ တက်ချင်နေကြတာလေ။ မတက်နဲ့လို့ ပြောတာတောင်မှ တအားတက်နေကြတာလေ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်တစ်လီတာလျှင် (၂၂၁၀)ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် (၂၃၀၅)ကျပ်ဖြင့် သတ်မှတ်ရောင်းချပေးလျက်ရှိပြီး ယမန်နေ့ထက် အနည်းငယ်သာ မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

လက်ရှိတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးသန့်စင်က တာဝန်ယူထားပြီး ၎င်းကော်မတီကို ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်းရန်နှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ရန်ဝန်ကြီးဌာန နှင့် ပုဂ္ဂလိက ကဏ္ဍမှ သက်ဆိုင်ရာ Stake Holder များကို ထည့်သွင်းကာ အထက်ပါကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“ဆီဈေးတက်လာရင် ဘယ်လိုလုပ်အဆင်ပြေမလဲ။ customer အပေါ်ကို ပိုက်ဆံတိုးကောက်ဖို့ကလည်း မလွယ်ဘူးလေ။ အခုခေတ်က ဘယ်သူမှ အဆင်ပြေနေတာ မဟုတ်ဘူး။ အားလုံးအခက်အခဲတွေနဲ့ချည်ပဲ။ ဆီဈေးထပ်တက်လာရင် အကုန်လုံးက လိုက်တက်ရမှာပဲပေါ့” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိ နစကအစိုးရလက်ထက်တွင် ဆန်ဈေးနှုန်းအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ပုံမှန်ထက် မြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများအတွက် အကြပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။

zawgyi version
ျပည္တြင္း၌ ဝယ္ယူသုံးစြဲမႈအမ်ားဆုံးျဖစ္ေသာ စက္သုံးဆီ 92 တစ္လီတာလွ်င္ ေငြက်ပ္ (၃၄၀)အထိ ႐ုတ္တရက္ျမင့္တက္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁

ျပည္တြင္း၌ ဝယ္ယူသုံးစြဲမႈအမ်ားဆုံးျဖစ္ေသာ စက္သုံးဆီ 92 တစ္လီတာလွ်င္ ေငြက်ပ္ (၃၄၀)အထိ ႐ုတ္တရက္ျမင့္တက္လာခဲ့သည္။

ယေန႔(ဒီဇင္ဘာလ ၁ ရက္)တြင္ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက ရန္ကုန္တိုင္းအတြင္းရွိ ဆီဆိုင္မ်ားအေနျဖင့္ 92 တစ္လီတာလွ်င္ (၂၅၁၀)က်ပ္၊ 95 တစ္လီတာလွ်င္ (၂၆၄၀)က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ရန္ ရည္ၫႊန္းေဈးႏႈန္းသတ္မွတ္ထားသည္။

ယမန္ေန႔(ႏိုဝင္ဘာလ ၃၀ ရက္)တြင္ ရန္ကုန္တိုင္းအတြင္း၌ စက္သုံးဆီေဈးႏႈန္းသည္ 92 တစ္လီတာလွ်င္ (၂၁၇၀)က်ပ္ ႏွင့္ 95 တစ္လီတာလွ်င္ (၂၃၀၀)က်ပ္ႏႈန္းသာရွိခဲ့ၿပီး ယေန႔တြင္ ႐ုတ္တရက္ ေငြက်ပ္ (၃၄၀)အထိ ထိုးတက္လာခဲ့ျခင္းျဖစ္သည္။

“စက္သုံးဆီေဈးက ၃၄၀ အထိ တက္လာတာဆိုေတာ့ ေတာ္ေတာ္ေလးကို ျပင္းတာေပါ့။ တစ္ခါမွ အဲဒီလိုႀကီး ထိုးမတက္ဖူးဘူး။ အဲဒီလို တက္ရင္ေတာ့ ကုန္ေဈးႏႈန္းေတြ၊ ဘာေတြက အကုန္လုံးလိုက္တက္မွာေပါ့။ နဂိုကမွ တက္ခ်င္ေနၾကတာေလ။ မတက္နဲ႔လို႔ ေျပာတာေတာင္မွ တအားတက္ေနၾကတာေလ”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ယေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ား၌ ဒီဇယ္တစ္လီတာလွ်င္ (၂၂၁၀)က်ပ္ႏွင့္ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၂၃၀၅)က်ပ္ျဖင့္ သတ္မွတ္ေရာင္းခ်ေပးလ်က္ရွိၿပီး ယမန္ေန႔ထက္ အနည္းငယ္သာ ျမင့္တက္ခဲ့ေၾကာင္း ေတြ႕ရသည္။

လက္ရွိတြင္ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ၌ ဥကၠ႒အျဖစ္ စြမ္းအင္ဝန္ႀကီးဌာနမွ ဒုဝန္ႀကီးဦးသန႔္စင္က တာဝန္ယူထားၿပီး ၎ေကာ္မတီကို ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၁၃ ရက္တြင္ ျပင္ဆင္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္။

ျပည္ပမွ တင္သြင္းသုံးစြဲေနရသည့္ စက္သုံးဆီ တင္သြင္း၊ သိုေလွာင္၊ ျဖန႔္ျဖဴးျခင္းက႑ကို ပိုမိုထိေရာက္စြာ ထိန္းေက်ာင္းရန္ႏွင့္ ျပည္သူမ်ား ေဈးႏႈန္းတည္ၿငိမ္စြာျဖင့္ ဝယ္ယူသုံးစြဲႏိုင္ေရး ႀကီးၾကပ္ကြပ္ကဲမႈမ်ားျပဳလုပ္ရန္ဝန္ႀကီးဌာန ႏွင့္ ပုဂၢလိက က႑မွ သက္ဆိုင္ရာ Stake Holder မ်ားကို ထည့္သြင္းကာ အထက္ပါေကာ္မတီအား ျပင္ဆင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

“ဆီေဈးတက္လာရင္ ဘယ္လိုလုပ္အဆင္ေျပမလဲ။ customer အေပၚကို ပိုက္ဆံတိုးေကာက္ဖို႔ကလည္း မလြယ္ဘူးေလ။ အခုေခတ္က ဘယ္သူမွ အဆင္ေျပေနတာ မဟုတ္ဘူး။ အားလုံးအခက္အခဲေတြနဲ႔ခ်ည္ပဲ။ ဆီေဈးထပ္တက္လာရင္ အကုန္လုံးက လိုက္တက္ရမွာပဲေပါ့” ဟု တကၠစီယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

လက္ရွိ နစကအစိုးရလက္ထက္တြင္ ဆန္ေဈးႏႈန္းအပါအဝင္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားသည္ ပုံမွန္ထက္ ျမင့္တက္လ်က္ရွိၿပီး အေျခခံျပည္သူမ်ားအတြက္ အၾကပ္အတည္းမ်ား ျဖစ္ေပၚလ်က္ရွိသည္။

Related news

© 2021. All rights reserved.